By The Voice, Shweproperty.com
Updated at 16 September 2016
ရန်ကုန်တိုင်းဒေသကြီးအတွက် သတ်မှတ်ထားသည့် တစ်ပေပတ်လည် အိမ်၊ ခြံ၊ မြေ စံနှုန်းများအတွင်း မပါဝင်သည့် နေရာများကို လာရောက် အခွန်ဆောင် မည်ဆိုပါက ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး ဘုတ်အဖွဲ့က ကွင်းဆင်းလေ့လာ၍ လက်ရှိပေါက်ဈေးနှင့် ယှဉ်၍အခွန်နှုန်းထား သတ်မှတ်မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။
၂၀၁၄ ခုနှစ်က ထုတ်ပြန်ထားသည့် စံနှုန်းဟောင်းများဖြင့်သာလတ်တလောတွင် ကောက်ခံနေရသည့်အတွက် အခွန်ပေးဆောင်သူများ အခက်အခဲ မဖြစ်စေရန်အတွက် ယင်းသို့ လုပ်ဆောင်ခြင်းကြောင်း အဆိုပါ ဌာနထံမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွက် အိမ်၊ ခြံ၊ မြေ စံနှုန်းသစ်ကို မထုတ်ပြန်ခဲ့သည်မှာ (၂)နှစ် ရှိပြီဖြစ်ပြီး ပြီးခဲ့သည့်နှစ် ယခင်အစိုးရ လက်ထက်ကလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရကို တင်ပြခဲ့သော်လည်း အတည်မပြုခဲ့၍ စံနှုန်းဟောင်းဖြင့် ကောက်ခံခဲ့ခြင်းဖြစ်ကာ ယခုနှစ်တွင်လည်း တိုင်းအစိုးရအဖွဲ့ထံသို့ တင်ပြထားသည်မှာ (၃)လနီးပါး ကြာမြင့်ပြီဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။
စံနှုန်းများထုတ်၍ အခွန် ကောက်ခံနေသော်လည်း အရောင်းအဝယ်ပြုလုပ်ရာတွင် Special Power/General Power အသုံးပြု၍ ရောင်းချမှုများသာ များပြားကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ သိရသည်။
Ref : The Voice
Photo Credit : mmbiztoday
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties