By Myanmar Builders Guide, Shweproperty.com
Updated at 23 October 2019
#Unicode
မန္တလေးတိုင်းဒေသကြီးရှိသဘင်အနုပညာရျင်များအတွက်နေထိုင်ရေးအဆင်ပြေစေရန် သဘင်အိမ်ရာကိုတည်ထောင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)ထံမှသိရှိရသည်။
သဘင်အိမ်ရာအတွက် အစိုးရအဖွဲ့သို့တင်ပြ၍ မြေနေရာတောင်းခံခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကမြေ၁၀ဧက ခွင့်ပြုပေးခဲ့ကြောင်းသိရသည်။
သဘင်အိမ်ရာကိုပုလိပ်တံတားဦး လေယာဉ်ကွင်းသွား လမ်းဘေးဝဲယာတွင်တည်ဆောက်သွားမည်ဖြစ်ပြီး သဘင်အိမ်ရာတွင် လူနေတိုက်ခန်းများ ရုံးခန်းများ လေ့ကျင့်ရေးဇာတ်ရုံငယ်များ ပြဇာတ်ပစ္စည်းထုတ်လုပ်သည့်အလုပ်ရုံများ ပန်းပုအလုပ်ရုံများ ဈေးများ အားကစားကွင်းငယ်များ ကားပါကင်များ ပါဝင်မည်ဖြစ်ကြောင်းသိရှိရသည်။
သဘင်အိမ်ရာတွင်လူနေတိုက်ခန်းပေါင်း၃၀၀ခန့်ပါဝင်မှာဖြစ်ပါတယ်။တိုက်ခန်းများကိုကနဦးdown payment ၂၀% ပေးသွင်းရမှာဖြစ်င်္ပြီးကျန်ငွေများကို၁၅နှစ်လစဉ်အရစ်ကျပေးသွင်းသည့်စနစ်ဖြင့်ရောင်းချပေးမှာဖြစ်ကြောင်းသဘင်အနုပညာရှင်များသာဝယ်ယူနိုင်မည်ဖြစ်ပြီးသဘင်အနုပညာရှင်များကလည်းသဘင်အနုပညာရှင်မဟုတ်သည့်သူများကိုပြန်လည်ရောင်းချခွင့်မပြုကြောင်း သိရှိရသည်။
#Zawgyi
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties