By Kumudra, Shweproperty.com
Updated at 19 December 2018
စင်ကာပူကုမ္ဗဏီနဲ့ ပူးပေါင်းပြီး သာကေတမြို့နယ်မှာ တည် ဆောက်မယ် Emerald Bay အဆင့်မြင့် စီမံကိန်းကို ၂၀၁၉ ခုနှစ်အတွင်းမှာ ဆောက် လုပ်သွားဖို့ ရှိပါတယ်။
အိမ်ရာစီမံကိန်းမှာဆိုရင် မြေဧက ၇၀ ခန့်မှာ တည်ဆောက်မှာဖြစ်ပြီးတော့ နှစ် ၆၀ ဂရန်မြေအမျိုးအစားဖြစ်တယ်လို့ သိရ ပါတယ်။ စီမ ံကိန်းပထမအဆင့်အနေနဲ့ ၃၂ ထပ်အမြင့်ရှိ အခန်းပေါင်း ၁ဝဝဝ နီးပါးပါ ဝင်တဲ့ အဆောက်အဦး ၅ လုံးကို ပထမ ဆုံးတည်ဆောက်မှာ ဖြစ်ပြီးတော့ ကျန်အပိုင်းတွေကို ငါးနှစ်အတွင်းအပြီးတည်ဆောက်ဖို့ ရည်မှန်းထားကြောင်း သိရပါတယ်။ စီမံကိန်းတစ်ခုလုံးမှာဆိုရင် ၃၂ ထပ်အမြင့်ရှိတဲ့ ကွန်ဒိုစုစုပေါင်း အလုံး ၄၀ ကျော်ပါဝင်ပြီး အခန်းအကျယ်တွေမှာ ၄၃၀ စတုရန်းပေက ၁၃၁၇ စတုရန်းပေ ကျယ်ဝန်းပါတယ်။
စီမံကိန်းမှာ နိုင်ငံတကာအဆင့်မီ ဟိုတယ် ၊ဈေးဝယ်စင်တာ ၊Super Market ၊ ဈေးဝယ်စင်တာကြီးတွေ၊ ရုပ်ရှင်ရုံ၊ နိုင်ငံတကာမူကြိုကျောင်းတွေ ပါဝင်မှာလည်းဖြစ်ပါတယ်။ အားကစားလေ့ကျင့်ခန်း၊ ကလေးကစားနေရာနဲ့ Central Club , ရေကူးကန်၊ မြစ်ကမ်းနံဘေးခြံကြီး၊ စတုရန်းပေ ၁၆၀,ဝဝဝ ကျော် ကျယ်ဝန်းတဲ့ နန်းဆန်တဲ့ ပန်းဥယျာဉ်ကြီး ပါဝင်မှာ ဖြစ်ပါတယ်။
စီမံကိန်းမှာ လက်ဗွေစနစ်ပါဝင်တဲ့ တံခါးစနစ်တွေ၊ စာပို့စာယူစနစ်၊ တိုက် ရိုက်သောက်သုံးနိုင်တဲ့ ရေသန့်စင်စနစ်၊ အဆင့်မြင့်နည်းပညာသုံးမော်တော်ယာဉ် ခွဲခြားသိမြင်နိုင်တဲ့ စနစ်၊ အဆင့်မြင့် လုံခြုံ ရေးဂိတ်တံခါးစနစ်၊ cloud နည်းပညာ သုံးစောင့်ကြည့်ရေးစနစ်၊ cloud ဗွီဒီယို အင်တာနက်စနစ်၊ လျှပ်စစ်ဆင်ဆာစနစ်၊ အသုံးပြုထားတဲ့နံရံတွေ၊ ၂၄ နာရီအဆင့် မြင့်စောင့်ကြည့်စနစ်တွေ ပါဝင်မှာဖြစ်ပါ တယ်။
ဒီပရောဂျက်မှာ သာကေတမြို့နယ် ရှုခင်းသာမြို့ပတ်လမ်းမကြီးမှာ တည် ဆောက်မယ့် စီမံကိန်းဖြစ်ပြီး ရန်ကုန်မြစ်၊ ပဲခူးမြစ်နဲ့ ပုဇွန်တောင်ချောင်း၊ မြစ်ချောင်း သုံးနေရာဆုံနေရာတစ်ခုတည်းသော ပရောဂျက်ကြီးတစ်ခုဖြစ်ပါတယ်။ ကွန်ဒိုမီ နီယံကို အဓိကထားတည်ဆောက်မှာဖြစ် ပြီး ဟိုတယ်၊ shop house တွေ၊ စ ူပါမား ကတ်တွေ ပါဝင်မှာပါ၊ ကြယ်ငါးပွင့်အဆင့် တည်ဆောက်မှာဖြစ်ပါတယ်”လို့ တက်လမ်း ရင်းနှီးမြှုပ်နှံမှုကုမ္ဗဏီဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောပါတယ်။
ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကလည်း ခွင့် ပြုချက်ရရှိပြီး ဖြစ်ပါတယ်။ စင်ကာပူက Golden Paragon နဲ့ မြန်မာပြည်က တက် လမ်းကုမ္ဗဏီတို့ပေါင်းစပ်ပြီး Yangon Golden Paragon ကို ၂၀၁၈ ဩဂုတ် ၁၃ ရက်နေ့က မှတ်ပုံတင်ခဲ့ပါ တယ်။ မတည် ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၁၇၀ ဖြစ်ပါတယ်။ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုကို ဖိတ်ခေါ်တဲ့အချိန်ဖြစ်တာကြောင့် နိုင်ငံတကာက စိတ်ဝင်စားပြီးတော့ ပြည်တွင်းကုမ္ဗဏီနဲ့ လာရောက်ပြီး ပေါင်းစပ်တည်ထောင်ထားပါတယ်” လို့ ဦးရှိန်ဝင်းက ဆက်လက်ပြောကြားပါ တယ်။
စီမံကိန်းအခန်းနမူနာကို ပါဝင်တဲ့ပြ ခန်းကို ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီခွင့်ပြုချက်နဲ့ တည်ဆောက် ပြီးစီးတော့မှာဖြစ်ပြီး အခန်းနမူနာအရောင်းပြခန်းကို ရန်ကုန်မြို့ပြည်လမ်းနဲ့ စီမံကိန်းနေရာကို ၂၀၁၉ ဖေဖော်ဝါရီလမှာ ပြသရန် စီစဉ်ထားကြောင်းသိရပါတယ်။
Ref & Photo Credit : Kumudra
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties