By Myanmar Times, Shweproperty.com
Updated at 30 June 2016
မြန်မာအစိုးရက သတ်မှတ်လိုက်သည့် အခွန်နှုန်းအသစ်ကြောင့် ပြီးခဲ့သည့် လများအတွင်း အရောင်းအဝယ်ငြိမ်သက်ခဲ့သော အိမ်ခြံမြေဈေးကွက်သည် ပြန်လည်အသက်ဝင်လာနိုင် ကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြော သည်။
ယင်းအခွန်သစ်ကြောင့် အိမ်ခြံမြေဈေးကွက် တွင် ဝယ်လက်များ ရှိလာနိုင်ခြင်းကြောင့် ဈေးကွက် ပြန်လည်လှုပ်ရှားလာနိုင်ကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။
"အစိုးရက အခွန်သစ်ကြေညာပြီးနောက် ပိုင်း ဈေးမေးစုံစမ်းလာကြတာတွေ ရှိလာပါတယ်။ စိတ်ဝင်စားတဲ့ လူတွေဝယ်ချင်တာကြောင့် အိမ်ခြံမြေဈေးကွက်က အနည်းအကျဉ်း တော့ ကောင်းလာနိုင်ပါတယ်" ဟု စိုင်းခွန် နောင်မှ အိမ်ခြံမြေနှင့် ဥပဒေအကြံပေး လုပ်ငန်းက ဈေးကွက်မန်နေဂျာ ကိုဟိန်းဇံက ပြောသည်။
ပြည်ထောင်စုလွှတ်တော်က ယင်းဥပဒေသစ်ကို အတည်ပြုပြီးနောက် အစိုးရသတင်းစာက ဧပြီ ၅ ရက်တွင် ဖော်ပြခဲ့သည်။ ၂၀၁၅၁၆ ဘဏ္ဍာနှစ်တွင် အိမ်ခြံမြေ ရောင်းဝယ်မှုအပေါ် ကောက်ခံသော ဝင်ငွေ ခွန် အခွန်နှုန်းထားများတွင် တစ်ကျပ်မှ ကျပ်သိန်း ၁,၀၀၀ အထိ အရောင်းအဝယ်ပြု လျှင် ဝင်ငွေခွန် သုံးရာခိုင်နှုန်း၊ ကျပ်သိန်း ၁,၀၀၁ ကျပ်မှ သိန်း ၅,၀၀၀ အထိ ဝင်ငွေခွန် ငါးရာခိုင်နှုန်း၊ သိန်း ၅,၀၀၁ ကျပ်မှ သိန်း ၁၀,၀၀၀ ကို ၁၀ ရာခိုင်နှုန်း၊ သိန်း ၁၀,၀၀၁ ကျပ်မှ ကျပ် သိန်း ၁၅,၀၀၀ ကို ၂၀ ရာခိုင်နှုန်းနှင့် ကျပ်သိန်း ၁၅,၀၀၁ ကျပ်မှ အထက်ကို ၃၀ ရာခိုင်နှုန်းကောက်ခံမည် ဖြစ်သည်။ ယခင်ဘာနှစ် ၂၀၁၄၁၅ တွင် အိမ်ခြံ မြေပေါ် ကောက်ခံသော အခွန်နှုန်းထားမှာ တစ်ကျပ်မှ ကျပ်သိန်း ၅၀၀ အထိကို အခွန် ၃ ရာခိုင်နှုန်း၊ သိန်း ၅၀၁ ကျပ်မှ ကျပ်သိန်း ၁,၀၀၀ ကို ငါးရာခိုင်နှုန်း၊ ကျပ် သိန်း ၁,၀၀၁ ကျပ်မှ ၁,၅၀၀ ကို ၁၀ ရာခိုင် နှုန်း၊ ကျပ်သိန်း ၁,၅၀၁ ကျပ်မှ ကျပ် သိန်း ၃,၀၀၀ ကို ၂၀ ရာခိုင်နှုန်း၊ ကျပ် သိန်း ၃,၀၀၀ အထက်ကို ၃၀ ရာခိုင်နှုန်း ကောက်ခံခဲ့သည်။ ထို့ပြင် ရန်ကုန်နှင့် မန္တလေးတွင် ဝယ်သူများအနေဖြင့် တံဆိပ်ခေါင်းခွန် ငါးရာခိုင်နှုန်း ပေးရမည်ဖြစ်ပြီး နေပြည်တော်တွင် သုံး ရာခိုင်နှုန်း ပေးရမည်ဖြစ်သည်။
၂၀၁၅ ခုနှစ် နိုင်ငံရေးအခြေအနေကို စောင့်ကြည့်နေခြင်း၊ စီးပွားရေးလုပ်ငန်းများရင်းနှီးမြှုပ်နှံ မှုများ ထပ်မံမပြုလုပ်ခြင်း၊ အစိုးရ က သက်တမ်းကုန်ဆုံးခါနီးသောကြောင့် လုပ်ငန်း စီမံကိန်း ကြီးများကို ဆက်လက် အကောင်အထည် မဖော်ခြင်းတို့ကြောင့် လည်း မြန်မာ့စီးပွားရေးသည် လေးလံထိုင်းမှိုင်း နေပြီး အကျိုးဆက်အားဖြင့် မြန်မာ့စီးပွားရေး ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သော အိမ်ခြံမြေ လုပ်ငန်းသည်လည်း အေးစက်လာခဲ့သည်။
သို့သော် ယခုပြဋ္ဌာန်းလိုက်သော အခွန် နှုန်းထားအသစ်ကြောင့် ဈေးကွက်အပေါ်တွင် သက်ရောက်မှုများရှိလာနိုင်ပြီး၊ ဈေးကွက် ပြန်လည်လှုပ်ရှားလာနိုင်ကြောင်း ဂလက်စီအိမ်ခြံမြေအကျိုးဆောင်က မြေပွဲစားတစ်ဦးဖြစ်သည့် ဒေါ်မြမြစိန်က ပြောသည်။
"သင်္ကြန်ပြီးရင်တော့ အိမ်ခြံမြေဈေးကွက် ပြန်လှုပ်ခတ်နိုင်ပါတယ်။ အခွန်နှုန်းအသစ်ကြောင့်လည်း အရောင်းအဝယ်ပြန်ဖြစ် လာ နိုင်တယ်။ မြေဈေးကွက် အရောင်းအဝယ် ပြန်လိုက်နိုင်ပါတယ်" ဟု ၎င်းကပြောသည်။
"အခွန်နှုန်းထားတွေ ပြောင်းလဲပေးမယ့် ဆောင်ချင်တဲ့လူတွေပဲ ဆောင်တာပါ" ဟု ပြည်တွင်း အခွန်များဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က ပြောသည်။ ဦးသိန်းစိန်ဦးဆောင်သည့် အစိုးရအသစ် တက်လာပြီးနောက်ပိုင်း စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းမှုများကြောင့် ရန်ကုန်တွင် အိမ်ခြံမြေဈေးကွက် ဖွံ့ဖြိုးလာခဲ့သည်။
၂၀၁၂ ခုနှစ်မှ စတင်ခါ အိမ်ခြံမြေဈေးနှုန်း များ စတင်မြင့်တက်ခဲ့ကာ ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီးများသာမက ပုသိမ်၊ တွံတေး၊ ကလော၊ မူဆယ်၊ ပဲခူး၊ ရှမ်းပြည်နယ်၊ ရခိုင် ပြည်နယ်နှင့် ချင်းပြည်နယ်ပါမကျန် တစ်နိုင်ငံ လုံးနီးပါး အိမ်ခြံမြေဈေးနှုန်းများ ထူးခြားစွာ မြင့်တက်ခဲ့သည်။
ရန်ကုန်မြို့လယ်၏ မြေ တစ်ပေပတ်လည်ဈေးနှုန်းသည် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ထက်ပင်မြင့်မားနေပြီ ဟူသော အသံများပင်ထွက်ပေါ် လာခဲ့သည်။
Ref : Myanamar Times
Photo Credit : mmbiztoday
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties