By pyimyanmar, Shweproperty.com
Updated at 13 June 2014
သီလဝါ အထူးစီးပွားရေးဇုန်တွင် ပထမဆုံးရင်းနှီးမြှုပ်နှံခွင့်ရသည့် ကုမ္ပဏီနှစ်ခုကို သီလဝါစီမံခန့်ခွဲမှု ကော်မတီက သတင်းထုတ်ပြန်ရာ တွင် ဂျပန်နိုင်ငံမှ ကားထုတ်လုပ်ရေးကုမ္ပဏီနှင့် အမေရိကန်မှအဖျော်ယမကာ ထုတ်လုပ်ရောင်းချသည့် ကုမ္ပဏီတို့ ဖြစ်ကြောင်း Kyodo News ၏ ဇွန်လ ၇ ရက်က ရေးသား ဖော်ပြချက်အရသိရသည်။
လက်ရှိတွင်နိုင်ငံပေါင်း ၁၁ နိုင်ငံမှ ကုမ္ပဏီပေါင်း ၄၅ ခုက သီလဝါတွင် ရင်းနှီးမြှပ်နှံခွင့်ရရေးအတွက် တင်ပြထားပြီးဖြစ်သော်လည်း ပထမဆုံးတရားဝင် လက်မှတ်ရေးထိုးနိုင်သည့် ကုမ္ပဏီနှစ်ခုမှာဂျပန်နှင့် အမေရိကန် ကုမ္ပဏီတို့ဖြစ်ကြောင်းသိရကာ ယခုလကုန်ပိုင်းတွင် စက်ရုံတည်ဆောက်ခွင့်ရပြီဟု သိရသည်။ Kyodo News ဖော်ပြချက်အရ အမေရိကန်ကုမ္ပဏီမှာ Ball Corp ဖြစ်ပြီး ၎င်းသည်ဒေါ်လာ သန်း ၄၀ ခန့်အသုံးပြုပြီး Coca Cola နှင့်ပူးပေါင်းကာ အဖျော်ယမကာစက်ရုံတည်ဆောက်သွားရန်အတွက် ပြီးခဲ့သော ရက်ပိုင်းက စာချုပ်ချုပ်ခဲ့ကြောင်း၊ အလားတူပင် ဂျပန်သံအမတ်ကြီး မစ္စ တာ Takeshi Higuchi ၏ပြောကြားချက်အရ ဂျပန်ကားထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုတို့ဖြစ်ကြောင်း ကုမ္ပဏီကို ထုတ်ဖော်ပြောကြားခြင်းမပြုကြောင်း သိရသည်။ စီးပွားရေးအသိုင်းအဝိုင်းမှ သတင်းအချို့တွင် ဂျပန်ကားထုတ်လုပ်ရေးစက်ရုံမှာ Suzuki ဖြစ်နိုင်ပြီး ကုမ္ပဏီပေါင်း ၄၅ ခုထံမှ ၂ ခုကိုသာ ပထမဆုံးချုပ်ဆိုခဲ့ ကြခြင်းဖြစ်ကြောင်းသိရသည်။
သီလဝါမြေကွက်များကို နှစ် ၅၀ လုပ်ကိုင်ခွင့်ဖြင့် နှစ်ရှည်ငှားရမ်းသုံးစွဲပေးရာတွင် တစ်စတုရန်းမီတာ ( ၁၀ စတုရန်းပေ) လျှင် ဒေါ်လာ ၇၀ နှုန်းသာရှိကြောင်း သိရပြီး လက်ရှိစက်မှုဇုန်မြေပေါက်ဈေးထက် အဆများစွာ နိမ့်ကျနေသောဈေးနှုန်းဖြစ်နေသည်ဟုသိရသည်။ သီလဝါတွင် ရင်းနှီးမြှုပ်နှံရန်အဆိုပြုထားသော ကုမ္ပဏီများအနေဖြင့်လည်း ဂျပန်နိုင်ငံကအများဆုံးဦးဆောင်နေပြီး ဟောင်ကောင်၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား စသဖြင့် နိုင်ငံစုံပါဝင်ကာ ဇုန်စီမံခန့်ခွဲမှု ကော်မတီ၏ ပြောကြားချက်ဖြစ်သော အလုပ်အကိုင်အခွင့်အလမ်းပေးနိုင်မည့် ကုမ္ပဏီကိုသာ ရွေးချယ်မည်ဟုဆိုသည့် အချက်ကို မဖြစ်မနေထည့်သွင်းစဉ်းစားရန် လိုအပ်နေပြီဟု သိရသည်။
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties