By ဝိုင်းနန္ဒီ, Shweproperty.com
Updated at 4 March 2020
ရန်ကုန်မြို့ရဲ့ နိုင်ငံတကာအဆင့်မှီတည်ဆောက်ထားတဲ့ ကွန်ဒိုတွေထဲက တစ်ခုဖြစ်တဲ့ The Leaf Residence အိမ်ရာအရောင်းပြပွဲကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၂၉)ရက်နေ့ကနေ မတ်လ(၂)ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဆိုပါ အရောင်းပြပွဲကြီးကို ပရောဂျက်တည်ရှိရာ နေရာမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး၊ (၃၀)ရာခိုင်နှုန်း ငွေချေပြီးတာနဲ့ အခန်းအပ်နေထိုင်နိုင်အောင် စီစဉ်ပေးထားပါတယ်။ (၃၆)လအတိုးမဲ့ အရစ်ကျ စနစ်ကို The Leaf Residence ကနေ တိုက်ရိုက်ဝယ်ယူနိုင်မှာဖြစ်ပြီး နှစ်ရှည်အရစ်ကျဝယ်ယူချင်တဲ့သူတွေအနေနဲ့ ဘဏ်နဲ့ချိတ်ဆက် ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။
“ဒီတစ်ခေါက်ကျင်းပတဲ့ ပြပွဲကတော့ တစ်ခါတိုင်းထက်ကို ပိုထူးခြားတယ်။ ဘာလို့လဲဆိုတော့ အကောင်းဆုံး Payment Plan တစ်ခုပေးထားတယ်။ အဲ့တာကတော့ (၃)နှစ်အတိုးမဲ့ ငွေချေရမယ့် ပုံစံဖြစ်တယ်။ အဲ့ဒါအပြင် (၃)ရာခိုင်နှုန်း လျော့ဈေးပေးသေးတယ်။ ဒီတစ်ခေါက်ပြပွဲမှာ အခန်းပေါင်း (၇)ခန်းရောင်းချခဲ့တယ်။ The Leafe Residence အနေနဲ့ Shwe Property နဲ့ ပူးပေါင်းပြီး ရောင်းချခဲ့တဲ့ အခန်း စုစုပေါင်း (၂၁)ခန်း ရှိသွားပါပြီ" လို့ ShweProperty.com ၏ Project Sales Manager ဒေါ်လှမြတ်ရတနာက ပြောပါတယ်။
စင်္ကာပူနိုင်ငံအဆင့်မှီပုံစံ တည်ဆောက်ထားတဲ့ အဆင့်မြင့်တန်ဖိုးသင့်ကွန်ဒိုတစ်ခုဖြစ်ပြီးတော့ (၁၀၀)ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးသား ပရောဂျက်ဖြစ်တဲ့အတွက် ချက်ချင်းဝယ် ချက်ချင်းနေထိုင်နိုင်ပါတယ်။ (၁)စတုရန်းပေ ဈေးနှုန်းကို အမေရိကန်ဒေါ်လာ (၁၁၀)ကနေ စတင်ဝယ်ယူနိုင်ပြီးတော့ စုစုပေါင်းတာဝါ(၄)လုံးနဲ့ အထပ်ပေါင်း (၁၂)ထပ် ပါဝင်တဲ့ ကွန်ဒိုမီနီယံတစ်ခု ဖြစ်ပါတယ်။
Written By : ဝိုင်းနန္ဒီ (ShweProperty.com)
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties