By Myanmar Times, Shweproperty.com
Updated at 16 December 2014
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၏ ပထမဦး ဆုံး အထပ်မြင့်အဆင့်မြင့်ကွန်ဒိုကို ဒေသခံများထက် ရန်ကုန်မြို့တွင်နေထိုင်သူများက ၀ယ်ယူရန် ပိုမိုစိတ်ဝင်စားကြကြောင်း ထိုစီမံကိန်းကို တာဝန်ယူ တည်ဆောက်လျက်ရှိ သော နန်းထိုက်ရွှေစင် ဆောက်လုပ်ရေး ကုမ္ပဏီဥက္ကဋ္ဌ ဦးစံလင်းက ပြောသည်။
"ဒီကွန်ဒိုက ရှမ်းပြည်နယ်ရဲ့ ပထမဦးဆုံး အထပ်မြင့်ကွန်ဒိုပါ။ တောင်ကြီးမြို့ခံတွေကတော့ ကွန်ဒိုနဲ့သိပ်မရင်းနှီးသေးလို့ သိပ်စိတ်မ၀င်စားကြဘူး။ ရန်ကုန်ကသူတွေက တော့ကွန်ဒိုကိုနှစ်သက်တော့ ပိုပြီးစိတ်ဝင်စား ကြတယ်။ အခုတောင် တချို့အခန်းတွေကို ကြို တင်စာရင်းပေးထားတာမျိုးတွေ ရှိတယ်။ စားရင်းပေးထားတဲ့ထဲမှာ ရန်ကုန်ကလူတွေများတယ်" ဟု ၎င်းကပြောသည်။
"တောင်ကြီးကသူတွေကတော့ ကိုယ့်အိမ် နဲ့ ကိုယ်နေလေ့ရှိကြတော့ ကွန်ဒိုတိုက်ခန်းဝယ်ဖို့ နည်းနည်းစဉ်းစားနေကြတယ်။ ကွန်ဒိုနဲ့ မရင်းနှီးတာလည်း ပါတာပေါ့။ အနည်းဆုံးငွေကျပ် သိန်း ၂,၀၀၀ လောက်ကစပြီး ၀ယ်ယူ နိုင်လို့ ရန်ကုန်က ကွန်ဒိုတိုက်ခန်းဈေးနဲ့ ယှဉ်ရင် ထက်ဝက်နီးပါးကွာလို့ ရန်ကုန်မှာနေထိုင်သူတွေက ပိုစိတ်ဝင်စားနေကြတာ ဖြစ်တယ်"ဟု ဦးစံလင်းက ပြောသည်။
တာဝန်ယူတည်ဆောက်သည့် ဆောက်လုပ် ရေးကုမ္ပဏီ၏ အမည်ဖြစ်သော နန်းထိုက်ရွှေစင်အမည်ကို အသုံးပြုထားသည့် အဆိုပါ ကွန်ဒိုသည် တောင်ကြီးမြို့၏ ပထမဆုံးနိုင်ငံ တကာ အဆင့်မီ အဆင့်မြင့်ကွန်ဒိုဖြစ်ပြီး မဟာဗန္ဓုလလမ်းနှင့် သီတာလမ်းထောင့် တွင် တည်ရှိကာ ပေ ၁၀၀ ပတ်လည် ဘိုးဘွားပိုင်မြေပေါ်တွင် စုစုပေါင်း ၁၆ ထပ် ထည့်သွင်းတည်ဆောက်သွားမည် ဖြစ်သည်။
ယခုအချိန်တွင် ရှစ်ထပ်အထိတည်ဆောက်ပြီးစီးပြီဖြစ်ပြီး တိုက်ခန်းများကို အရစ်ကျစနစ်ဖြင့် တောင်ကြီးမြို့နယ်အပြင် အခြားမြို့ကြီးများတွင် စတင်ရောင်းချသွား မည်ဖြစ်ကြောင်း နန်းထိုက်ရွှေစင်ကွန်ဒိုကို တာဝန်ခံ ရောင်းချပေးလျက်ရှိသော မင်းဇင် အေဂျင်စီက ကိုကျော်မင်းဇင်က ပြောသည်။
"ဒီကွန်ဒိုနဲ့ ပတ်သက်လို့ာမေုနအငညါ မလုပ် ရသေးတဲ့အတွက် အများကြီးတော့မရောင်းရသေးဘူး။ အခုထိ ၁၂ ခန်း ရောင်းချပြီးသွား ပြီ။ တောင်ကြီးမှာ စတင်မိတ်ဆက်ပေးခဲ့ပြီး ရန်ကုန်မှာ မိတ်မဆက်ရသေးဘူး။ ရန်ကုန်မှာ ဒီဇင်ဘာ ၁၃ ရက်ကနေ ၁၆ ရက် အထိ တပ်မတော်ပြခန်းမှာပြုလုပ်မယ့် အိမ်ရာပစ္စည်း ရောင်းဝယ်ရေးပြခန်းမှာ ဒီကွန်ဒိုအကြောင်းကို မိတ်ဆက်ရှင်းလင်းပြသွားမှာ ဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။
နန်းထိုက်ရွှေစင်ကွန်ဒို ၀ယ်ယူချင်သူများ အတွက် တောင်ကြီးမြို့၊ နန်းထိုက်ရွှေစင် ကွန်ဒိုဆောက်လုပ်နေသောနေရာနှင့် နမူနာ ပြခန်းများကို တောင်ကြီးမြို့နယ်အထိ လိုက်လံပြသပေးသွားမည်ဟု ၎င်းကပြောသည်။ ကွန်ဒိုတည်ဆောက်မှု တစ်ဝက်ကျော် ပြီးစီးမှ စတင်ရောင်းချသည့်အတွက် ၀ယ်ယူ သူများ အချိန်ကြာမြင့်စွာစောင့်ဆိုင်းရန် မလိုတော့ကြောင်း ကိုကျော်မင်းဇင်က ပြောသည်။
"အထပ်ရှစ်ထပ်အထိ တည်ဆောက်မှု ပြီးစီးမှ စတင်ရောင်းချတာဖြစ်လို့ ၀ယ်ယူမယ့်သူတွေ နေဖို့အကြာကြီးစောင့်နေဖို့ မလိုတော့ ဘူး။ မြေတစ်ဝက်လောက် တည်ဆောက်ပြီးပြီဖြစ်လို့ အများဆုံးနောက်ထပ် ၁၈ လ လောက်ပဲ စောင့်ရမယ်။ သတ်မှတ်ထားချိန် ၁၈ လထက် ပိုစောပြီးတောင် ပြီးနိုင်တယ်"ဟု ၎င်းကပြောသည်။ ထိုကွန်ဒိုတွင် အခန်း၄၈ ခန်းပါဝင်မည်ဖြစ်ပြီး အခန်းများမှာ စတုရန်းပေ ၁,၇၇၀ မှ စတုရန်းပေ ၂,၁၇၀ အထိကျယ်ဝန်းမည်ဖြစ် သည်။ တစ်လွှာတွင် အခန်းလေးခန်းသာပါဝင် မည်ဖြစ်သည့်အတွက် အခန်းတိုင်းသည် ထောင့်ခန်းများဖြစ်ပြီး ရှုခင်းများကို သုံးလွှာမှ စတင်၍ ကြည့်ရှုနိုင်မည်ဖြစ်သည်။
"နန်းထိုက်ရွှေစင်ကွန်ဒိုနဲ့အတူ တောင်ကြီး မြို့နယ်ကိုပါ လူတွေသိစေချင်လို့ အခုချိန်မှာမြန်မာပြည်ရဲ့စတုတ္ထမြို့တော်လို့ တင်စားခေါ်နိုင်လောက်တဲ့ တောင်ကြီးမြို့ကို တမင်ရွေးချယ်ပြီး အထပ် ၁၆ ထပ်မြင့်ကွန်ဒို ဆောက် ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်"ဟု ကိုကျော်မင်းဇင်က ပြောသည်။
ရန်ကုန်မြို့တွင် နေထိုင်သည့် ရှမ်းတိုင်းရင်း သားများလည်း မိမိမွေးရပ်မြေတွင် အပန်းဖြေ စရာတစ်ခုအဖြစ် ၀ယ်ယူနေထိုင်ရန်နှင့် တောင်ကြီးမြို့နယ်၏ အဆင့်အတန်း မြင့်မားစေရန်ရည်ရွယ်၍ တည်ဆောက်ခြင်းဖြစ်ကြောင်း စီမံကိန်းအကောင်အထည်ဖော်သူဦးစံလင်း က ပြောသည်။ ကွန်ဒိုတွင် ကလေးရေကူးကန်တစ်ကန်နှင့် လူကြီးရေကူးကန် တစ်ကန်၊ အားကစားခန်းမတစ်ခု၊ ချွေးထုတ်ခန်းနှစ်ခန်း၊ ဂေါက်ရိုက် လေ့ကျင့်သည့်နေရာတို့အပြင် ဧည့်ခံပွဲများ ကျင်းပနိုင်ရန် နေရာများလည်း ပါဝင်မည် ဖြစ်သည်။
ထိုကွန်ဒိုကို စင်ကာပူနိုင်ငံ ဗမခ့ငအနခအ် ဠင်အေ ကုမၸဏီက ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်ပြီး ငလျင်ပြင်းအား ရစ်ချစ်စတာစကေး ၈ ကျော် သည်အထိဒဏ်ခံနိုင်အောင် ဆောက်လုပ်ထားပြီး အရေးပေါ်မီးသတ်စနစ်များလည်း ပါဝင်မည်ဖြစ်သည်။ ထို့ပြင် ရေသန့်အသုံး ပြုနိုင်စေရန် ထုံးသန့်စင်စက်တပ်ဆင်ပေးမည် ဖြစ်ပြီး မြေအောက်နှစ်ထပ်ခွဲကို ကားပါကင်အဖြစ် အသုံးပြုသွားမည် ဖြစ်သည်။ နန်းထိုက်ရွှေစင်ကွန်ဒို၏ မြေညီထပ်နှင့် ပထမထပ်များ၌ ရုံးခန်းနှင့် စားသောက် ဆိုင်များ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ယခုချိန်တွင် ရင်းနှီးမြှုပ်နှံ သူတစ်ဦးက မီနီမားကက်ဖွင့် ရန် ဆိုင်ခန်းတစ်ခန်း ၀ယ်ယူထားကြောင်း ကိုကျော်မင်းဇင်က ပြောသည်။
"ဒီကွန်ဒိုကို တည်ဆောက်သူနဲ့ မြေပိုင်ရှင် က တစ်ယောက်တည်းဖြစ်လို့ ကွန်ဒိုဥပဒေထွက်ရင် ကွန်ဒိုဥပဒေအတိုင်း အခန်းနေသူ တွေကို မြေပိုင်ဆိုင်မှု ခွဲဝေပေးမှာဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။ နန်းထိုက်ရွှေစင်ကွန်ဒို၏ တစ်ပေပတ်လည် မြေဈေးများမှာကျပ် ၁၁၀,၀၀၀ မှ ၁၂၅,၀၀၀ ထိ ရှိကြောင်း ကိုကျော်မင်းဇင်က ပြောသည်။
အဆိုပါကွန်ဒိုကို ၀ယ်ယူပါက ပထမ သုံးလတွင် ကွန်ဒို၏ ၃၀ ရာခိုင်နှုန်းကို ပေးသွင်းရမည်ဖြစ်ပြီး စတုတ္ထလမှ စတင်၍ ၆၅ ရာခိုင် နှုန်းကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလအထိလစဉ် အချိုးကျပေးသွင်းရမည်ဖြစ်ကာ ကျန် ငါးရာခိုင် နှုန်းကို အခန်းအပ်သည့် ဒီဇင်ဘာ ၃၁ ရက်၌ အကျေပေးသွင်းရမည်ဖြစ်သည်။
Ref : Myanmar Times
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties