By The Voice, Shweproperty.com
Updated at 5 January 2013
မန္တလေးတိုင်းဒေသကြီးအစိုးရက အကောင်အထည်ဖော်မည့် တံတားဦးဟိုတယ်စီမံကိန်းတွင်အကျုံးဝင်သောဒေသရှိ မြေတစ်ဧကလျှင် ကျပ်သိန်း ၂ဝ နှင့်အထက်ပေး၍ ဝယ်ယူရန်အစီအစဉ်ရှိကြောင်း ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် တံတားဦးဟိိုတယ်ဇုန် ကြီးကြပ်ရေးကော်မတီ ဥက္ကဌ ဦးမြင့်သန်းက ပြောကြားသည်။
ယင်းကဲ့သို့ တစ်ဧကလျှင် ကျပ်သိန်း ၂ဝ နှင့်အထက်ပေးရန် စဉ်းစားရခြင်းမှာ အဆိုပါမြေများ၏ ၉၅ ရာခိုင်နှုန်းသည် ယာမြေများဖြစ်ပြီး စိုက်ပျိုးနိုင်သော မြေများပါရှိကြောင်း ၎င်းကထပ်လောင်းပြောကြားသည်။ တံတားဦးစီမံကိန်းတွင် အကျုံး ဝင်သည့်ကျေးရွာများဖြစ်သည့် လက်ဆောင်ယူ၊ ငါးရွာဖျား၊ ကြီးပင်၊ ခေါင်း ကွဲ၊ ကတို့ဆိပ်၊ သင်မနား၊ သူငယ်တော်၊ဥယျာဉ်၊ ဇီးပင်ကွေ့စသည့် ရွာကိုးရွာပါဝင်ပြီး လက်ရှိတွင် လက်ဆောင်ယူ၊ငါးရွာဖျား၊ ကြီးပင်၊ သင်မနား၊ သူငယ်တော်၊ ဥယျာဉ်ကျေးရွာများ၌ စီမံကိန်းနှင့် အကျုံးဝင်သည့် မြေဧက ၅၄ဝဝခန့်ကို တိုင်းတာရယူခဲ့ကာ မြေဧကဈေးနှုန်းကို မသတ်မှတ်ရသေးကြောင်း ၎င်းကဆိုသည်။
''ဟိုတယ်ဇုန်ကြီးကြပ်ရေး ကော်မတီနဲ့ တောင်သူတွေ တွေ့တဲ့အချိန်မှာတောင်သူအများစုက ညှိနှိုင်းဈေးနဲ့ယူမယ်လို့ တင်ပြကြတာများပါတယ်''ဟု ဟိုတယ်ဇုန်စီမံကိန်းမြေတွင်ပါဝင်သည့် လက်ဆောင်ယူကျေးရွာ ဒေသခံ တစ်ဦးကဆိုသည်။
ဟိုတယ်ဇုန်၌ အကျုံးဝင်သည့်ရွာများတွင် လက်မှုပစ္စည်း၊ သားငါးနှင့်ဟင်းသီးဟင်းရွက်များ ရောင်း ချရန်၊စာသင်ကျောင်းများဆောက်လုပ်ရန်၊ ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းမျိုးစုံကိုလည်း လုပ်ကိုင်သွားရန်ရှိသည်ဟု တံတားဦးဟိုတယ်ဇုန် ကြီးကြပ်ရေး ကော်မတီဝင်များက ပြောကြားသည်။ တံတားဦး ဟိုတယ်ဇုန်တွင်ပါဝင်သည့် ကျေးရွာများကို လုံးဝပယ်မည်မဟုတ်ဘဲ ယင်းကျေးရွာပတ်ဝန်းကျင် ရှိ မြေများကို ဟိုတယ်လုပ်ငန်းတွင်အသုံးချခြင်းဖြစ်သည်ဟု ဇုန်ကော်မတီဥက္ကဋ္ဌ ဦးမြင့်သန်းကဆိုသည်။
တံတားဦး ဟိုတယ်ဇုန်စီမံကိန်းသည် တံတားဦးမြို့နယ်တွင် တည်ရှိပြီး မန္တလေးမြို့တော်မှ မိုင် ၂ဝ သာကွာဝေးကြောင်း၊ ယင်းစီမံကိန်းကို ၂ဝ၁၃ ခုနှစ်တွင် စတင်အကောင်အထည်ဖော်မည် ဖြစ်ကြောင်း ၎င်းကထပ်မံပြောကြားသည်။
Source : The Voice Weekly
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties