By ယဉ်ယဉ်လှ, Shweproperty.com
Updated at 18 September 2012
မန္တလေးမြို့၏ အနောက်တောင်ဘက်တွင်တည်ရှိပြီး တံတား ဦးမြို့နယ်၊ ကူးတို့ဆိပ်ကျေးရွာအနီး ရှိ ဧက ၅,၅ဝဝ ကျော်မြေနေရာ၌ တံတားဦးဟိုတယ်ဇုန်စီမံကိန်းအား မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် က ပထမဦးဆုံး Developer အဖြစ် ဆောင်ရွက်ခွင့်ရရှိခဲ့ကြောင်း စက် တင်ဘာ ၁၃ ရက်တွင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ အတွင်း ရေးမှူးဦးကျော်ထွန်းက ပြောသည်။ အဆိုပါစီမံကိန်းအား မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၏အနီး ကပ်ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံခရီး သွားလုပ်ငန်းအဖွဲ့ချုပ်က စတင်အ ကောင်အထည်ဖော်ခွင့်ရရှိခဲ့သည်။ မြေရရှိရန်ဆောင်ရွက်နေ တံတားဦးဟိုတယ်ဇုန်စီမံကိန်း အကောင်အထည်ဖော်ရန် မြေရရှိမှု များကို မန္တလေးတိုင်းဒေသကြီးမှ လယ်ယာနှင့်ဆည်မြောင်းဝန်ကြီး ဦးမြင့်သန်းပါဝင်သည့် ကြီးကြပ်မှုအ ဖွဲ့ကကွင်းဆင်း၍ လယ်သမားများ နှင့်တွေ့ဆုံကာညှိနှိုင်းမှုများဆောင် ရွက်သွားမည်ဖြစ်သည်။ ''တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆောင်ရွက်မှာဖြစ်တယ်။ လယ်သ မားတွေ မနစ်နာစေမယ့်လျော်ကြေး ကို ပေးမယ်လို့ဆိုတယ်။ အရင်တုန်း ကလို သိမ်းယူမှာမဟုတ်ပါဘူး။ အခု မြေတွေက ယာမြေတွေဖြစ်တယ်'' ဟု MIFအတွင်းရေးမှူး ဦးကျော် ထွန်းက ဆိုသည်။ မြေယာရရှိရန်အ တွက် လူအများစု သဘောတူသည့် ဈေးနှုန်းဖြင့်သာ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။ မြေကစားမှုမဖြစ်စေချင် ဟိုတယ်ဇုန်တွင် ဝင်ရောက် ရင်းနှီးမြှုပ်နှံမည့်သူများ၏ မြေကစား မှုမျိုး မဖြစ်စေချင်ကြောင်း၊ တိုင်းဒေ သကြီးဝန်ကြီးချုပ်ကစိုးရိမ်နေကြောင်း လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ ဟို တယ်ဇုန်ဖော်ထုတ်ရခြင်းမှာလည်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာရန် အ ဓိကအကောင်အထည်ဖော်ဆောင် ရွက်ရခြင်းဖြစ်သည်။ အမှန်တကယ် လုပ်ကိုင်မည့် လုပ်ငန်းရှင်များကိုသာ ဖိတ်ခေါ်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။ ''နှစ်နှစ်အတွင်း အပြီးဆောက်ဖို့လိုတယ်။ မဆောက်ရင် မြေကို ပြန်သိမ်းမယ်လို့ ဝန်ကြီးချုပ်က ဆို တယ်။ တိုင်းဒေသကြီးဝန်ကြီးချုပ်က မြေကစားမှုကို လက်မခံဘူး'' ဟု MIF မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ထို့ပြင် မြေအရောင်းအဝယ်ပြုလုပ် ရာတွင် တစ်ဆင့်နာမည်ပြောင်းခွင့် မရှိကြောင်း၊ ထို့ကြောင့် မြေယာကိစ္စ များအတွက် လယ်သမားများနှင့် တိုက်ရိုက်ညှိနှိုင်းမှုကို ဆောင်ရွက် သွားမည်ဖြစ်ပြီး ယခုလက်ရှိအခြေ အနေတွင် လယ်သမားများကပင် သဘောတူညီကြကြောင်း ယင်းတို့ ၏ပြောကြားချက်အရ သိရသည်။ အဆိုပြုလွှာ လေးနေရာတွင်တင်နိုင် ဟိုတယ်ဇုန်တွင် ဝင်ရောက်ရင်း နှီးမြှုပ်နှံမှုပြုလုပ်လိုသူများအနေဖြင့် အဆိုပြုလွှာများအား နေရာလေး နေရာတွင် တင်နိုင်ကြောင်း သိရ သည်။ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန၊ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်၊ မန္တလေးဟိုတယ် ဆိုင်ရာလုပ်ငန်းရှင်များအသင်းရုံးတို့ တွင်အဆိုပြုလွှာများတင်နိုင်ကြောင်း သိရသည်။ ''မန္တလေးရုံးမှာ အဆိုပြုလွှာ တင်ထားတဲ့ လုပ်ငန်းရှင်တွေက ၅ဝ ကျော်ရှိပြီ''ဟု မန္တလေးဟိုတယ်ဇုန် ဥက္ကဋ္ဌ ဦးမြင့်အောင်က ဆိုသည်။ ဟိုတယ်မြေနေရာအတွက် လုပ်ငန်း ရှင်တစ်ဦးလျှင် ငါးဧက အနည်း ဆုံးသတ်မှတ်ထားကြောင်း သိရ သည်။ ပြည်တွင်းလုပ်ငန်းရှင်ဆိုပါက အမည်ပေါက်ဝယ်ယူခွင့်ရရှိပြီး နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုဆိုပါက နှစ် ၇ဝ ငှားရမ်းခွင့်ပေးမည်ဖြစ်ကြောင်း သိ ရသည်။ ဈေးကွက်စုံမည့် ဟိုတယ်ဇုန်ဖြစ်အောင်ဆောင်ရွက် အဆိုပါဟိုတယ်ဇုန်အား ဈေး ကွက်စုံလင်မည့် ဟိုတယ်ဇုန်တစ်ခု ဖြစ်အောင် ဆောင်ရွက်မည်ဟုဆို သည်။ FIT ဧည့်သည်များမှစ၍ 5 Star ဟိုတယ်ကြီးများအထိ တည်းခို နိုင်မည့် အမျိုးအစားအလိုက် ထည့် သွင်းဆောက်လုပ်မည်ဖြစ်သည်။ ထို့ ပြင်ပြည်တွင်းဧည့်သည်များ တည်းခို နိုင်မည့် တည်းခိုခန်းများပါ ထည့် သွင်းဆောက်လုပ်စေမည်ဖြစ်သည်။ ဇုန်တွင် ရုပ်ရှင်ရုံများ၊ ကုန်တိုက်များ၊ စားသောက်ဆိုင်များ၊ ဘဏ်များ၊ ရေ ရှည်တည်းခိုမည့်ဧည့်သည်များအ တွက် Service Apartment များ တည်ဆောက်ခြင်း၊ အပန်းဖြေခန်း များ၊ တေးဂီတဖျော်ဖြေရေး ဝန် ဆောင်မှုဇုန်များ ဖော်ထုတ်ခြင်း၊ ဆေးရုံများ၊ ဆိပ်ခံဘောတံတား တည်ဆောက်ခြင်း၊ အဝေးပြေးယာဉ် ရပ်နားစခန်းတည်ဆောက်ခြင်းများ ကို ထည့်သွင်းဆောင်ရွက်မည်ဖြစ် သည်။ ''အခုမြေတိုင်းတာမှုကို စတင် လုပ်နေတယ်။ မိုးအကုန်မှာပြီးမယ်။ MIF ကနေလမ်းဖောက်တာ ရေ နုတ်မြောင်းဖော်တာတွေ၊ မီးသွယ် တန်းတာတွေကိုလုပ်ဆောင်ပေးမယ်။ အဲဒါတွေပြီးမှ ဟိုတယ်ဆောက်ခွင့် ရရှိမှာဖြစ်တယ်။ ဟိုတယ်တစ်လုံး ဆောက်ရင် အနည်းဆုံးတစ်နှစ် လောက်ကြာတယ်။ ဆီးဂိမ်းကိုမီမယ့် ဟိုတယ်လည်း ရှိနိုင်ပါတယ်။ ဟို တယ်ကိုနှစ်နှစ်အတွင်းအပြီးဆောက် ခွင့်ပေးမှာဖြစ်တယ်''ဟု MIF မှတဝန်ရှိသူတစ်ဦးက ပြောသည်။ စီမံကိန်းအဆင့်သုံးဆင့်ဆောင်ရွက်မည် ဟိုတယ်ဇုန်အား စီမံကိန်းအ ဆင့်သုံးဆင့်ဖြင့် ဆောင်ရွက်မည်ဖြစ် သည်။ ပထမအဆင့်တွင် ဟိုတယ် ဇုန်စီမံကိန်းများ အကောင်အထည် ဖော်မည်ဖြစ်ပြီး ဒုတိယအဆင့်နှင့် တတိယအဆင့်များတွင် ခရီးသွား လုပ်ငန်းနှင့်ဆက်စပ်နေသည့် လုပ် ငန်းများကို တစ်ဆင့်ချင်းအကောင် အထည်ဖော်မည်ဖြစ်သည်။ ပထမအဆင့်ဟိုတယ်ဇုန်ဖော် ထုတ်ရာတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုဟိုတယ်အလုံးရေ ၁ဝဝ ဝန်းကျင် နှင့် တိုင်းရင်းသားလုပ်ငန်းရှင် ဟို တယ်အလုံးရေ ၁၉ဝ ကျော်ပါရှိရ မည်ဖြစ်သည်။ တိုင်းရင်းသားလုပ်ငန်းရှင် ဟို တယ်များအတွက် မြေဧက ၁,၃ဝဝ ကျော်နှင့် FDI ဟိုတယ်များအတွက် မြေဧက ၅၈ဝ ကျော်သာအကောင် အထည်ဖော်ဆောင်ရွက်မည်ဖြစ် ကြောင်း သိရသည်။ ''ဧရာဝတီမြစ်ကမ်းဘေးဆိုတော့ ဟိုတယ်တည်ဆောက်ချင်တဲ့ လုပ် ငန်းရှင်တွေ စိတ်ဝင်စားကြတယ်။ ဒီ ဟိုတယ်ဇုန်က စစ်ကိုင်းနဲ့လည်း နီး တယ်။ အင်းဝမြို့ဟောင်းနဲ့လည်းနီး တယ်။ လေဆိပ်နဲ့လည်း ရှစ်မိုင် ကျော်ပဲဝေးတယ်။ အချက်အချာကျ တဲ့နေရာဖြစ်တယ်''ဟု ဟိုတယ်လုပ် ငန်းရှင်တစ်ဦးက ဆိုသည်။ ယင်းဟိုတယ်ဇုန်ဖော်မည့် နေရာသည် ဧရာဝတီမြစ်ကမ်းဘေး၊ အင်းဝရှေးဟောင်းနယ်မြေနှင့် ဆက် စပ်တည်ရှိသဖြင့် ရှေးဟောင်းယဉ် ကျေးမှုဒေသ၏ မြင်ကွင်းများကို ပိတ်ဆို့မှုမဖြစ်စေရန်လည်း အထပ် နှစ်ထပ်အမြင့်မှ လေးထပ်အမြင့်အ ထိသာ ဆောက်လုပ်ခွင့်ပြုမည်ဖြစ် သည်။ စီမံကိန်းနေရာသည် ဧရာဝတီမြစ်ကမ်းနှင့် အင်းဝရှေးဟောင်း နယ်မြေအပြင်ဘက်တွင် တည်ရှိသ ဖြင့် အင်းဝမြို့ဟောင်း၊ ဗားကရာ ကျောင်း၊ သပြေခံတပ်၊ ဆင်ကျုံးခံ တပ်၊ မဟာအောင်မြေဘုံစံကျောင်း တို့သို့လည်း သွားရောက်လေ့လာနိုင် မည်ဖြစ်သည်။ အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ထွက်လာမည် ယခုကဲ့သို့ ဟိုတယ်ဇုန်စီမံကိန်း အကောင်အထည်ဖော်ခြင်းအားဖြင့် ပထမဦးစွာ လူဦးရေခြောက်သောင်း ကျော်အတွက် အလုပ်အကိုင်အခွင့် အလမ်းများ ပေါ်ထွက်လာမည့်အ ပြင် အဆိုပါဟိုတယ်ဇုန်စီမံကိန်း ကြောင့် ဒေသခံပြည်သူများ၏ တစ် ဦးချင်းဝင်ငွေများမှာလည်း တိုးတက် လာစေမည်ဖြစ်ကာ လူ့စွမ်းအားအ ရင်းအမြစ်များ ဖွံ့ဖြိုးလာမည်ဖြစ် သည်။ ထို့ပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အထောက် အပံ့ပေးနိုင်ခြင်း၊ ရေကြောင်းသွား လာမှုအား အထောက်အကူပြုခြင်း၊ နိုင်ငံခြားဝင်ငွေ တိုးတက်ရှာဖွေပေး နိုင်ခြင်း၊ မြန်မာနိုင်ငံ၏ ခရီးသွားလုပ် ငန်းလည်း ဖွံ့ဖြိုးစေခြင်း၊ ဆင်းရဲမွဲ တေမှု လျှော့ချစေနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ် ကြောင်း သိရသည်။ Source : Myanmar Post
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties