By 7days daily, Shweproperty.com
Updated at 19 July 2014
အိမ်ခြံမြေရောင်းဝယ် ခြင်းများသာမက ငှားရမ်းမှုများကို ပါအခွန်ကောက်ခံမည်ဖြစ်၍ ဈေး ကွက်ထိန်းချုပ်လိုက်သကဲ့သို့ဖြစ် သောကြောင့် အိမ်ခြံမြေဈေးနှုန်း များကျဆင်းသွားနိုင်ကြောင်းအိမ်ခြံမြေဈေးကွက်မှလုပ်ငန်းရှင်များကခန့်မှန်းပြောကြားသည်။
‘‘အငှား ဈေးကွက်ကိုပါ အခွန်ကောက်လိုက်ရင် နောက် ပိုင်းဆို အိမ်ခြံမြေဈေးတွေကကျ သွားနိုင်တယ်။ အခုအငှားမှာက အိမ်ရှင်ကြိုက်ဈေးခေါ်ပြီး ဈေး ကွက်လုပ်နေတော့ အငှားဈေး တွေကမြင့်နေတယ်။ အိမ်ခြံမြေ ဈေးမြင့်တာက အငှားဈေးများ တာကြောင့်လည်းပါတယ်ဆိုတေ ာ့အခုအငှားဈေးတွေ အခွန်နဲ့ထိန်း ချုပ်လိုက်ရင် ဈေးတွေက နောက် ပိုင်းမှာကျလာနိုင်တယ်’’ဟု အိမ် ခြံမြေဈေးကွက်မှ လုပ်ငန်းရှင် တစ်ဦးကပြောသည်။
ရန်ကုန်မြို့၏ အိမ်ခြံမြေ အရောင်းအဝယ်ဈေးကွက်တွင် နှစ်စဉ် ၂၅ ရာခိုင်နှုန်းထိမြင့်တက် နေပြီး အချို့နေရာများတွင် နှစ်ဆ ကျော်ထိဈေးနှုန်းမြင့်တက်မှုများ ရှိနေကြောင်း အိမ်ခြံမြေအကျိုး ဆောင်များကဆိုသည်။
အငှားဈေးကွက်တွင် ပုံမှန် တိုက်ခန်းများသည် နှစ်စဉ်ပျမ်းမျှ ၁၀ ရာခိုင်နှုန်းဈေနှုန်းများဆက် တိုက်မြင့်တက်နေပြီး ကွန်ဒိုတိုက် ခန်းများ၏အငှားဈေးနှုန်းမှာလည်း၃၅ ရာခိုင်နှုန်းကျော် မြင့်တက်မှုရှိနေကြောင်း အိမ်ခြံမြေအကျိုး ဆောင်များကပြောသည်။
‘‘အခု နောက်ပိုင်းဆို အရောင်းအဝယ် အငှားကတော့ လိုအပ်ချက်ကြောင့်များနေတော့ ဈေးကွက်က ပိုများနေတယ်။ ဒါပေမဲ့ လာမယ့်နှစ်မှာဆိုရင်တော့ အိမ်ခြံမြေဈေးတွေက မကျသေး ရင်တောင် ဆက်မတက်ဘဲငြိမ် သွားနိုင်တယ်’’ဟု prefect အိမ်ခြံ မြေအကျိုးတော်ဆောင်မှတာဝန် ရှိသူတစ်ဦးကပြောသည်။
အိမ်ခြံမြေ အငှားဈေးကွက်ကိုပါ သြဂုတ်မှစတင်ကာ အခွန်ကောက်ခံမှုများ ပြုလုပ်တော့မည်ဖြစ်ကြောင်း သက်ဆိုင်ရာအခွန်ရုံးများမှ အိမ်ခြံမြေဆိုင်ရာဆွေးနွေးပွဲများ၌ ပြောကြားထားကြောင်းသတင်းရရှိသည်။
လက်ရှိကာလအထိ အငှား ဈေးကွက်အတွက်ကောက်ခံမည့် ပုံစံနှင့် အခွန်နှုန်းထားများကို မထုတ်ပြန်သေးကြောင်း အိမ်ခြံ မြေလုပ်ငန်းရှင်များကပြောသည်။ဈေးတွေကိုလည်း ထိန်းချုပ်မယ် ဆိုရင် နောက်ပိုင်းကျရင်တော့ ဈေးတွေကျလာမယ်’’ ဟု မြန်မာ့ ရောင်ခြည် အိမ်ခြံမြေ အကျိုး ဆောင်လုပ်ငန်းမှ မန်နေဂျင်း ဒါရိုက်တာကပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ဇူလိုင် ၂၀ ရက်တွင် စမ်းချောင်း မြို့နယ်ရှိ အိမ်ခြံမြေလုပ်ငန်းရှင် ဦးရေ ၂၀၀ ခန့်ကို ရပ်ကွက်ဓမ္မာရုံ များသို့ခေါ်ယူ၍ အခွန်ဆောင် ထားခြင်းရှိ၊ မရှိစတင်ဆွေးနွေး သွားမည်ဖြစ်သည်။
ထိုမှတစ်ဆင့် မြို့တော်စည် ပင်၊ ပြည်တွင်းအခွန်ရုံးနှင့် ရပ် ကွက်အုပ်ချုပ်ရေးမှူးရုံးများမှ အခွန်မဆောင်ထားသူစာရင်းများ စုပေါင်း၍ စစ်ဆေးသွားမည်ဖြစ်သည်။ ထိုကဲ့သို့ပြုလုပ်ရခြင်းမှာ ကဏ္ဍအသီးသီး၌ အခွန်ရှောင်သူ ဦးရေ ၅၀ ရာခိုင်နှုန်းခန့်ရှိနေသော ကြောင့်ဖြစ်ပြီး အိမ်ရှင်အိမ်ငှား စာရင်းပေါ်ထွက်လာခြင်း၊ စာရင်း အမှန်ရရှိခြင်းနှင့် ပြည်သူများ အခွန်ဥပဒေအကြောင်းသိရှိစေ ရန်ရည်ရွယ်သည်ဟု အဆိုပါ အရာရှိကဆက်လက်ပြောသည်။
ပြည်တွင်းအခွန်ရုံးက နိုင်ငံ ပိုင် သတင်းစာများ၌ ဇွန်လမှ စတင်၍ အိမ်ရှင်များကိုအချက် အလက်နှင့် သုံးနှစ်စာ နောက် ကြောင်းပြန် အခွန်ဆောင်ခိုင်း သော်လည်း မြို့တွင်းရှိမြို့နယ် အနည်းငယ်သာလာဆောင်ကြ ပြီး ယနေ့အချိန်ထိ အိမ်ခြံမြေ အခွန်လာဆောင်သူဦးရေ ၁၀၀ သာရှိသေးသည်။
အခွန်ဆွေးနွေးပွဲများ ဆက် လက်ပြုလုပ်မည့် မြို့နယ်များမှာ လမ်းမတော်၊ ပန်းဘဲတန်း၊ လသာ၊ ပုဇွန်တောင်၊ ရန်ကင်း၊ တာမွေ အစရှိသောမြို့နယ်ပေါင်း ၂၀ ရှိရပ်ကွက်ပေါင်း ၂၀၃ ခု၌ပြု လုပ်သွားမည်ဖြစ်သည်။
ရန်ကုန်တိုင်း ဒေသကြီး အတွင်း ၂၀၁၃-၁၄ ဘဏ္ဍာနှစ် တွင် အခွန်ရရှိမှုပမာဏမှာ ကျပ် ၇၀၀ ဘီလီယံဝန်းကျင်ရှိသည်။ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်ပထမ လေးလအတွင်း ကျပ် ၂၂၆ ဘီလီယံရရှိထားပြီး ယခုနှစ်အတွက် လျာထားချက်မှာ ကျပ် ၆၁၄ ဘီလီယံဖြစ်ကြောင်း ပြည်တွင်းအခွန်ဦးစီးဌာနမှ သတင်းရရှိသည်။
Ref : 7days Daily
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties