By EMG, Shweproperty.com
Updated at 11 August 2013
နှစ်နှစ်ကျော်ကြာ စီစဉ်ခဲ့ရသော မန္တလေး တံတားဦးဟိုတယ်ဇုန် စီမံကိန်းအား အကောင်အထည် ဖော်တော့မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝန်ကြီးဦးသန်းစိုးမြင့်၏ ပြောကြားချက်အရ သိရသည်။
Myanmar Info Tech ၌ ပြုလုပ်ခဲ့သော "မြန်မာလုပ်သားထု ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ" တွင် ဝန်ကြီးဦးသန်းစိုးမြင့်မှ ၎င်း၏မိန့်ခွန်းတွင် ပြောကြားသည်။ "ကျွန်တော်တို့ တံတားဦးစီမံကိန်းကို စတင်တော့မှာပါ" ဟု ဝန်ကြီးဦးသန်းစိုးမြင့်က ပြောကြားသည်။
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်တွင်ရှိသော တံတားဦး စီမံကိန်းအား ၂၀၁၁ ခုနှစ် ဧပြီလမှစတင်ရန် စီစဉ်ခဲ့သော်လည်း စီမံကိန်းလုပ်ဆောင်မည့် မြေနေရာ အရှုပ်အရှင်းများစွာ ရှိနေသောကြောင့် ကြန့်ကြာခဲ့ရခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
စီမံကိန်း အကောင်အထည်ဖော်ရန် စီစဉ်သည့် အချိန်မှစ၍ ယင်းမြေနေရာ အနီးတစ်ဝိုက်တွင် ယခင်ကျပ် ၁၀ သိန်းကျော်မှ ကျပ်သိန်း ၁၀၀ ကျော်သည့်အထိ ရှိသွားကြောင်း သိရသည်။
မကြာမီ အကောင်အထည်ဖော်တော့မည့် တံတားဦးစီမံကိန်းတွင် ဟိုတယ်ဇုန် တည်ဆောက်ခြင်း၊ စက်မှုဇုန် တည်ဆောက်ခြင်း၊ အိမ်ရာဇုန် တည်ဆောက်ခြင်း လုပ်ငန်းများ ပါဝင်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
ဟိုတယ်ဇုန်ကဏ္ဍတွင် ဟိုတယ်အဆောက်အအုံများ၊ အပန်းဖြေ အနားယူနိုင်မည့် ပန်းခြံများ၊ ရေပေးဝေမှုစနစ် တည်ဆောက်ခြင်း၊ ရေဆိုးသန့်စင်စက်ရုံ တည်ဆောက်ခြင်း၊ အဝေးပြေးယာဉ် ရပ်နားစခန်း တည်ဆောက်ခြင်း၊ စားသောက်ဆိုင်များ၊ ရုပ်ရှင်ရုံများ၊ ကျန်မာရေး အဆောက်အအုံများ၊ ဝန်ထမ်းအိမ်ရာများနှင့် ဂေါက်ကွင်းများ ပါဝင်မည်ဖြစ်သည်။
ဟိုတယ်တည်ဆောက်ခွင့်အတွက် နိုင်ငံခြား ကုမ္ပဏီများကို မြေဧက ၅၈၄ ဒသမ ၄၁ ဧကပေါ်တွင် ဟိုတယ်အလုံးပေါင်း ၁၀၀ နှင့် ပြည်တွင်းလုပ်ငန်းရှင်များကို မြေဧရိယာ ၁၀၁၃ ဒသမ ၇၃ ဧကတွင် ၁၉၂ လုံးအထိ မြှပ်နှံခွင့်ပြုမည်ဟုလည်း ခရီးသွားလုပ်ငန်းရှင် အဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ကျပ်သန်း ၅၆၀ ကုန်ကျမည်ဟု ခန့်မှန်းထားသော တံတားဦးစီမံကိန်း မြေဧရိယာ စုစုပေါင်းမှာ ၅၄၈၈ ဧက ရှိမည်ဖြစ်သည်။ မန္တလေးတိုင်းဒေသကြီးမှာ လူဦးရေ ခုနစ်သန်းခွဲကျော်ရှိပြီး ခရီးသွားလုပ်ငန်းမှာ အဓိကစီးပွားရေး လုပ်ငန်းသုံးမျိုးတွင် ပါဝင်နေကြောင်း သိရသည်။
Ref : EMG
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties