By ဝိုင်းနန္ဒီထွန်း, Shweproperty.com
Updated at 25 September 2019
ရန်ကုန်မြို့ကမ်းနားလမ်းတစ်လျှောက်မှာ မောင်းနှင်နေတဲ့ ကွန်တိန်နာယာဉ်များ ရပ်နားနိုင်ဖို့အတွက် သန်လျင်မြို့နယ်ရှိ မြေ (၂၄)ဧကကျော်တွင် ယာဉ်ရပ်နားကွင်းတစ်ခုကို တည်ဆောက်ဖို့ စီစဉ်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောပါတယ်။
ယာဉ်အစီးရေများပြားတဲ့အပြင် ကိုယ်ထည်ကြီးမားမှုကြောင့် ယာဉ်ရပ်နားဖို့ အခက်အခဲရှိတဲ့အတွက် ယခုကဲ့သို့ စီစဉ်ဆောင်ရွက်နေတာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့ ကနေသိရပါတယ်။
သန်လျင်မြို့နယ်အတွင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက စီမံခန့်ခွဲတဲ့မြေနေရာမှာ တည်ဆောက် သွားမှာဖြစ်ပြီး၊ မြန်မာနိုင်ငံကုန်သေတ္တာယာသ်အသင်းကို ငှားရမ်းပေးသွားနိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ ကုန်တင်ယာဉ်တွေကို မနက်(၁၁)နာရီကနေ ညနေ (၃)နာရီအတွင်း ယာယီပြေးဆွဲခွင့်ပြုထား ပြီး၊ ညပိုင်းမှာ (၈)နာရီကနေ မနက်(၆)နာရီထိ ခွင့်ပြုထားကြောင်း၊ ကွန်တိန်နာယာဉ်အစီးရေ (၈၀၀၀)ကျော်ကို လည်း GPS တပ်ဆင်စောင့်ကြည့်မှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
Written By : ဝိုင်းနန္ဒီထွန်း (ShweProperty.com)
Photo Credit : Youtube
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties