By Yangon Media Group, Shweproperty.com
Updated at 5 September 2017
တန်ဖိုးနည်းအိမ်ရာများကိုစံချိန်စံညွှန်းများနှင့်အညီ ဆောက်လုပ်ထားခြင်း ဖြစ်ပြီး အရည်အသွေးကောင်းမွန် ကြောင်း အိုးအိမ်ဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်က ပြောသည်။ စက်တင်ဘာ ၂ ရက် ရန်ကုန် မြို့ဗိုလ်ချုပ်လမ်းရှိ ယခင်အိုးအိမ် ရုံးဟောင်းတွင် မြို့ပြနှင့်အိမ်ရာဖွံ့ ဖြိုးရေးဦးစီးဌာနမှ ပြုလုပ်သည့်တန်ဖိုးနည်းအိမ်ရာမဲဖောက် ရောင်းချပွဲတွင် ၎င်းကအထက်ပါအတိုင်းပြောသည်။
''တန်ဖိုးနည်းဆိုပေမယ့် အ ဆောက်အအုံတွေကို စံချိန်စံညွှန်းနဲ့အညီ ဆောက်လုပ်ထားတာဖြစ်ပါတယ်။ ကျွန်တော်တို့လက်လွတ် စပယ်ဆောင်ရွက်ခဲ့တာမဟုတ်ပါဘူး။ ကျွန်တော်တို့ဌာနတွင်းရှိတဲ့ အင်ဂျင်နီယာများကလည်း အရည်အသွေးမီ၊ မမီသွားရောက်စစ်ဆေးတယ်။ ဝင်ငွေနည်းတဲ့ ပြည်သူတွေ ဝယ်နိုင်စွမ်းရှိအောင် စီစဉ်ပေးတာ ဖြစ်လို့ တန်ဖိုးနည်းရခြင်းသာဖြစ်ပါတယ်။
တိုက်ခန်းတွေရဲ့ Quality ကို ခိုင်ခံ့မှုရှိအောင် စိတ်ချရအောင် ဆောက်လုပ်ထားပါတယ်'' ဟု အိုးအိမ်ဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်လွင်က ဒီမိုကရေစီတူဒေးသို့ စက်တင်ဘာ ၂ ရက်ကပြောသည်။
တန်ဖိုးနည်းအိမ်ရာတည် ဆောက်မည့်ကုမ္ပဏီများကိုလည်း သေသေချာချာစိစစ်ရွေးချယ်ခဲ့ခြင်း ဖြစ်ပြီး ဆောက်လုပ်ရာတွင်လည်း ဒီဇိုင်းပုံစံရေးဆွဲခြင်းမှစ၍ ဆောက်လုပ်ရေးလုပ်ငန်းခွင်အထိ စံချိန်စံညွှန်းမီစေရန် ကြီးကြပ်ဆောက်လုပ် ခြင်းဖြစ်ကြောင်း၊ Third Party Inspection က အနီးကပ် နေ့စဉ် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ဒုတိယ ညွှန်ကြားရေးမှူးချုပ်က ဆက်လက်ဆိုသည်။
''ဘယ်လိုစံချိန်စံညွှန်းနဲ့ အညီ ဆိုတော့ Myanmar National Building Code အရ ဒီစံချိန်စံညွှန်း နဲ့ ဘိလပ်မြေ၊ သံချောင်းအစရှိတဲ့ ပစ္စည်းပစ္စယတွေကိုလည်း Quality ကိုလည်း အရင်စစ်ဆေးပါတယ်။ ဒါ့အပြင်တည်ဆောက်တဲ့ နည်းပညာတွေကိုလည်း အဆင့်တိုင်း အဆင့်တိုင်းမှာ ကျွန်တော်တို့ သက် ဆိုင်ရာ အင်ဂျင်နီယာရော Third Party ရောစစ်ဆေးပါတယ်။ အဲ့လို စစ်ဆေးခဲ့တဲ့ အဆောက်အအုံတွေ ဖြစ်ပါတယ်။ ကျွန်တော် အာမခံပါ တယ်''ဟု ဒုတိယညွှန်ကြားရေးမှူး ချုပ်ကဆိုသည်။
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် နှစ်နှစ်အတွင်း လူနေတိုက်ခန်းပေါင်း ၈ဝဝဝ ကျော် ထပ်မံဆောက်လုပ်ရန်ရည်ရွယ် ထားကြောင်း သိရသည်။
Ref : Yangon Media Group
Photo Credit : Social
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties