By The Modern, Shweproperty.com
Updated at 14 March 2016
၂၀၁၆ ခုနှစ် ပြည်ထောင်စုအခွန်ကောက်ဥပဒေအရ ဝင်ငွေနည်းသူ (တစ်နှစ်ကို ၄၈သိန်း အောက်လျှောသူ) တွေအနေနဲ့ လစာဝင်ငွေခွန်ကျ သင့်မှာ မဟုတ်ဘဲ အခွန်ကင်းလွတ်ခွင့်ရရှိမှာဖြစ်ပါတယ်။
"တချို့က ငါတိုက အခွန်ဆောင်စရာမလိုဘူး၊ တစ်နှစ် ၄၈သိန်းမှ မရတာဆိုပြီးနေကြတယ် ၊ အမှန်က အခွန်မဆောင်ရပေမဲ့ (ဝ ရာခိုင်နှုန်း) အခွန်ထမ်းပြည်သူအဖြစ်နဲ့ ဝင်ငွေရလမ်းကို အခွန်ရုံးမှာလာတင်ထားရင် ရတဲ့ဝင်ငွေကို ငွေဖြူအဖြစ် သတ်မှတ်ပေးမှာဖြစ်လို့ ကားတို့အိမ်တို့ဝယ်တဲ့အခါဆောင်ရတဲ့ အခွန်စည်းကြပ်နှုန်းသက်သာသွားတာပေါ့" လို့ ပြည်တွင်းအခွန်ဦးစီးဌညနက ညွန်ကြားရေးမှူးက ပြောပါတယ်။
တစ်နှစ်တာ စုစုပေါင်း ဝင်ငွေ ၄၈သိန်းအောက်ရရှိသူတွေ အနေနဲ့ အခွန်စည်းကြပ်နှုန်း ( ဝ ရာခိုင်နှုန်း ) နဲ့ အခွန်မကျသင့်တဲ့ (အခွန်ထမ်း) သူတွေဖြစ်ပြီး သူတိုတင်ပြလာတဲ့ ဝင်ငွေအပေါ် ငွေဖြူ အဖြစ် သတ်မှတ် ပေးမှာဖြစ်တယ်လို့ သိရပါတယ်။ဝင်ငွေကို အခွန်မဆောင်ရပေမဲ့ တရားဝင်ရရှိထားတဲ့ဝင်ငွေဖြစ်တဲ့အတွက် ငွေဖြူအဖြစ် သတ်မှတ်ထားပြီး အိမ်ခြံမြေကား စတာတွေ ဝယ်ယူရာမှာ ပေးဆောင်ရမယ့်အခွန်နှုန်း သက်သာစေမှာဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၁၆ ပြည်ထောင်စု လွှတ်တော်ကနေ အတည်ပြုပြဠာန်းခဲ့တဲ့ အခွန်ကောက်ဥပဒေအရ အိမ်ခြံမြေကားဝယ်ယူမှုတွေမှာ အခွန်နှုန်း ၁၅ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်း အထိ ကျသင့်မှာဖြစ်ပါတယ်။
၂၀၁၆ ခုနှစ် ပြည်ထောင်စုအခွန်အကောက်ဥပဒေအရ အခွန်ထမ်းဆောင်ရပင်မဲ့ အခွန်မဆောင်ရသူတွေ၊ ဝင်ငွေရလမ်းကို မတင်ပြနိုင်သူတွေသာ အခွန်ပိုမိုကျသင့်မှာဖြစ်ပြီး သာမန်အခွန်ထမ်းပြည်သူတွေအတွက် ထိခိုက်မှုမရှိနိုင်ဘူးလို့ သိရပါတယ်။
ကုမ္ပဏီတွေအနေနဲ့ မိမိတို့ရဲ့ ဝန်ထမ်းလစာ စာရင်းတွေကို မြို့နယ်အခွန်ရုံးကို ပေးပို့ပြီး အခွန်မကျသင့်သူ၊ အခွန်ကျသင့်သူဆိုပြီး အခွန်ရုံးကနေ သတ်မှတ်ပေးမှာဖြစ်ပါတယ်။ အခွန်မကျသင့်သူ (တစ်နှစ်ကို ၄၈သိန်း အောက်လျှော့သူ) တွေအနေနဲ့ အခွန်မဆောင် ရသော်လည်းမိမိတို့ ဝင်ငွေအပေါ် ဝင်ငွေရလမ်းတင်ပြထားတဲ့အတွက် ငွေဖြူအဖြစ် သတ်မှတ်ပေးမှာဖြစ်လို့ ဝင်ငွေခွန်စည်းကြပ်မှု သက်သာစေမှာ ဖြစ်တယ်လို့ နေပြည်တော် ပြည်တွင်းအခွန်များဦးစီးဌာနက သိရပါတယ်။
Ref : The Modern
Photo Credit : Social
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties