By kumudra, Shweproperty.com
Updated at 7 May 2013
လက်ရှိသတ်မှတ်ထားတဲ့ အခွန် ၃၇ ရာခိုင်နှုန်းထက် ထပ်မံလျှော့ချခဲ့မယ်ဆိုရင် စီမံကိန်းနားက မြေကွက်တွေ သာမက မြို့ပြင်က မြေကွက်တွေပါ အရောင်းအဝယ် ပြန်လိုက်လာနိုင်တယ်လို့ သိရပါတယ်။
‘အခွန်လျှော့လိုက်ရင်တော့ ဝယ်ရောင်းတွေတိုးလာရင် အိမ်ခြံမြေဈေး အပြောင်းအလဲဖြစ်လာနိုင်တယ်၊ မြို့စွန်တွေ ဘက်မှာလဲဖြစ်လာနိုင်တယ်၊ မြို့စွန်ဘက်မှာလဲ ဝယ်ယူတဲ့ ရာခိုင်နှုန်းများလာနိုင်တယ်၊ မြို့ထဲကတော့ ရာခိုင်နှုန်းတက်မလာနိုင်ဘူး’လို့ အိမ်ခြံမြေအသင်းမှ ပြန်ကြားရေးတာဝန်ခံ ဦးခင်မောင်အေးက ပြောပါတယ်။
အခုလက်ရှိ အိမ်ခြံမြေဈေးကွက်အနေအထားအရ မြို့ထဲမှာ ပေ ၄၀× ပေ ၆၀ လောက်ကို ဝယ်လို့ရမယ့် ငွေပမာဏက မြို့ပြင်မှာ ဧကလိုက်ဝယ်လို့ရတာကြောင့် မြို့ပြင်ဘက်မှာ ဝယ်ယူတဲ့ရာခိုင်နှုန်း ပိုများလာပါတယ်။ ဒါ့အပြင် အခုနောက်ပိုင်းမှာ မြို့တွင်းကားပိတ်ဆို့မှုတွေကြောင့် လုပ်ငန်းတွေလည်း မြို့ပြင်ဘက်ကို ပြောင်းလာနိုင်ပြီး မြို့ပြင်ဘက်မှာ ဝယ်ယူမှုပိုများလာနိုင်ပါတယ်။
‘အခုဆိုရင် မြို့ပြင်မှာ ဖွင့်တာများတယ်၊ ကားပါကင်တွေ ကျပ်လာတော့မြို့ပြင်ဘက်မှာ သွားဖွင့်ကြတာ၊ မြို့ထဲမှာ ဈေးတွေတက်လာတော့ မြို့ပြင်မှာ ဈေးပေါပေါနဲ့ ဖွင့်လာကြတဲ့သူတွေရှိလာတော့ မြို့ပြင်က တက်လာတဲ့ ရာခိုင်နှုန်းပိုများတယ်’လို့ ရွှေကံမြေအကျိုးဆောင်မှ ဦးခင်မောင်အေးကပြောပါတယ်။
အခုလက်ရှိ အရောင်းအဝယ်ဖြစ်နေတာတော့ စီမံကိန်းနဲ့နီးတဲ့နေရာတွေ၊ တန်ဖိုးမျှတအိမ်ရာနဲ့ နီးတဲ့မြေကွက်တွေ အရောင်းအဝယ်ဖြစ်နေပြီး အခွန်သာ ထပ်လျှော့လိုက်မယ်ဆိုရင် အရောင်းအဝယ်ပိုဖြစ်လာနိုင်တယ်လို့ သိရပါတယ်။
‘အမှန်တကယ် အခွန်လျှော့လိုက်ရင် ဝယ်ရောင်းတွေကလဲ ဝယ်ကြမယ်၊ ပရောဂျက်တွေကလဲ အလုပ်တွေစနေပြီဆိုတော့ အရောင်းတွေက ပိုဖြစ်မယ့်သဘောရှိတယ်’လို့ ကောင်းကောင်း(၂)အိမ်ခြံမြေအကျိုးဆောင်မှ ဦးအောင်မိုးကျော်က ပြောပါတယ်။
အိမ်ခြံမြေဈေးနှုန်းတွေက တန်ဖိုးမျှတအိမ်ရာနဲ့ နီတဲ့နေရာတွေမှာဆိုရင် ပေ၈၀ x ပေ ၆၀ ကိုအရင်က ကျပ်သိန်း ၆၀၀ ရှိပေမဲ့ အခုကျပ်သိန်း ၇၀၀-၇၅၀ နီးပါးဖြစ်နေပါတယ်။ ပရောဂျက်နဲ့ နီးတဲ့နေရာတွေမှာဆိုရင် မြေကွက်ချည်းပဲ ပေ ၄၀ x ပေ ၆၀ ကိုအရင်က ကျပ်သိန်း ၃၀၀- ၃၅၀ လောက်သာရှိပြီး အခုအခါ ကျပ်သိန်း ၄၅၀ နီးပါးအထိရှိလာပါတယ်။ အခွန်ရာခိုင်နှုန်းချလိုက်ရင် အရောင်းအဝယ် ပိုဖြစ်လာနိုင်ပါတယ်။
Ref : Kumudra Journal
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties