By Kumudra, Shweproperty.com
Updated at 10 April 2019
မြင့်မားနေတဲ့အခွန် နှုန်းထားတွေ၊ ဘဏ်တိုးနှုန်းတွေ ကအိမ်ခြံမြေ ဈေးကွက်တစ်ခုလုံး အတွက် အဟန့်အတား တစ်ခုဖြစ် နေပြီး ဈေးကွက်ပြန် ကောင်း မွန် လာအောင် အခွန်နှုန်း ထား တွေ၊ ဘဏ်တိုးနှုန်းတွေကို ပြန် လည် ပြင် ဆင်ပေးသင့်တယ်လို့သိရပါတယ်။
လုပ်ငန်းအများစုမှာတစ်ခုနဲ့ တစ်ခုချိတ်ဆက်နေပြီး ဈေးကွက် နဲ့ စီးပွားရေးလုပ်ငန်း တွေကောင်း မွန် မှသာ နိုင်ငံတော် အခွန်ဝင်ငွေ လည်း တိုးတက်လာမှာပါ။ ဈေး ကွက် အနေအထားကျဆင်းနေ တာ တွေ ကြောင့် အိမ်ခြံမြေလုပ် ငန်းလုပ် ကိုင်နေသူတွေအခက် အ ခဲ များ စွာ ကြုံတွေ့နေကြရပါတယ်။ ဒါ့အပြင် အခွန် နှုန်း ထား တွေမြင့် မားနေတာ ကလည်း ဝယ် သူ တွေ အ တွက် အခက် အခဲ တစ် ရပ် ပါပဲ။
“အခွန်နှုန်းထားတွေ လျှော့ ပေးရင် ကုမ္ဗဏီအနေနဲ့ အခွန်နည်း နည်းလျော့သွားရင် ဈေးကွက်ထဲ မှာ တစ်ကျပ်နဲ့ရောင်းတာကို ပြား ၈ဝနဲ့ရောင်းနိုင်မှာပါ၊ ဝယ်သူတွေ အတွက် ပိုကောင်းမွန်လာမယ်”လို့ မြန်မာနိုင်ငံ ကန် ထရိုက်တာလုပ် ငန်းရှင်များအ သင်းဥက္ကဋ္ဌ ဦးကျော် ဝင်း က ပြော ပါတယ်။
အခွန်နှုန်း မြင့်မားမှု ကြောင့် ဝယ်ယူသူတွေမှာ ဝယ် ယ ူ ပြီးနာ မည် မပြောင်းတာတွေ၊ နှစ် ရှည် အ ရစ်ကျဖြစ်ပေမဲ့လည်း ဘဏ်တိုး နှုန်းတွေက ၁၁ ရာ ခိုင်နှုန်း တွေ၊ ၁၃ ရာခိုင် နှုန်းဖြစ ်နေ တာ ကြောင့် ဝယ်ယူတဲ့ အခန်း တန် ဖိုးက နှစ်ဆ နီးပါး ရှိနေ တာ ကြောင့် ဝယ်ယူသူ တွေ အတွက် အ ခက်အခဲ တွေ ကြုံ တွေ့ရ ပါတယ်။
“တချို့ဆို အခွန်မြင့်တာ ကြောင့်ဝယ်ယူပြီး နာမည်မပြောင်း ပဲ နေကြပါတယ်၊ ပြီးတော့ ဘဏ် တိုးနှုန်း နှစ်ရှည် အရစ်ကျ သာရ ပေမဲ့ ဘဏ်တိုးက များနေတော့ သိန်း ၂ဝဝ တန်တိုက်ခန်းက အ ရစ် ကျနဲ့ ဘဏ်နဲ့ချိတ်ဝယ်ရင် ငွေကျေ တဲ့အ ချိန် သိန်း၄၀၀ လောက်ဖြစ် နေပြန် ကော ၊အဲဒါတွေကိုစဉ်းစား ပြီးဝယ်ယူမှုတွေနည်းတယ်၊ သိန်း ၄ဝဝ လောက်နဲ့ ဝယ်ယူပြီး ပြန် ရောင်း ရင်ကောသိန်း၄ဝဝ ပြန် ရမ လားစဉ်းစားပြီးဝယ်ယူဖို့ တွန့်ဆုတ် ကြတာရှိတယ်” လို့ ဆောက်လုပ် ရေး လုပ်ငန်းရှင်တစ်ဦး ကပြောပါ တယ်။
လူလတ်တန်းစားလုပ်ငန်းရှင် တွေထွက်ပေါက် ရဖို့အတွက် လည်း အခွန်စနစ်ကအခွင့်အရေး တစ်ခုပါ။ FDI ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး တော့ ငါးနှစ်အခွန် ကင်းလွတ်ခွင့်ပေးထားတာရှိပါ တယ်။နိုင်ငံသားတွေအတွက် လည်း အခွင့် အရေးတစ်ခု ပေး လိုက်ရင်လုပ်ပိုင်ခွင့် အခွင့် အလမ်း များစွာ တွေ့ရမှာဖြစ်ပြီး FDI ကို အခွန်ငါး နှစ်ကင်းလွတ်ခွင့်ပေးရင် ပြည်တွင်း လုပ်ငန်းရှင် အခွန် ကင်း လွတ် ခွင့်ကို သုံးနှစ် ဒါမှမဟုတ် နှစ်ရာ ခိုင် နှုန်း၊ သုံးရာ ခိုင်နှုန်းထက် မပိုတဲ့ အခွန် နှုန်းထားတွေ လျှော့ချ ပေး ခြင်းဖြင့် အလုပ်အ ကိုင်အခွင့် အ လမ်း တွေများစွာရရှိ နိုင်မှာပါ။
“အခွန်နှုန်းထားတွေလျှော့ ပေးလိုက်တာက နိုင်ငံတော်အတွက် နစ်နာတယ်လို့ ထင်ရ ပေ မဲ့ နောင် နှစ်နှစ်၊သုံးနှစ်မှာတည် ထောင် နိုင်တဲ့အမြတ်အစွန်း တွေ က အခွန် နှုန်းထားတွေရမှာပါ၊လုပ်ငန်း တွေ လဲ အောင်မြင်လာနိုင ် ပြီး အခွန် နှုန်း ထားတွေလဲ ရ လာရင် နိုင်ငံစီး ပွားရေးတစ်ဟုန် ထိုး တိုး တက်လာ မှာပါ ”လို့ မြန်မာ နိုင်ငံ ဆောက်လုပ် ရေး လုပ်ငန်းရှင် များ အသင်း ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောပါ တယ်။
ကောင်းလာနိုင်
အခွန်နှုန်းထားတွေလျှော့ချ ပေးနိုင်တာက လူတိုင်းအတွက် အခန်းပိုင်ဆိုင်နိုင်မှာ ဖြစ်သ လို ဆောက်လုပ်ရေး ကဏ္ဍတွေ လည်း ပိုကောင်းမွန်လာပြီး နိုင် ငံ တစ် နိုင်ငံရဲ့ စီးပွားရေးပြယုဒ် မှာ လည်း ကောင်းမွန်လာမှာဖြစ်ပါ တယ်။ အသင်းချုပ်အဖွဲ့အတွင်း တင်မက ရင်းနှီး မြှုပ်နှံ မှုကဏ္ဍမှာ တိုင်းရင်း သား လုပ်ငန်း ရှင်တွေကိုလည်း အ ခွင့် အရေးပေးနိုင် ရင် နိုင်ငံတော်ဖွံ့ ဖြိုး တိုးတက်ပြီး ဆောက်လုပ်ရေး ကဏ္ဍလည်း ဖွံ့ဖြိုး တိုးတက်လာ မှာ ဖြစ်ပါတယ်။
ဆောက်လုပ်ရေးကဏ္ဍမှာ ဥပဒေတွေလည်းပေါ်ပေါက်ခဲ့တာ တွေကြောင့် နိုင်ငံခြားသားဝယ် ယူမှု တွေ ခိုင်မာလာပြီဖြစ်သလို ပိုင်ဆိုင် မှု တွေလည်း အခွင့်အရေး များစွာ ရှိ လာမှာဖြစ်ပါတယ်။ ဆောက်လုပ် ရေး ကဏ္ဍမှာလည်း တစ်ခေတ် ပြောင်း ကဏ္ဍပုံစံဖြစ် ပေါ် လာပြီး နိုင်ငံတော်အတွက် လည်း အ ခွန်တွေ တိတိကျကျ ရ နိုင် မယ့် အခြေအနေတွေ ရှိပါ တယ်။
ဒါ့အပြင်ကွန်ဒိုမီနီယမ် မှာဥပဒေ ဖြစ်တာကြောင့် ကွန်ဒိုမီနီယမ် နဲ့ပတ်သက်တဲ့ တံဆိပ်ခေါင်းတွေ ကို တပ်နိုင်ဖို့ နိုုင်ငံတကာမှာရှိတဲ့ တံဆိပ်ခေါင်းတွေ ကို အထူးဥပဒေ မှာ တင်ပြရမှာဖြစ်ပါတယ်။ တင်ပြ တဲ့အခါ ကွန်ဒိုမီနီယမ် တိုက်ခန်း တွေ နဲ့ ပတ်သက်ပြီးတော့ဖွံ့ဖြိုးတိုး တက် မှုတွေရှိလာအောင် သက် ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ စီမံဘဏ္ဍ ဝန်ကြီးဌာနတွေ ဝိုင်းဝန်း လုပ် ဆောင်သင့်ပါတယ်။
ဆောက်လုပ်ရေးကဏ္ဍတိုး တက်လာရင် ကွန်ဒိုမီနီယမ် ဈေး ကွက် ခိုင်မာရင် FDI ကဝင်လာ မယ်၊နိုင်ငံအတွင်းမှာ ရှိတဲ့ ကွန်ဒ ို မ ီ နီ ယမ်တိုက်ခန်းတွေ ကို တခြားနိုင် ငံတွေကို ရောင်းချခွင့်ရမှာပါ၊ဒါ့အ ပြင် ကွန်ဒိုသာမကအခြေခံလူ တန်း စား တွေ အလုပ်အကိုင် အ ခွင့် အရေး တွေ ကောင်းမွန်လာပြီ တိုက် ခန်း အိမ် ရာ တွေပိုင်ဆိုင် နိုင် မှာပါ။အခြေ ခံ အဖွဲ့အစည်းတွေ၊ လူလတ်တန်း စားတွေ မဖွံ့ဖြိုးဘဲ တိုက်ခန်းပိုင် ဆိုင်ခွင့်တွေ ဝယ်ယူ နိုင်မှာမဟုတ် ဘဲကဏ္ဍတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်မှ သာ နိုင်ငံ့စီးပွား ရေးကောင်းမွန် လာမှာပါ။
မြန်မာနိုင်ငံမှာ နိုင်ငံခြားသား တွေ ကို ကွန်ဒိုမီနီယမ် အဆောက် အ အုံ တစ်ခုလုံးရဲ့ ၄၀ ရာခိုင်နှုန်း ရောင်း ချ ခွင့်ကို ၂၀၁၆ ခုနှစ်ကုန် ပိုင်းမှာ တရားဝင် ဥပဒေ ပြဋ္ဌာန်းခဲ့ ပေမဲ့ လုပ်ထုံးလုပ်နည်းပိုင်းမှာ ညှိနှိုင်းဆောင်ရွက်နေရတာတွေ ကြောင့် ခုချိန်ထိ နိုင်ငံခြားသားတွေ ကို ရောင်းချခွင့် မရှိသေး ကြောင်း သိရပါတယ်။
“ကွန်ဒိုဥပဒေသစ်မှာ နိုင်ငံခြား သားပိုင်ဆိုင်မှု ၄ဝရာခိုင်နှုန်းအိမ် ရောမြေပါ ပိုင်ဆိုင်နိုင်မှာပါ။ ဥပဒေပြဋ္ဌာန်းပြီးရင်နိုင်ငံခြားသား က လဲ ရောင်းချခွင့်ရှိမယ်၊ အ ဆောက် အအုံတွေ ပျက်စီးသွား ရင်လဲ ပြန်ဆောက်ပြီးနိုင်ငံခြား သားပိုင်ဆိုင်ခွင့်ရမယ်”လို့ရန်ကုန် တိုင်း စုပေါင်းပိုင်အဆောက်အအုံ ဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီရဲ့ အဖွဲ့ဝင် ဦးမျိုးမြင့်ကပြောပါတယ်။
Ref & Photo Credit : Kumudra
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties