By mizzima, Shweproperty.com
Updated at 1 July 2013
သီလဝါဆိပ်ကမ်းတည်ဆောက်ရန် နေ ရာရွှေ့ပြောင်းဖယ်ရှားပေးရမည့် ဒေသခံ များအတွက် လျော်ကြေးနှင့် အစားထိုးမြေ နေရာကိစ္စကို လာမည့် ရက်သတ္တတစ်ပတ် အတွင်းအဖြေထွက်မည်ဟု ဆိပ်ကမ်းအာ ဏာပိုင်ဌာနမှ အထွေထွေမန်နေဂျာ ဦးမြင့် ကျော်က ကတိပေးလိုက်သည်။
ဖယ်ရှားခံရမည့် ဒေသခံများကို ဆိပ် ကမ်းအာဏာပိုင်က ဇွန် ၃ဝ ရက်တွင် ရန်ကုန် မြို့ ပန်းဆိုးတန်းလမ်းရှိ ယင်းဌာန၏ရုံးခန်း၌ ခေါ်ယူတွေ့ဆုံညှိနှိုင်းစဉ် ¤င်းက ယခုလို ပြောကြားလိုက်ခြင်းဖြစ်သည်။
ညှိနှိုင်းပွဲတွင် အစိုးရဌာနဘက်မှ ပါဝင် ခဲ့သည့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနမှမန်နေဂျာ ဦးထိန်လင်းက ''ကျွန်တော် တို့ အဲဒီအပိုင်းမှာရှိတဲ့ ဒေသခံတွေနဲ့ ခေါ်ညှိ တယ်ဆိုတာကလည်း သူတို့ဘာတွေ ပြော ချင်တယ်၊ ဘာတွေ လုပ်ချင်တယ်ဆိုတာ တွေကို သေချာသိရအောင်ပါ။ အတတ်နိုင် ဆုံးလည်း ညှိနှိုင်းလုပ်ဆောင်ပေးချင်လို့ပါ'' ဟုလည်း ဆိုသည်။
နေရာရွှေ့ပြောင်းကြရမည့် ဒေသခံများ သည် လျော်ကြေးကို ကာလပေါက်ဈေးအ တိုင်း ပေးရန်တောင်းဆိုထားသလို၊ နေရာ ရွှေ့ပြောင်းပေးလျှင်လည်း နေရာသစ်တွင် အစိုးရက အိမ်များပြန်ဆောက်ပေးရန် တောင်း ဆိုထားကြသည်။
ထို့ပြင် ဒေသခံအများစုသည် ရေလုပ် သားများဖြစ်နေသဖြင့် လက်ရှိနေထိုင်နေ သော နေရာမှ ပြောင်းရွှေ့ရမည်ဆိုပါက အသက်မွေးနေသည့် အလုပ်အကိုင်ပျောက် ဆုံးမည်ကို စိုးရိမ်နေကြသည်ဟု ဒေသခံ ဦးအေးထွန်းက ပြောသည်။
သီလဝါဆိပ်ကမ်းဆောက်လုပ်ရန်အတွက် စုစုပေါင်းဧက ၁၅ဝဝ ကျော်ကျယ်ဝန်းသော မြေနေရာပေါ်တွင် နေထိုင်ကြသည့် အိမ် ထောင်စု ၃ဝဝ ကျော်သည် ရွှေ့ပြောင်းပေးရ မည်ဖြစ်သည်။ ပြောင်းရွှေ့ကြရမည့် ဒေသခံ များသည် ကျောက်တန်းမြို့နယ်အတွင်းရှိ သီတာမြိုင်ရပ်ကွက်၊ အေးမြသီတာရပ်ကွက် နှင့် ဘေးပေါက်ချောင်းရွာတို့တွင် နေထိုင်သူ များဖြစ်ကြသည်။
ပြည်တွင်းရေကြောင်းဌာနမှ မန်နေဂျာ ဦးထိန်လင်းက''လက်ရှိပေါက်ဈေးလို့ တောင်း တဲ့နေရာမှာ ပြဿနာက ရှိလာနိုင်တယ်။ အစိုးရဘက်က သူတတ်နိုင်သလောက် ပေး နိုင်သလောက်ပဲ ပေးလိမ့်မယ်။ ပုဂ္ဂလိကဆို ရင်တော့ သူတို့အကျိုးအမြတ်ရှိရင် ရှိသလို ပေးမှာပေါ့''ဟုဆိုသည်။
Ref : Mizzima
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties