By Shwe Kyaw, Shweproperty.com
Updated at 8 April 2020
မြန်မာနိုင်ငံတွင် ကဏ္ဍစုံမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအများအပြား ဝင်ရောက်ပြီးဖြစ်သည်။နိုင်ငံခြားမှ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံမည့်သူများအတွက် အစိုးရကလည်း အခွင့်အလမ်းများ ဖန်တီးပေးလျက်ရှိသည်။ မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအများအပြား ဝင်ရောက်လာစေရန် ရည်ရွက်ချက်ဖြင့် အစိုးရက ထိုသို့ဆောင်ရွက်ခြင်းဖြစ်သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများအပြားဝင်ရောက်မှသာ နိုင်ငံသားများ၏ အလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုမိုအားကောင်းလာမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံခြားမှ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံသူများအတွက် အခွန်ကင်းလွတ်ခွင့် ၊ အခွန်သက်သာခွင့် စသည့်အခွင့်အလမ်းများကိုလည်း အစိုးရက ဖန်တီးပေးထားသည်။ (က) ကုန်ထုန်လုပ်ငန်း (သို့) ဝန်ဆောင်မှုလုပ်ငန်း တစ်ခုခု စီးပွားဖြစ် စတင်သော နှစ် အပါအဝင် တဆက်တည်း ငါးနှစ်အတွက် ဝင်ငွေခွန် ကင်းလွတ်ခွင့် ၊ နိုင်ငံတော်အတွက် အကျိုးရှိလျှင် ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်း၏ အောင်မြင်မှုအပေါ်မူတည်၍ သင့်လျော်သော ကာလအတွက် ဝင်ငွေခွန် ကင်းလွတ်ခွင့်(သို့) သက်လာခွင့် (ခ) လုပ်ငန်းမှ ရရှိသည့်အမြန်ငွေကို ပြန်လည် ရင်းနှီးမြှုပ်နှံရန်အတွက် သီးသန့် ရန်ပုံငွေထား၍ တစ်နှစ်အတွင်း ယင်းလုပ်ငန်းတွင် ပြန်လည်ရင်းနှီးမြှုပ်နှံလျှင် ထိုအမြတ်ငွေအပေါ်တွင် ဝင်ငွေခွန်ကင်းလွတ်ခွင့် (သို့) သက်သာခွင့် (ဂ) ဝင်ငွေခွန် စည်းကြပ်ရန်ကိစ္စအလို့ငှာ စက်ပစ္စည်း ၊ စက်ကိရိယာ ၊ အဆောက်အအုံ (သို့) လုပ်ငန်းသုံး အခြားမတည်ပစ္စည်းများအပေါ်တွင် နိုင်ငံတော်က သတ်မှတ်ထားသည့် ပစ္စည်းတန်ဖိုးလျှော့တွက်နှုန်းများအတိုင်း တွက်ချက်ပြီး ပစ္စည်းတန်းဖိုး လျှော့တွက်ငွေကို အမြတ်ထဲမှ နုတ်ပယ်ခွင့် (ဃ) ကုန်ထုတ်လုပ်ငန်း တစ်ခုခုက ထုတ်လုပ်ထားသည့် ပစ္စည်းကို ပြည်ပသို့တင်ပို့ရောင်းချလျှင် ထိုသို့ တင်ပို့ရောင်းချ၍ ရရှိသောအမြတ်ငွေအပေါ်တွင် ၅၀ ရာခိုင်နှုန်း အထိ ဝင်ငွေခွန်သက်သာခွင့် (င) နိုင်ငံခြားသားများ၏ ဝင်ငွေအပေါ်တွင် ပြည်တွင်းနေ နိုင်ငံသားများ ပေးဆောင်သည့် ဝင်ငွေခွန်နှုန်းထားအတိုင်း ဝင်ငွေခွန်ပေးဆောင်ခွင့် (စ) နိုင်ငံတော်အတွင်း အမှတ်တကယ် လိုအပ်ဆောင်ရွက်သည့် လုပ်ငန်းဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ကုန်ကျစရိတ်ကို အခွန်စည်းကြပ်ထိုက်သော ဝင်ငွေမှ နုတ်ပယ်ခွင့်
(ဆ)လုပ်ငန်းတစ်ခုချင်းအလိုက် ပုဒ်မခွဲ(က)ပါ ဝင်ငွေခွန် ကင်းလွတ်ခွင့် (သို့) သက်သာခွင့် ခံစားပြီး တဆက်တည်း နှစ်နှစ်အတွင်း အမှန်တကယ် ပေါ်ပေါက်သည့် အရှုံးငွေကို ယင်းသို့ အရှုံးပေါ်ပေါက်သည့်နှစ်မှစ၍ တဆက်တည်း သုံးနှစ်ကာလ အထိသယ်ယူ ခုနှိမ်ခွင့် (ဇ) လုပ်ငန်းတည်ဆောက်မှုကာလအတွင်း အမှတ်တကယ် အသုံးပြုရန် လိုအပ်၍ တင်သွင်းသော စက်ပစ္စည်းများ ၊ စက်ကိရိယာများ ၊ အသုံးအဆောင် တန်ဆာပလာများ ၊ စက်ကိရိယာ အစိတ်အပိုင်းများ ၊ စက်အရန်အစ္စည်းများ ၊ လုပ်ငန်းသုံး ပစ္စည်းများအပေါ်တွင် အကောက်ခွန်ဖြစ်စေ ၊ အခြားပြည်တွင်း အခွန်အကောက်များဖြစ်စေ ၊ နှစ်မျိုးလုံးကို ဖြစ်စေ ၊ ကင်းလွတ်ခွင့် (သို့) သက်သာခွင့် (ဈ) လုပ်ငန်းတည်ဆောက်မှု ပြီးစီး၍ ပထမ သုံးနှစ်အတွက် ကုန်ထုတ်လုပ်ရန် တင်သွင်းသည့် ကုန်ကြမ်းများ အပေါ်တွင် အကောက်ခွန်ဖြစ်စေ ၊ အခြားပြည်တွင်း အခွန်အကောက်များဖြစ်စေ ၊ နှစ်မျိုးလုံဖြစ်စေ ၊ ကင်းလွတ်ခွင့် (သို့) သက်သာခွင့် (ည) ကော်မရှင်၏ခွင့်ပြုဖြင့် ရင်းနှီးမြှုပ်နှှုံပမာဏတိုးမြှင့်ပြီး မူလ ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းအား ခွင့်ပြုထားသည့် သက်တမ်းကာလအတွင်း တိုးချဲ့ လုပ်ကိုင်ပါက ယင်းသို့ တိုးချဲ့သည့် လုပ်ငန်းအတွက် အမှန်တကယ် အသုံးပြုရန် လိုအပ်၍ တင်သွင်းသော စက်ပစ္စည်းများ စက်ကိရိယာများ ၊ အသုံးအဆောင်တန်ဆာပလာများ ၊ စက်ကိရိယာ အစိတ်အပိုင်းများ ၊ စက်အရန်အစ္စည်းများ ၊ လုပ်ငန်းသုံး ပစ္စည်းများအပေါ်တွင် အကောက်ခွန်ဖြစ်စေ ၊ အခြားပြည်တွင်း အခွန်အကောက်များဖြစ်စေ ၊ နှစ်မျိုးလုံးကို ဖြစ်စေ ၊ ကင်းလွတ်ခွင့် (သို့) သက်သာခွင့် (ဋ) ပြည်ပသို့ တင်ပို့ရန် ထုတ်လုပ်သည့်ပစ္စည်းမျာအပေါ် ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့် (သို့) သက်သာခွင့် များရရှိမည်ဖြစ်သည်။
Written By: Shwe Kyaw (ShweProperty.com)
Posted By: Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties