By The Modern, Shweproperty.com
Updated at 15 February 2016
တောင်ကြီးမြို့ဘုရားဖြူရပ်ကွက် ဗုဒ္ဓတက္ကသိုလ် အနီးရှိမြေကွက်တွေ ဈေးတက်ပြီး အရောင်း အဝယ်ဖြစ်နေတယ်လို့ မြေဝယ်ရောင်းလုပ်နေသူတွေဆီက သိရပါတယ်။ လွန်ခဲ့တဲ့လအနည်းငယ်က သည်မြေကွက်တွေ ဟာ ပေ၄၀x ပေ၆၀ အကွက်ချပြီးသား တစ်ကွက်ကို ၁၀သိန်းနဲ့ အရောင်းအဝယ်ဖြစ်နေရာက သည်လအတွင်းကျပ်သိန်း ၄၀ ကနေ ၆၀ အထိအရောင်းအဝယ်ဖြစ်နေတယ်လို့ ဘုရားဖြူရပ်ကွက်က မြေဝယ်ရောင်းလုပ်နေတဲ့သူတွေက ပြောပါတယ်။
မြေအရောင်းအဝယ်လုပ်နေ တဲ့မချိုချိုက “ပိုင်ဆိုင်မူ့ကလဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ နှစ်ဖက်စာချုပ်ချုပ်ပေးတယ် ၊ တစ်ရက်ကို ၁၀ ကွက်လောက်အ ထိရောင်း ဝယ်ဖြစ်နေကြတယ် ၊ နယ်ဝေးက လူတွေလဲစိတ်ဝင်စားလို့ လာကြည့်ကြတယ်” လို့ပြောပါတယ်။ သည်မြေကွက်တွေဟာ ဘုရားဖြူရပ်ကွက်ကျေးရွာက စိုက်ပျိုးမြေတွေဖြစ်ပြီး မူလပိုင်ရှင်တွေ ထံမှ မြေအရောင်းအဝယ်လုပ်သူတွေက ဧကအလိုက် ဈေးဖြတ်ဝယ်ယူကြပြီး ပုံစံအကွက်ရိုက်ပြီး တစ်ဆင့်ပြန်လည်ရောင်းချနေကြတာ ဖြစ်တယ်လို့ ဘုရားဖြူရပ်ကွက်က မြေပိုင်ရှင်တွေကဆိုပါတယ်။ မြေပိုင်ရှင် နန်းစန်းစန်းထွေးက “ကျွန်မတို့ရွာက လူတွေရောင်းတုန်းက ဈေးနည်းနည်းပဲရတာ ၊ ခုရုတ်တရက် ဈေးတက်သွားတော့ လက်ရှိမြေပိုင်ရှင်တွေ ပိုတက်မလားဆိုပြီး စောင့်နေတာတွေလဲ ရှိတယ်”လို့ပြောပါတယ်။
မြေကွက်တွေကို နှစ်ကွက်တွဲ ၊ သုံးကွက်တွဲနဲ့ ရောင်းချတဲ့အကွက်ပုံစံမျိုးတွေလည်း ရှိနေတယ်။ လူနေအိမ်ဆောက်လုပ်နေထိုင် တာမျိုးတွေမရှိသေးပေမဲ့ လမ်းအတွက် ပေ၃၀ ၊ ပေ ၂၀ လမ်းတွေအတွက် မြေနေရာချန်ထားတာတွေရှိတယ်လို့ မြေဝယ်ရောင်း တွေဆီက သိရပါတယ် ။ ဗုဒ္ဓတက္ကသိုလ်ဖွင့်ပွဲကိုသည်လ ၇ရက်နေ့က ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ် ။
လက်ရှိမြေဝယ်ထားသူတွေဟာ မြေစာရင်းဌာနမှာ နမူနာပုံစံ (၁၀၅) ပိုင်ဆိုင်မူ့စာချုပ်တွေလုပ်ထား တာမျိုးမရှိဘဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မှာ မြေဝယ် သူနဲ့ ရောင်းသူ အသိသက်သေလက်မှတ် ထိုးပြီးရောင်းဝယ်တဲ့ ပုံစံမျိုးတွေပဲ လုပ်နေကြပါ တယ်လို့ မြေဝယ်ရောင်းလုပ်နေသူတွေဆီက သိရပါ တယ် ။
မြေဝယ်ရောင်းလုပ်နေတဲ့ ကိုမောင်မောင်က “ဒီလိုမြေကွက်တစ်ကွက်ကို ပုံစံလျှောက်ရင် တစ်သိန်းကုန်မယ် ၊ ခုဝယ်နေသူတွေက ပုံစံမလျှောက်ချင်ကြဘူး ၊ အမြတ်ရရင်ပြန်ရောင်းကြတာများတယ်” လို့ပြောပါတယ်။
Ref : The Modern
Photo Credit : Social
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties