By အေးသူစံ, Shweproperty.com
Updated at 5 June 2014
သီလဝါအထူးစီးပွားရေးဇုန်တွင် မြေကွက်များ စတင် ရောင်းချသည့် တစ်လအတွင်း စက်ရုံတည်ဆောက်ရန် ကမ္ဘာ့ နိုင်ငံပေါင်း ၁၀ နိုင်ငံမှ ကုမ္ပဏီပေါင်း ငါးဆယ်ကျော်နှင့် ဆွေးနွေးနေပြီး မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များလည်း ပါဝင်နေကြောင်း မြန်မာ−ဂျပန် သီလဝါဖွံ့ဖြိုးတိုးတက်မှုလီမိတက် ဥက္ကဋ္ဌ မစ္စတာ တာကာရှီက ပြောကြားသည်။
ပထမအဆင့် (Class A စီမံကိန်း) မြေကွက်များကို မေလက စတင်ရောင်းချခဲ့ပြီး ရင်းနှီးမြှုပ်နှံရန် လာရောက်ဆွေးနွေးသည့် ကုမ္ပဏီပေါင်း ၅၀ ကျော် ရှိကြောင်း ၎င်းက ပြောကြားသည်။
‘‘ဂျပန်၊ ဟောင်ကောင်၊ ထိုင်း၊ စင်ကာပူ၊ မြန်မာ၊ တရုတ်၊ တောင်ကိုရီးယား၊ ဆွီဒင်၊ အမေရိက၊ ဗီယက်နမ်နဲ့ ထိုင်ဝမ်တို့ဖြစ်ပါတယ်။ မြန်မာ ကုမ္ပဏီတွေမှာတော့ ပလတ်စတစ် အပိုပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်းနဲ့ သံရည်ကျို သံချည်သံကွေးလုပ်ငန်းတွေ ပါပါတယ်’’ ဟု ၎င်းကပြောကြားသည်။
မြေကွက်များ ရောင်းချပြီး မကြာမီ ယခု ရက်ပိုင်းအတွင်း အမေရိကန် ကုမ္ပဏီတစ်ခုနှင့် စက်ရုံတည်ဆောက်ရန် ပထမဆုံးအကြိမ် သဘောတူလက်မှတ်ရေးထိုးရန် နှစ်ဖက်ဆွေးနွေးမှုများ ပြု လုပ်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်ဒုတိယသံအမတ် မစ္စတာ မာရုယာမက ပြောကြားသည်။
သီလဝအထူးစီးပွားရေးဇုန်သည် မြေဟက်တာ ၂၄၀၀ အနက် ဟက်တာ ၄၀၀ တွင် တည်ဆောက်ရေးစီမံကိန်းများ စတင်ပြုလုပ်နေပြီး ယင်းနေရာတွင် နေထိုင်သည့် ဒေသခံများအား နိုင်ငံတကာ အဆင့်နှင့်အညီ မြေယာသီးနှံ၊ နေအိမ်လျော်ကြေးများ ပေးအပ်ခဲ့သည်။
ယင်းဟက်တာ ၄၀၀ တွင် စီမံကိန်းများကို ၂၀၁၅ ခုနှစ်၌ အပြီးသတ် ပြုလုပ်ရန် ရည်မှန်းထားကြောင်း မြန်မာ-ဂျပန် သီလဝါဖွံ့ဖြိုးတိုးတက်မှုလီမိတက်က သတင်းထုတ်ပြန်ထားသည်။
သီလဝါအထူးစီးပွားရေးဇုန် စီမံကိန်းသည် မြန်မာ−ဂျပန် နှစ်နိုင်ငံ အစိုးရပုဂ္ဂလိက အကျိုးတူ ပူးပေါင်းလုပ်ကိုင်ခြင်းဖြစ်ပြီး လုပ်ငန်းအကျိုးအမြတ်ကို မြန်မာက ၅၁ ရာခိုင်နှုန်းနှင့် ဂျပန်က ၄၉ ရာခိုင်နှုန်းပိုင်ဆိုင်သည်။
Ref : MM Times
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties