By Pyi Myanmar & Builders Guide, Shweproperty.com
Updated at 12 October 2017
လှိုင်သာယာမြို့နယ်ရွှေလင်ဗန်းစက်မှုဇုန်အတွင်း စက်မှုဇုန်လုပ်သားများနေထိုင်နိုင်ရန်တည်ဆောက်ထားသည့် စက်မှုလုပ်သားအိမ်ရာ(တော်ဝင်နှင်းဆီအိမ်ရာ)ကိုယခုအောက်တိုဘာလအတွင်း ဖွင့်ပွဲအခမ်းအနားပြုလုပ်၍ ဖွင့်လှစ်မည်ဖြစ်ကြောင်း ရွှေလင်ဗန်းစက်မှုဇုန်ကော်မတီဥက္ကဋ္ဌမှ ပြောကြားခဲ့ကြောင်း သိရသည်။
ယင်းအိမ်ရာကို ယခင်အစိုးရလက်ထက်မှ စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အခန်း၆ဝပါ ငါးထပ်တိုက်အလုံးပေါင်း၁၈လုံးရှိပြီးအိမ်ခန်းတစ်ခန်းလျှင်အလုပ်သမားရှစ်ဦးခန့်နေထိုင်နိုင်ကြောင်း သိရသည်။
အိမ်ရာဆောက်လုပ်မှုမှာ ပြီးစီးသွားပြီ ဖြစ်ကြောင်း၊အိမ်ရာဝန်းတွင်း ဆိုင်ခန်းများ၊အပန်းဖြေနားနေနိုင်မည့် နေရာလေးများ ပြုလုပ်ပေးရန်ရှိကြောင်းသိရသည်။ ဖွင့်ပွဲအခမ်းအနားအား ဒီလအတွင်းပြုလုပ်ရန်အတွက် တိုင်းဒေသကြီးအစိုးရထံ တင်ပြထားကြောင်း ရက်အတိအကျ မသိရသေးကြောင်း သိရသည်။
ယင်းတော်ဝင်နှင်းဆီအိမ်ရာရှိစက်မှုလုပ်သားအိမ်ရာမှ တိုက်ခန်းများကိုတစ်ခန်းလျှင် ကျပ် ၆၂သိန်းမှ ကျပ်သိန်း ၁ဝဝ ခန့်ဖြင့် ရွှေလင်ဗန်းစက်မှုဇုန်မှ လုပ်ငန်းရှင်များအား ရောင်းချခြင်းဖြစ်ပြီး ယင်းတို့မှ လည်းမိမိတို့၏ အလုပ်သမားများအား ပြန်လည်နေရာချထားပေးရမည့် စနစ်ဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ယင်းတိုက်ခန်းများ၌လုံခြုံရေးအတွက် CCTV တပ်ဆင်မှုများပြုလုပ်ထားပေးပြီး အိမ်ရာထိန်းသိမ်းစောင့်ရှောက်ရေးအတွက် အိမ်ရာထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။
Ref & Photo Credit : Pyi Myanmar & Builder Guide
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties