By Messenger, Shweproperty.com
Updated at 29 May 2015
သီလဝါ စက်မှုဇုံ အတွင်းရှိ အကွက် အမှတ် (၂၀)နှင့် (၂၁) ၊ (၂၁) နှင့် (၂၂) ကြားရှိ အိမ်ထောင်စု (၁၆၃)စု ကျော်အား မြေနေရာ အစားထိုး ချထားပေးသွားမည် ဖြစ်ကြောင်း ယမန်နေ့က ကျောက်တန်းမြို့နယ်၊ ရွှေမှော်ဝန်း သာသနာ့ ဗိမာန်တွင်ပြုလုပ်သည့် ပြန်လည် နေရာချထားရေး အလုပ်ရုံ ဆွေးနွေးပွဲမှ သိရသည်။ ““သူတို့ကိုယ်တိုင် သူတို့ နေမယ့်နေရာကို သွားဝယ်တာပါ။ ပြီးတော့မှ အိမ်ဆောက်ခိုင်းတာတွေ၊ ဆေးပေးခန်း လုပ်ခိုင်းတာတွေ၊ဓမ္မာရုံလုပ်ခိုင်းတာတွေ၊သူတို့ တောင်းဆိုတာတွေကို လုပ်ပေးသွားမှာပါ။ ဒါပေမဲ့ ဒေသခံတွေနဲ့ ညှိနှိုင်းဖို့က သူတို့ရဲ့အသက်မွေး ဝမ်းကျောင်းဆိုင်ရာ ကိစ္စတွေကို ဘယ်လို ပြေလည်အောင် လုပ်ပေးနိုင်မှာလဲ ဆိုတာပါပဲ””ဟု အဆိုပါ စီမံကိန်းများပြုလုပ်သွားမည့် စင်ကာပူ အခြေစိုက် Wilmar Investment Holding Pte.Ltd နှင့် ပူးပေါင်းလုပ်ကိုင်မည့် Resources Group မှ အထွေထွေ မန်နေဂျာ ဦးဝင်းမြင့်က The Messenger Media သို့ ပြောသည်။ လက်ရှိတွင် ဒေသခံများ နေထိုင်မည့် လယ်မြေများအားမြို့ပြမြေ အဖြစ် ပြောင်းလဲနေကြောင်း ၎င်းက ထပ်မံပြောသည်။ အဆိုပါ အကွက် အမှတ်များတွင် စင်ကာပူ အခြေစိုက် ကုမ္ပဏီ အနေဖြင့် ဘက်စုံသုံး နိုင်ငံတကာ အဆင့်မီ ဆိပ်ခံတံတား၊စိုက်ပျိုးရေးသုံးဆက်စပ်ပစ္စည်းများ၊ထုတ်လုပ်ရေးနှင့် ဆက်စပ် အဆောက်အဦများ၊တည်ဆောက်ရေး စီမံကိန်းများကို ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ ““လက်ရှိအခြေအနေကဘယ်အချိန် ပြောင်းရမယ်၊ ရွှေ့ရမယ်ဆိုတာကုမ္ပဏီကတိတိကျကျမပြောသေးဘူး။ မြေနေရာတွေ ဝယ်ထားတယ်ဆိုပေမယ့် အကွက်က အခုမှ ရိုက်တုန်း ရှိသေးတယ်။ ဒေသခံ ရွာသားတွေ တောင်းဆိုတဲ့ အတိုင်းကို ကုမ္ပဏီက ဆောင်ရွက်ပေးမယ်လို့တော့ ပြောပါတယ်။ ဒေသခံတွေက အများဆုံး လုပ်ကိုင်တာက ရေလုပ်ငန်း ဖြစ်တဲ့အတွက် ဒီပေါ်မှာ ဘယ်လို ဖြေရှင်းပေးမလဲ ဆိုတာ ကြည့်ရမှာပါ””ဟု သီလဝါ ဒေသခံ လူမှုဘ၀ ဖွံ့ဖြိုးရေး အဖွဲ့ဝင် ဦးစိုးသိမ်းက ပြောသည်။ အဆိုပါအိမ်ထောင်စုများသည် ကျောက်တန်း ဘေးပေါက်ကျေးရွာတွင် နှစ်နှစ်ဆယ်နီးပါး နေထိုင်ခဲ့ပြီး၊ နေ့စား အလုပ်၊ ကျပန်း အလုပ်နှင့်ရေလုပ်ငန်းများကို လုပ်ကိုင်ကြရာ (၇၄) ရာခိုင်နှုန်းသည် ရေလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြောင်း သိရသည်။ လက်ရှိ ပြောင်းရွှေ့ရန်လျာထားသည့် နေရာသည် ညောင်ဝိုင်း ကျေးရွာအုပ်စု ဖြစ်ပြီး၊ အိမ်ထောင်စု တစ်စုလျှင် ပေ (၄၀)၊ (၅၀) အကျယ်ရှိသည့်မြေကွက်နှင့် သွပ်မိုးပျဉ်ကာ အိမ်တစ်လုံး၊အဝီစိတွင်းတစ်တွင်း၊လျှပ်စစ်မီး၊သောက်ရေကန်၊ဓမ္မာရုံတို့ကို ဆောက်လုပ်ပေးမည် ဖြစ်ကြောင်း သိရသည်။ Ref : Messenger
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties