By 7daydaily, Shweproperty.com
Updated at 6 September 2015
ေ ငွကျပ် ၄၅ သိန်းဖြင့် အခြေခံ လူတန်းစား ဝယ်ယူနိုင်မည့်အခန်းများကို တည်ဆောက်ရောင်းချနိုင်ရန် တော်ဝင် ဆောက်လုပ်ရေးကုမ္ပဏီက အစိုးရအဖွဲ့ထံ တင်ပြထားကြောင်း အဆိုပါကုမ္ပဏီ ဥက္ကဋ္ဌ ဦးကိုကိုထွေးကပြောသည်။
မြေဧက တစ်ထောင်ကျော် တွင် ငါးနှစ်အတွင်း အခန်းပေါင်း သုံးသိန်းကျော်တည်ဆောက်မည့် အဆိုပါစီမံကိန်းကို အစိုးရအဖွဲ့ ထံတင်ပြထားဆဲသာဖြစ်ပြီး ယခု အစိုးရက စိတ်ဝင်စားသည့်အခြေ အနေမတွေ့ဘဲ နောက်အစိုးရ လက်ထက်မှသာ ခွင့်ပြုပေးဖွယ်ရှိ ကြောင်း ဦးကိုကိုထွေးက ဆို သည်။ ထိုအဆောက်အအုံများ ဆောက်လုပ်ရာတွင် ရှစ်ထပ်အမြင့် တိုက်တစ်လုံးလျှင် အခန်း ပေါင်း ၃၁၂ ခန်းအထိ ပါဝင်စေ ရန် ထည့်သွင်းတည်ဆောက်မည် ဖြစ်ကာ တန်ဖိုးသင့်တင့်မျှတသည့် ဓာတ်လှေကားများပါ ထည့်သွင်းတပ်ဆင်ပေးသွားမည် ဖြစ်ကြောင်း၊ အခန်းတစ်ခန်းလျှင် ၂၅၇ စတုရန်းပေ ကျယ်ဝန်းမည်ဖြစ်ကြောင်းသိရသည်။တည်ဆောက်မည့် မြေနေ ရာကိုမူ အတိအကျမသိရသေးဘဲ အစိုးရအဖွဲ့မှ ချထားပေးသည့် မြေနေရာတွင် တည်ဆောက်မည် ဖြစ်ကြောင်း ဦးကိုကိုထွေးကဆို သည်။
‘‘ကျွန်တော်က အစိုးရဆီက မြေကို ဒီနေ့ရရင် မနက်ဖြန် ဆောက်လို့ရရင်တောင် ဆောက် ချင်တာ’’ဟု ၎င်းကပြောသည်။
တော်ဝင် ဆောက်လုပ်ရေး ကုမ္ပဏီအနေဖြင့် မြောက်ဒဂုံမြို့ နယ်ရှိ မဟာမြိုင်အိမ်ရာ၊ တော် ဝင်အိမ်ရာများအပြင် အင်းစိန်မြို့ နယ်နှင့် မရမ်းကုန်း မြို့နယ်များ တွင်လည်း မုဒိတာ တန်ဖိုးနည်း အိမ်ရာ စီမံကိန်းများကို တည် ဆောက်ထားခြင်းကြောင့် အတွေ့အကြုံများစွာရှိသဖြင့် ယခုကဲ့သို့ အခန်းရေများများကို တန်ဖိုးသက် သာစွာဖြင့် ရောင်းချတည်ဆောက်နိုင်ခြင်းဖြစ်သည်ဟု ဦးကိုကိုထွေးကပြောသည်။
တန်ဖိုးအားဖြင့်ကျပ်၄၅ သိန်းရှိမည့် အဆိုပါတိုက်ခန်းများကို ကြို ပွိုင့်အရစ်ကျ စနစ်ဖြင့် ရောင်းချ သွားမည်ဖြစ်ပြီး ဈေးကစားသူ၊ အရောင်းအဝယ် ပြုလုပ်သူများ လျော့နည်းသွားစေရန် အခန်း အရေအတွက်ကို ပမာဏများများ တည်ဆောက်သွားရန် ကုမ္ပဏီက ရည်ရွယ်ထားသည်။
လက်ရှိအချိန်တွင် အစိုးရ က တည်ဆောက်သည့်အိမ်ရာစီမံ ကိန်းများပင်ကျပ်သိန်း ၁၀၀ ပတ်ဝန်း ကျင်ဖြင့် တန်ဖိုးသင့်တင့်၊ တန်ဖိုးမျှဟူ၍ ရောင်းချပေးနိုင်ခြင်းဖြစ် သောကြောင့် ယခု စီမံကိန်းမှာ လက်တွေ့အားဖြင့် မဖြစ်နိုင်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်ကြီးအချို့ကပင် အဆိုပါ အိမ်ရာစီမံကိန်းအပေါ် ဝေဖန်ထားသည်။
ယခုကဲ့သို့ တန်ဖိုးနည်းအိမ် ရာ စီမံကိန်းများကို အစိုးရက မရောင်းချပေးနိုင်သည့်ဈေးကွက် ကို ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦး က လုပ်ဆောင်ပေးမည်ဆိုသည် မှာ ကြိုဆိုရမည်ဖြစ်ပြီး တော်ဝင် ကုမ္ပဏီဘက်မှတောင်းဆိုသည့် မြေဧကတစ်ထောင်ကျော်မှာ များ ပြားလွန်းသည့်အတွက် အစိုးရ အနေဖြင့် ပေးရန်အခက်အခဲရှိနိုင် ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနသို့ အိမ်ရာစီမံကိန်းများနှင့် ပတ်သက်၍ အကြံပေးလုပ်ဆောင်နေသည့် မြို့ပြစီမံကိန်းပညာရှင် ဦးမြင့်မိုရ်ဆွေက ပြောသည်။ သိန်း ၄၀ ကျော်ဖြင့် ရောင်း ချပေးမည့် တိုက်ခန်းအနေဖြင့် စတုရန်းပေအားဖြင့် ၂၇၀၊ ၃၀၀ နီးပါး ရှိရမည်ဖြစ်ကြောင်း ထိုင်း နိုင်ငံမှ တန်ဖိုးနည်းတိုက်ခန်းများ ၏ အတွေ့အကြုံကို ဦးမြင့်မိုရ်ဆွေကပြောသည်။
လက်ရှိအစိုးရက ကျပ်သိန်း ၁၀၀ ခန့်ဖြင့်ရောင်းချပေးနေသည့် တိုက်ခန်းများမှာ စတုရန်းပေ ၃၀၀ ကျော်ရှိသည့်အခန်းများ ဖြစ်သည်။
‘‘အစိုးရကိုယ်တိုင် ကိုယ်ပိုင် မြေရှိတာတောင် သူ့ရဲ့အိမ်ရာစီမံ ကိန်းတွေမှာ ဈေးလျှော့မရောင်း ပေးနိုင်ဘူး။ ဒါ့ကြောင့် သူ့လိုလုပ် ရဲတဲ့သတ္တိကိုတော့ လေးစားတယ်။တကယ်ဖြစ်လာဖို့ကို အစိုးရက ဝိုင်းကူညီပေးရမှာပေါ့’’ ဟုဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးကသုံးသပ်သည်။
အစိုးရ အနေဖြင့် လက်ရှိ မြေဈေးကြီးမြင့်နေသည့်အတွက် ၎င်းတောင်းဆိုသည့်မြေဧကတစ် ထောင်ကျော်ကို ပေးနိုင်ဖွယ်မရှိ ကြောင်း ၎င်းကဆိုသည်။
Ref : 7daydaily
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties