By The Kumudra, Shweproperty.com
Updated at 5 April 2016
သင်္ကြန်တွင်းမဏ္ဍဆောက်လုပ်မှုကန့်သတ်ချက်တွေ ဖြစ်ပေါ်နေတာကြောင့် မဏ္ဍပ်ဆောက်လုပ်ခွင့် ပါမစ်နဲ့ ဆောက်လုပ်ဖို့မြေနေရာဈေး ကွက်တွေက သိန်းတစ်ထောင်ဝန်းကျင်ကနေ သိန်းနှစ်ထောင်နီးပါးအထိ ဈေးကွက်တွေဖြစ်ပေါ်နေတယ်လို့ မဏ္ဍပ်နေရာပြန်လည် ရှာဖွေနေသူတွေဆီက သိရပါတယ်။
"အခုက စီးပွားဖြစ်မဏ္ဍပ်တွေကို ဆောက်လုပ်ခွင့်မပေးတာနဲ့ ပတ်သက်ပြီး အရင်ဆောက်နေကျ လမ်းတွေကို ပါမစ်မပေးတော့ နေရာတွေ အစကနေ ပြန်ရှာရတယ် ၊ ချက်ချင်းကြီးပြောင်းလိုက်တော့ မြေနေရာတွေက အရင်ကထက်ပိုဈေးတက်တယ် ၊ အင်းလျားလမ်းဘက်တွေမှာဆို ခြံရှေ့မြေငှားတာကို ကျပ်သိန်း ၁၅၀၀ လောက်အထိ ဈေးခေါ်နေကြတယ်" လို့ မဏ္ဍပ်စီစဉ်ဆောက်လုပ်သူတစ်ဦးထံက သိရပါတယ်။
လက်ရှိအခြေအနေမှာ တချို့မဏ္ဍပ်တွေက ဈေးကွက်ထဲ လက်မှတ်တွေရောင်းချပြီးဖြစ်နေတာကြောင့် ဆောက်လုပ်ဖို့နေရာကို ပြန်လည် ရှာဖွေနေရာတာတွေရှိသလို တချို့မဏ္ဍပ်တွေကတော့ မရှာတော့ဘဲ ငွေပြန်အမ်းဖို့လုပ်ဆောင်နေကြတာတွေလည်း ရှိပါတယ်။ ဆောက်လုပ်ခွင့်ရပြီး မဏ္ဍပ်တွေကတော့ လက်ရှိမှာ ဈေးနှုန်းမြင့်တင်တာတွေရှိပေမဲ့ မြေနေရာရွှေ့ပြောင်းရတဲ့စီစဉ်သူတွေကတော့ ကားအကြိုအပို့လို ဝန်ဆောင်မှုတွေပေးပြီး ဖောက်သည်တွေကို ပြန်လည်ဆက်သွယ်နေရတာတွေရှိနေပါတယ်။
ဒါ့အပြင် မဏ္ဍပ်ဆောက်လုပ်ခွင့်ပါမစ်တွေကိုလည်း မှောင်ခိုဈေးနဲ့ ရောင်းချတာတွေရှိပြီး ဈေးနှုန်းတွေကလည်း နေရာပေါ်မှုတည်ပြီး သိန်းတစ်ထောင်မှ သိန်း ၁၂၀၀ လောက်အထိ ဈေးတွေပြောင်းလဲနေပါတယ်။ တချို့မဏ္ဍပ်တွေကတော့ ဆောက်လုပ်ဖို့ နေရာပြောင်းလဲပြီးဖြစ်ပေမဲ့ လက်ရှိအချိန်ထိ နေရာမရသေးတဲ့ မဏ္ဍပ်တွေလည်းရှိနေတယ်လို့ သိရပါတယ်။
ကမ္ဘာအေးဘုရားလမ်းနဲ့ ကန်တော်ကြီးပတ်လမ်းက မဏ္ဍပ်တွေကတော့ ပြည်လမ်းမှာ လာရောက်ပြောင်းလဲဆောက်လုပ်တာတွေရှိပေမဲ့ အင်းလျားလမ်းဘက်မှာတော့ မြေနေရာဈေးမြင့်တက်မှုတွေကြောင့် ဆောက်လုပ်တဲ့ မဏ္ဍပ်မရှိသလောက်နည်းပါးနေတယ်လို့ သိရပါတယ်။
မဏ္ဍပ်ရေကစားလက်မှတ်တွေကိုတော့ အခုချိန်မှာ မရောင်းချသေးဘဲ စောင့်ကြည့်တာတွေရှိသလို ဝယ်ယူပြီးသူတွေက ပြန်လည်ရောင်းချနေ တာတွေလည်း ရှိနေပါတယ်။ ဈေးနှုန်းကတော့ ဝန်ဆောင်မှုပေါ်မူတည်ပြီး ကျပ် ၄၅,၀၀၀ ဝန်းကျင်ကနေ ကျပ် ၁၂၀,၀၀၀ ဝန်းကျင်လောက် အထိ ဈေးနှုန်းတွေရှိပြီး VIP မဏ္ဍပ်လက်မှတ်တွေကတော့ ကျပ်သုံးသိန်းဝန်းကျင်ကနေ ကျပ် ၁၅ သိန်းလောက်အထိ ဈေးနှုန်းတွေဖြစ်ပေါ်နေတယ် လို့ သိရပါတယ်။
Ref : The Kumudra
Photo Credit : thaipbs
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties