By ငြိမ်းချမ်း, Shweproperty.com
Updated at 10 April 2013
အပူချိန်ရှောင်လိုသူများကြောင့် တောင်ကြီးနှင့် ပြင်ဦးလွင်မြို့များ တွင် မြေအရောင်းအဝယ် လိုက် နေကြောင်း သတင်းရရှိသည်။
အပူချိန်မြင့်မားသောမန္တလေး၊မကွေး၊ မိတ္ထီလာနှင့် ရန်ကုန်အစရှိသည့် မြို့များမှ ငွေကြေးချမ်းသာ သူများသည် နွေရာသီ အပူချိန် ရှောင်ရန်အတွက် လာရောက်ဝယ် ယူနေကြကြောင်း တောင်ကြီးနှင့် ပြင်ဦးလွင်အိမ်ခြံမြေအကျိုးတော် ဆောင်များက ဆိုသည်။
''ရန်ကုန်၊ မန္တလေးက ငွေကြေးချမ်းသာတဲ့သူတွေ လာဝယ်တာများတယ်။ တောင်ကြီးက လည်း နွေရာသီမှာတောင် နေလို့ကောင်းတယ်။ အဝယ်လိုက်လာ တော့ ဈေးတော့နည်းနည်းတက် တာပေါ့'' ဟု တောင်ကြီးမြို့၊ မင်း သား အိမ်ခြံမြေအကျိုးဆောင် ကို ဇော်ဝင်းထွန်းက ပြောသည်။
တောင်ကြီးမြို့ မီးပုံးပျံကွင်း အနီး စောစီရွာတွင် ပေ ၅ဝ ပတ် လည် မြေတစ်ကွက်လျှင် ကျပ် သိန်း ၅ဝဝ ဝန်းကျင်ရှိပြီး ကျောင်း ကြီးစု ရပ်ကွက်တွင် ပေ ၅ဝ ပတ် လည်မြေတစ်ကွက်လျှင် ကျပ်သိန်း ၃ဝဝ ဝန်းကျင်ရှိကြောင်း ကိုဇော် ဝင်းထွန်းက ပြောသည်။
တောင်ကြီးမြို့ ဈေးအနီးအဓိက အချက်အချာကျသော နေ ရာများတွင် ပေ ၄ဝx၆ဝ မြေ တစ် ကွက်လျှင် ကျပ်သိန်း ၃ဝ,ဝဝဝ ဝန်းကျင်ရှိကြောင်း သတင်းရရှိ သည်။
ယခုနှစ် နွေရာသီ အပူချိန် သည် ရန်ကုန်၊ မန္တလေးနှင့် မကွေး စသည် မြို့များတွင် ပျမ်းမျှ ၄ဝ ဒီဂရီ စင်တီဂရိတ်ရှိနေပြီး တောင် ကြီးနှင့် ပြင်ဦးလွင်မြို့များတွင် ပျမ်းမျှ ၃၃ ဒီဂရီစင်တီဂရိတ်ရှိနေ ကြောင်း မိုးဇလမှ ထုတ်ပြန်ချက် များမှ သိရသည်။
လွန်ခဲ့သော သုံးနှစ်မှစတင် ၍ မြေဈေးကောင်းခဲ့သော ပြင်ဦး လွင်မြို့တွင်လည်း ပဒေသာမြို့ သစ်တွင် ပေ ၄ဝx၆ဝ မြေတစ်ကွက် လျှင် ကျပ်သိန်း ၅,ဝဝဝ ဝန်းကျင် ရှိပြီး ပြင်စာကျေးရွာတွင် မြေတစ်ဧကလျှင် ကျပ်သိန်း ၁,ဝဝဝ ဝန်း ကျင်ရှိကြောင်း ပြင်ဦးလွင် အိမ်ခြံ မြေအကျိုးဆောင် ဒေါ်တင်မာဦး က ပြောသည်။
''ပြင်ဦးလွင်မှာက မြို့အဝင် ရော၊ မြို့အထွက်တွေရောပါ အ ဝယ်လိုက်တယ်။ ဈေးတော့ မတက်ပါဘူး။ အရင်ကတည်းက မြေ ဈေး တွေက ဈေးကောင်းတယ်။ ဝယ်တဲ့ သူတွေကတော့ ရှိနေတာပဲ''ဟု အိမ်ခြံမြေအကျိုးဆောင် ဒေါ်တင် မြင့်က ပြောသည်။
ပြင်ဦးလွင်မြို့ မန္တလေး-လား ရှိုးသွား လမ်းမကြီးဘေး အချက် အချာကျသော နေရာများတွင် ပေ ၃ဝx၄ဝ မြေတစ်ကွက်လျှင် ကျပ် သိန်း ၃၅,ဝဝဝ အထိရှိကြောင်း ဒေါ်တင်မြင့်က ပြောသည်။
Ref : 7days News
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties