By Duwun, Shweproperty.com
Updated at 20 July 2016
ထောင်ဒဏ် ၁၀ နှစ် (သို့မဟုတ်) ငွေဒဏ်တပ်ရိုက်နိုင်တယ်လို့ ဆိုပါတယ်။
လက်ရှိအစိုးရအနေနဲ့ ဝင်ငွေအခွန်တစ်ခုတည်းပေါ်မှာ အဓိကထားနေတာကြောင့် အခွန်တိမ်းရှောင်တာတွေ ပြုလုပ်ရင် အရေးယူသွားမယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အခွန်တိမ်းရှောင်သူတွေကို ယခင်အစိုးရ လက်ထက်က ခေါ်ယူသတိပေး ဒဏ်ရိုက်တာတွေပဲလုပ်ခဲ့ပေမယ့် လက်ရှိအစိုးရလက်ထက်မှာ ဝင်ငွေခွန်ဥပဒေ၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေတွေနဲ့ အရေးယူတာတွေပြုလုပ် သွားမယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးမင်းထွဋ်က ပြောပါတယ်။
‘‘အခွန်ရှောင်တာကို အရေးယူမှုနည်းလမ်းအပြင် တခြားဘာရှိသေးလဲ၊ ဘာကြောင့်အခွန်ရှောင်တာလဲဆိုတာတွေကိုလည်း တစ်ချိန်တည်းအဖြေရှာဖို့ လိုတယ်’’လို့ စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက ပြောပါတယ်။ ဝင်ငွေခွန်ဥပဒေ၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေတွေနဲ့ အရေးယူမယ် ဆိုရင် ပြစ်ဒဏ် အခြေအနေပေါ်မူတည်ပြီး ထောင်ဒဏ် ၁၀ နှစ် (သို့မဟုတ်) ငွေဒဏ်တပ်ရိုက်နိုင်တယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်မှာ အခွန်ရှောင်သူတွေ ကို ဥပဒေအရ အရေးယူတာတွေ လုပ်နိုင်ဖို့ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ တရားလွှတ်တော်တို့တွေက တာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။
Ref & Photo Credit : Duwun
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties