By Myanmar Builders Guide, Shweproperty.com
Updated at 8 November 2019
#Unicode
တောင်ကြီးတန်ဆောင်တိုင်ပွဲအတွက် တည်းခိုခန်းတွေပြည့်နေတာကြောင့် ပွဲကာလအတွင်း လူနေအိမ်အချို့နဲ့တိုက်ခန်းအချို့ သီးသန့်ငှားတဲ့ဝန် ဆောင်မှုလေးတွေ လုပ်လာကြတယ်လို့ သိရပါတယ်။
အချို့က ပွဲတော်ရက်ကိုးရက်တာကာလကို အများဆုံးငှားကြရတာဖြစ်ပြီး လူဦးရေအလိုက် အိမ်ခန်းငှားခတွေဈေး မတူညီကြဘဲအနည်းဆုံး ကျပ်တစ်သိန်းကနေ သုံးသိန်းအထိဈေးအမျိုးမျိုးရှိပြီး အချို့က စောင်၊ ခြင်ထောင်၊ ခေါင်းအုံးတွေကို ကိုယ့်အစီအစဉ်နဲ့ ကိုယ် သယ်ဆောင်လာကြတာမျိုးလည်းရှိ တယ်လို့ တိုက်ခန်းငှားသူတစ်ဦးဖြစ်တဲ့ မယဉ်မွန်က ပြောပါတယ်။
သူက “ငှားတဲ့ရက်အပေါ် မူတည်ပြီး ဈေးတွက်ပေးပါတယ်၊ အဖိတ်နဲ့လပြည့်နေ့ အတွက်ပဲ သီးသန့်လိုချင်သူတွေကိုလဲ တိုက်ခန်းလွတ်နေတဲ့ သူတွေနဲ့ချိတ်ပေးပါ တယ်၊အစားအသောက်ကတော့ မပါပါ ဘူး၊ ကိုယ့်အစီအစဉ်နဲ့ကိုယ်ပါ၊ ဟိုတယ်တွေပြည့်နေလို့ မိတ်ဆွေတွေကအကူအညီတောင်းလို့ စီစဉ်ပေးလိုက်ရတာ” လို့ ပြော ပါ တယ်။
တောင်ကြီးတန်ဆောင်တိုင်ပွဲကို ရပ်ဝေးက လာရောက်လည်ပတ်သူတွေများလို့ ဟိုတယ်၊ တည်းခိုခန်းတွေ ပြည့်နေသလို ဘုန်းကြီးကျောင်းတွေ၊ လူနေအိမ်တွေမှာလည်းတည်းခိုသူတွေများ နေကြတယ်လို့ မြို့ခံအချို့က ပြောပါတယ်။
တောင်ကြီးမြို့အပြင် ညောင်ရွှေနဲ့ကလောမြို့က ဟိုတယ်နဲ့ တည်းခိုခန်းအချို့ပါ ပြည့်နေတယ်လို့ သိရပါတယ်။တောင်ကြီးတန်ဆောင် တိုင်ပွဲကို နိုဝင်ဘာလ ၄ ရက်နေ့ ကနေ ၁၂ ရက်အထိကျင်းပမှာဖြစ်ပြီး သည်ပွဲမှာ ညမီး ကြီး ၇၉ လုံး၊ စိန်နားပန် ၃၆ လုံး၊ နေ့လွှတ်အရုပ်မျိုးစုံ ၃၉၄ လုံးလွှတ်တင်ကြမှာ ဖြစ်ပါတယ်။
တောင်ကြီး တန်ဆောင်တိုင်ပွဲကို ရန်ကုန်၊ မန္တလေးကနေ လာရောက်လည်ပတ်သူတွေများလို့ ကားဂိတ်တွေမှာ လက်မှတ်မရှိတော့တာကြောင့် အချို့တွေက အုပ်စုလိုက်ကားတွေ စုငှားပြီး မီးပုံးပျံကွင်းအနီးက ရပ်ကွက်တွေမှာ ရက်တိုသီး သန့်ငှားတာမျိုးတွေ ငှားရမ်းလာကြတယ်လို့ သိရပါတယ်။
#Zawgyi
ေတာင္ႀကီးတန္ေဆာင္တိုင္ပြဲအတြက္ တည္းခိုခန္းေတြျပည့္ေနတာေၾကာင့္ ပြဲကာလအတြင္း လူေနအိမ္အခ်ိဳ႕နဲ႔တိုက္ခန္းအခ်ိဳ႕ သီးသန႔္ငွားတဲ့ဝန္ ေဆာင္မႈေလးေတြ လုပ္လာၾကတယ္လို႔ သိရပါတယ္။
အခ်ိဳ႕က ပြဲေတာ္ရက္ကိုးရက္တာကာလကို အမ်ားဆုံးငွားၾကရတာျဖစ္ၿပီး လူဦးေရအလိုက္ အိမ္ခန္းငွားခေတြေဈး မတူညီၾကဘဲအနည္းဆုံး က်ပ္တစ္သိန္းကေန သုံးသိန္းအထိေဈးအမ်ိဳးမ်ိဳးရွိၿပီး အခ်ိဳ႕က ေစာင္၊ ျခင္ေထာင္၊ ေခါင္းအုံးေတြကို ကိုယ့္အစီအစဥ္နဲ႔ ကိုယ္ သယ္ေဆာင္လာၾကတာမ်ိဳးလည္းရွိ တယ္လို႔ တိုက္ခန္းငွားသူတစ္ဦးျဖစ္တဲ့ မယဥ္မြန္က ေျပာပါတယ္။
သူက “ငွားတဲ့ရက္အေပၚ မူတည္ၿပီး ေဈးတြက္ေပးပါတယ္၊ အဖိတ္နဲ႔လျပည့္ေန႔ အတြက္ပဲ သီးသန႔္လိုခ်င္သူေတြကိုလဲ တိုက္ခန္းလြတ္ေနတဲ့ သူေတြနဲ႔ခ်ိတ္ေပးပါ တယ္၊အစားအေသာက္ကေတာ့ မပါပါ ဘူး၊ ကိုယ့္အစီအစဥ္နဲ႔ကိုယ္ပါ၊ ဟိုတယ္ေတြျပည့္ေနလို႔ မိတ္ေဆြေတြကအကူအညီေတာင္းလို႔ စီစဥ္ေပးလိုက္ရတာ” လို႔ ေျပာ ပါ တယ္။
ေတာင္ႀကီးတန္ေဆာင္တိုင္ပြဲကို ရပ္ေဝးက လာေရာက္လည္ပတ္သူေတြမ်ားလို႔ ဟိုတယ္၊ တည္းခိုခန္းေတြ ျပည့္ေနသလို ဘုန္းႀကီးေက်ာင္းေတြ၊ လူေနအိမ္ေတြမွာလည္းတည္းခိုသူေတြမ်ား ေနၾကတယ္လို႔ ၿမိဳ႕ခံအခ်ိဳ႕က ေျပာပါတယ္။
ေတာင္ႀကီးၿမိဳ႕အျပင္ ေညာင္ေ႐ႊနဲ႔ကေလာၿမိဳ႕က ဟိုတယ္နဲ႔ တည္းခိုခန္းအခ်ိဳ႕ပါ ျပည့္ေနတယ္လို႔ သိရပါတယ္။ေတာင္ႀကီးတန္ေဆာင္ တိုင္ပြဲကို ႏိုဝင္ဘာလ ၄ ရက္ေန႔ ကေန ၁၂ ရက္အထိက်င္းပမွာျဖစ္ၿပီး သည္ပြဲမွာ ညမီး ႀကီး ၇၉ လုံး၊ စိန္နားပန္ ၃၆ လုံး၊ ေန႔လႊတ္အ႐ုပ္မ်ိဳးစုံ ၃၉၄ လုံးလႊတ္တင္ၾကမွာ ျဖစ္ပါတယ္။
ေတာင္ႀကီး တန္ေဆာင္တိုင္ပြဲကို ရန္ကုန္၊ မႏၲေလးကေန လာေရာက္လည္ပတ္သူေတြမ်ားလို႔ ကားဂိတ္ေတြမွာ လက္မွတ္မရွိေတာ့တာေၾကာင့္ အခ်ိဳ႕ေတြက အုပ္စုလိုက္ကားေတြ စုငွားၿပီး မီးပုံးပ်ံကြင္းအနီးက ရပ္ကြက္ေတြမွာ ရက္တိုသီး သန႔္ငွားတာမ်ိဳးေတြ ငွားရမ္းလာၾကတယ္လို႔ သိရပါတယ္။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties