By Myanmar Times, Shweproperty.com
Updated at 29 July 2015
ရန်ကုန်မြို့မဟာဗျူဟာစီမံကိန်း ၂၀၄၀ အရ တိုးချဲ့မယ့် မြို့နယ်ခုနစ်မြို့နယ်တွင် သန်လျင် မြို့နယ်သည် တတိယဦးစားပေးမြို့နယ်ဖြစ်ပြီး လူဦးရေနှစ်သန်းခန့် တိုးချဲ့နေထိုင်နိုင်ရန် မြေဧက ၂၀,၀၀၀ ကျော်ခန့် တိုးချဲ့ရန် ငွေကျပ် ၉၂၆ ဒသမ ၅၄ ဘီလျံအသုံးပြုသွားမည် ဖြစ်သည်။
ယခုချိန်တွင် ပဲခူးမြစ်တစ်ဖက်ကမ်းက သန်လျင်မြို့နယ်သည် ရန်ကုန်မြို့နှင့် ဆက်သွယ်ရန် တံတားနှစ်စင်းရှိနေပြီး မြို့လယ်ကောင်နှင့် သီလဝါအထူးစီးပွားရေးဇုန် ဆက် သွယ်သွားလာရန် အတွက်လည်း ထပ်မံ၍ တံတားနှစ်စင်းတည်ဆောက်ရန် ပြင်ဆင် လျက်ရှိသည်။ ၂၀၁၄ ခုနှစ်နှစ် ဆန်းပိုင်းက သီလဝါအထူး စီးပွားရေးဇုန် စီမံကိန်းကြောင့် သန်လျင် မြို့နယ် အိမ်ခြံမြေဈေးများ မြင့်တက်ခဲ့သော် လည်း နောက်ပိုင်းတွင် အိမ်ခြံမြေဈေးများ ငြိမ်သက် လျက်ရှိကြောင်း အိမ်ခြံမြေ အကျိုး ဆောင်များက ပြောသည်။
လက်ရှိအချိန်တွင် မြို့သစ်စီမံကိန်းနေရာများထဲတွင် ပါဝင်သော်လည်း သန်လျင်မြို့၏ မြို့ပြဖွံ့ဖြိုးမှုနှင့် အိမ်ခြံမြေဈေးကွက်မှာ သိသာစွာ တိုးတက်လာခြင်းမရှိကြောင်း ကျွမ်းကျင်သူများက ပြောသည်။ "အခုလောလောဆယ်မှာတော့ မြို့ပြစီမံကိန်းကြောင့် သန်လျင်မြို့နယ်က ထင် သလောက် ဖွံ့ဖြိုး တိုးတက်လာမှာ မဟုတ်လောက်ဘူး။ နောင် အဲဒီမြို့သစ်စီမံကိန်း တွေ တကယ်အကောင် အထည်ဖော်လာတော့မှ အခုလက်ရှိ သန်လျင်မြို့က ပိုစည်ကား လာပြီး ပိုဖွံ့ဖြိုးတိုးတက်လာမှာပါ။ အဲဒီတော့မှ နေထိုင်တဲ့သူလည်း ပိုများလာမှာဖြစ်ပါတယ်" ဟု အိမ်ခြံမြေအကျိုးဆောင် ကိုထွန်းထွန်းက ပြောသည်။ သန်လျင်မြို့နယ်သည် ၁၅ ရာစုကတည်း က တည်ထောင်ခဲ့သော မြို့တစ်မြို့ဖြစ်သော် လည်း ရန်ကုန်မြို့နှင့် ပဲခူးမြစ်ခြားနေခြင်း အပြင် ရေ၊ မီး စသည့်အခက်အခဲ များရှိနေခြင်း ကြောင့်လည်း မြို့ပြတစ်ခုသဖွယ် မစည်ကား ဘဲ ၁၉၉၃ ခုနှစ်တွင် ပထမဆုံးသန်လျင်တံတားတည်ဆောက်ခဲ့ပြီးချိန်က လူနေ ပိုမို များပြားလာခဲ့သည်။
ထို့ပြင် ၂၀၀၃ ခုနှစ်တွင် နောက်ထပ်ရန်ကုန်မြို့နှင့်ဆက်သွယ်သော တံတား တစ်စင်း ထပ်မံတည်ဆောက်ပြီးချိန်က သန်လျင်မြို့ ပိုမိုစည်ကားလာခဲ့ပြီး ထိုတံတား နေရာဝန်းကျင်များတွင် မြေဈေးများ အဆ မတန် မြင့်တက်ခဲ့ပြီး နေထိုင်သူများ၏ စိတ်ဝင်စားမှုကို ရရှိခဲ့သည်သန်လျင်တံတားတည်ဆောက်ပြီး နောက်ပိုင်းတွင် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာခြင်းနှင့် အတူ သန်လျင်မြို့နယ်သို့ ပြောင်းရွှေ့သူများလာပြီး ယခုထပ်မံတည်ဆောက် ထားသော သီလဝါစက်မှုဇုန်နှင့် သန်လျင် စက်မှုဇုန်များကြောင့် နေထိုင်သူများ၏စိတ်ဝင်စားမှုကို ရရှိထားသော သန်လျင် မြို့နယ်၏ အိမ်ခြံမြေဈေးများမှာ အနည်းငယ်တက်နေသော်လည်း သန်လျင်ဘက်သို့ ပြောင်းလာသူနည်းနေဆဲဖြစ်ကြောင်း အိမ်ခြံ မြေကျွမ်းကျင်သူများက ပြောသည်။ "သန်လျင်တံတားနားအနီးပတ်ဝန်းကျင်နားကို ဒီနှစ်ပိုင်းမှာ ကန်ထရိုက်တိုက်ဆောက် တာတွေများလာပြီး မြေဈေးတွေ၊ တိုက်ခန်း တွေ သိပ်မကြီးသေးတော့ နေထိုင်မယ့်သူတွေ ပြောင်းလာတာတွေတော့ ရှိတယ်။ တိုက်ခန်း ဈေးကလည်း အရမ်းမများဘဲ တချို့နေရာတွေမှာ စီးပွားရေးလည်းလုပ်လို့ကောင်းတော့ ပြောင်းလာတဲ့သူတွေတော့ ရှိကြတယ်" ဟု သန်လျင်မြို့ခံ မသီရိက ပြောသည်။
သန်လျင်မြို့စွန်နေရာအများစုမှာ လျှပ် စစ်မီးမရရှိပဲ လမ်းပန်းဆက်သွယ်ရေးကောင်း မွန်သည့် မြို့တွင်းနေရာများတွင်သာ လူနေ ထူထပ်မှုများကာ မြို့ပြဖွံ့ဖြိုးမှုလည်း များပြားကြောင်း သန်လျင်မြို့နယ်တွင် နေထိုင်သူများ က ပြောသည်။ သီလဝါအထူးစီးပွားဇုန် စတင်အကောင် အထည်ပေါ်လာသည့် နောက်ပိုင်းတွင် သန်လျင်မြို့သည် စီးပွားရေးလုပ်ငန်းရှင်များ၊ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စား ခြင်းကို ပိုမိုရရှိလာပြီး ၂၀၁၃ ခုနှစ်ခန့်တွင် စတင်ခါ အိမ်ခြံမြေဈေးနှုန်းများ သိသိသာ သာ မြင့်တက်ခဲ့ကာ အိမ်ခြံမြေဈေးကွက် လည်း ကောင်းမွန်ခဲ့ သည်။ သို့သော် သန်လျင်မြို့၏ အိမ်ခြံမြေဈေးကွက်သည် သီလဝါအထူးစီးပွားရေးဇုန်အနီးနှင့် ဇုန်အတွင်းရှိ မြေဈေးကွက်များကို ဈေးကစားသူများနှင့် ဝယ်ယူရင်းနှီးမြှုပ်နှံသူ များကြောင့် အဆမတန်ဈေးမြင့်တက်ခဲ့ရာမှ သန်လျင်မြို့တွင်း လူနေရပ်ကွက်များရှိ မြေ ဈေးနှုန်းများလည်း မြင့်တက်လာ ခဲ့သည်။ ယင်းကဲ့သို့ စီးပွားရေးဇုန်စီမံကိန်းကြောင့် ရန်ကုန်အရှေ့ပိုင်းတွင်တည်ရှိသည့် သန်လျင် မြို့၏ အိမ်ခြံမြေဈေးပြောင်းလဲခဲ့သော်လည်း မြို့ပြဖွံ့ဖြိုးမှုနှင့် လူနေထိုင်မှုမှာ ဒဂုံမြို့သစ် များကဲ့သို့ ဖွံ့ဖြိုးစည်ကားမှုမရှိကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။ "သန်လျင်က သီလဝါကြောင့်သာ အစပိုင်း မှာ အိမ်ခြံမြေဈေးတွေက အရမ်းတက်သွားတာ။ နောက်ပိုင်းမှာ အရောင်းအဝယ်တွေက လည်း ပုံမှန်ပြန်ဖြစ်သွားပြီး ဈေးတွေလည်း နည်းနည်းပြန်ကျသွားတယ်။ မြေအရောင်းအဝယ်တွေကလည်း အကွက်အသေးတွေလောက်ပဲ ဖြစ်တယ်။ အကွက်ကြီးတွေက အရင်တုန်းက ဈေးတွေအဆမတန်မြင့်ပြီး ဈေးကွက် ပြန်အေးတဲ့အချိန်မှာ အရောင်းအဝယ်လည်း မဖြစ်သလောက်ပဲ" ဟု Phoenix အိမ်ခြံမြေ အကျိုးဆောင် ကိုထွန်းထွန်းက ပြောသည်။
သန်လျင်မြို့တွင်းရှိ အိမ်ခြံမြေဈေးနှုန်း များမှာ ကျပ်သိန်း ၃၀၀ နှင့် ၄၀၀ ခန့်ရှိပြီး သီလဝါစက်မှုဇုန်မြေဈေးများမှာ ကျပ် သိန်း ထောင်ကျော်အထိ ပေါက်ဈေးရှိကြောင်း ဒေသခံ အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။
Ref : Myanmar Times
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties