By Ra Wai, Shweproperty.com
Updated at 30 July 2020
ရန်ကုန်မြို့တော်စည်ပင်သာယာပိုင် ကန်တော်ကြီး ကရဝိတ်ဥယျာဉ်ကမ္ဘာမြေနေရာအား ဟိုတယ်ခရီးဝန်ကြီးဌာန၊ ဟို တယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တင်ဒါခေါ်လိုက်သည့်အတွက် ဌာနအချင်းအချင်းညှိနှိုင်းမှုများ ပြုလုပ် နေကြောင်း သိရသည်။
ကရဝိတ်ဥယျာဉ်ကမ္ဘာမြေဧရိယာ ၁၉ ဒသမ ၁၁ ဧကကို ဇေကမ္ဘာကုမ္ပဏီသို့ ၂၀၁၀ စက်တင်ဘာလအတွင်းမှ နှစ် ၃၀ ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းစာရင်းစစ်ချုပ်၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိ ချက်အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနကလည်း ဇေကမ္ဘာကုမ္ပဏီက နှစ်ရှည်ငှားရမ်းလုပ်ကိုင်ခွင့်ရခဲ့သည့် ကန်တော်ကြီးဝင်းအတွင်းရှိ ကရဝိတ်ခန်းမနှင့်ဆက်စပ်လျှက်ရှိသည့် ယာဉ်ရပ်နားနေရာအပါအဝင် စုစုပေါင်း ၃.၄၅ ဧကရှိ ကရဝိတ်ခန်းမကို ပြည်တွင်းလုပ်ငန်းရှင် မည်သူမဆို ရယူလုပ်ကိုင်နိုင်ရန် ဇွန်လအတွင်းက အိတ်ဖွင့်တင်ဒါခေါ်ယူခဲ့သည်။
ဟိုတယ်ခရီးမှ တင်ဒါခေါ်လိုက်သည့် ယာဉ်ရပ်နားနေရာသည် စည်ပင်ပိုင်မြေဖြစ်ပြီး ကရဝိတ်ခန်းမကိုသာ ဟိုတယ်/ ခရီးက ပိုင်ဆိုင်ကြောင်းသိရသည်။ ထို့ကြောင့် အဆိုပါတင်ဒါခေါ်ယူမှုနှင့်ပတ်သက်၍ ကန့်ကွက်ထားကြောင်းနှင့် ဌာန အချင်းချင်း ညှိနှိုင်းနေကြောင်း စုံစမ်းသိရှိရသည်။
ဌာနအချင်းချင်းညှိနှိုင်းနေသည့် အချက်များနှင့်ပတ်သက်၍ ညှိနှိုင်းနေဆဲဖြစ်နေ၍ ကော်မတီသို့တင်ပြပြီးမှသာ ထုတ်ဖော်ပြောဆို၍ရမည်ဖြစ်ကြောင်း ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှူး ဦးကိုကိုလင်းကပြောသည်။
ကရဝိတ်ခန်းမ ငှားရမ်းခတင်ဒါခေါ်ယူခဲ့ခြင်းကိစ္စနှင့်ပတ်သက်၍ ဇူလိုင် ၈ ရက်နေ့တွင် တင်ဒါဖွင့်ဖောက်ရန် စီစဉ်ခဲ့သော်လည်း မြေဧရိယာနှင့်ပတ်သက်၍ စိစစ်ရန်ရှိနေခြင်းကြောင့် အစီအစဉ်ကို ခေတ္တဆိုင်းငံ့ထားသည်။
Credit : News Watch
Posted By: Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties