By The Trade Times, Shweproperty.com
Updated at 30 June 2015
ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီ၊ အင်ဂျင်နီယာ (အဆောက်အအုံ)ဌာနသို့ အဆောက် အအုံ ဆောက်လုပ်ခွင့် ပါမစ်မကျမီ ခွင်ပြုချက်မဲ့ ဆောက်လုပ်သော အဆောက်အအုံအလုံးရေ ၂,ဝဝဝ ကျော်မှ တရားစွဲဆိုထားသည့်အမှု ပေါင်း ၈ဝဝ ကျော်မှာ သင်္ဃန်းကျွန်း မြို့နယ်တွင် အများဆုံးဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာ ယာရေး ကော်မတီမှ ခွင့်ပြုချက်မဲ့ အဆောက်အအုံများအား ၂ဝ၁၂ ခု နှစ်မှ စတင်၍ စီမံချက်ရေးဆွဲကာ သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်အုပ် ချုပ်ရေးမှူးများနှင့် ပူးပေါင်းကာ သတိ ပေးတားမြစ်စာများ ပေးပို့ထားသလို ရှင်းလင်းပွဲများ ပြုလုပ်ခြင်း၊ အ ဆောက်အအုံဆိုင်ရာ သတ်မှတ်ချက် အချို့အား ဖြေလျှော့ပေးခဲ့ပြီး ကြို တင် ဆောက်လုပ်သည့် ဒဏ်ကြေး တစ်စတုရန်းပေလျှင် ကျပ် ၇၅ဝ၊ ပိုမို ဆောက်လုပ်ဒဏ်ကြေး တစ်စတုရန်း ပေ ကျပ်၂,၂၅ဝ နှုန်းဖြင့် ဒဏ်ကြေး ပေးဆောင်စေပြီး စိစစ်ခွင့်ပြုပေးခဲ့ ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ အင်ဂျင်နီ ယာ (အဆောက်အအုံ) ဌာနမှ သိရ သည်။
”အခက်အခဲရှိလို့ လာပြောရင် အချိန်ယူပြီး နားထောင်ပေးတယ်။ ကိုယ်လုပ်ပေးနိုင်တဲ့အရာဆို တစ်ခါ တည်းနဲ့ လုပ်ပေးလိုက်တယ်။ ဒီကို လာတဲ့သူ အများကတော့ ကန်ထ ရိုက်က ထွက်ပြေးလို့လာကြတာများ တယ်။ တချို့က လောဘနဲ့လုပ်တဲ့ မြေရှင်ရှိသလို တချို့ကျတော့လည်း မသိနားမလည်လို့ ကန်ထရိုက်နဲ့ ပွဲစား ရဲ့စကားကို ယုံပြီး အပ်လိုက် တာတွေလည်း ရှိတယ်။ ကိုယ့်မြေကို ကန်ထရိုက်ပေးမယ်ဆိုရင် သေချာတဲ့ ကန်ထရိုက်နဲ့ပေးဖို့ လိုတယ်။ နား မလည်ရင်လာမေးပါ။ ဆွေးနွေးပေး မယ်” ဟု ဌာနမှူးက ပြောသည်။
လိုင်စင်မဲ့ ကန်ထရိုက်တာများက မသိနားမလည်သော ပြည်သူများ ကို အကြိုက်ပေးစည်းရုံးကာ အခန်း ပေး အခန်းယူ စနစ်ဖြင့် ခွင့်ပြုချက်မဲ့ အဆောက်အအုံများ ဆောက်လုပ်၍ လည်းကောင်း၊ မြေရှင်ကိုယ်တိုင် ကန်ထရိုက်တာနှင့် ပူးပေါင်းကာခွင့် ပြုပေးသည့် အထပ်မြင့်ထက် ပိုမို ဆောက်လုပ်မှုများကြောင့် ခွင့်ပြု ချက်မဲ့ အဆောက်အအုံများ လျော့ နည်းသွားခြင်း မရှိဘဲ ၂ဝ၁၅ ခုနှစ်၊ မေလအထိ တရားစွဲဆိုမှုပေါင်း ၂,၂ဝ၆ လုံး အထိရှိခဲ့ကြောင်း သိရ သည်။
”ကိုယ့်အိမ်ကိုယ့်မြေကို ဘယ်က မနှ ်းမသိတဲ့ ကန်ထရိုက်နဲ့ ပေးတယ်။ ပြဿနာဖြစ်တော့ ကန်ထရိုက်က ပြေးပြီ။ ဘယ်လိုက်ရှာရမှန်း မသိဘူး။ တကယ်တမ်းကျတော့ စည်းကမ်း မလိုက်နာကြဘူး။ အရင်အစဉ် အဆက် အရပ်စာချုပ်ဆိုခွင့် မပြုပေး ခဲ့ဘူး။ အခုပေးပြန်တော့လည်းအဆင့် တိုးပြီးလုပ်လာကြတယ်။ သုံးထပ် တင်ပြီးတော့ လေးထပ်၊ ငါးထပ် ဆောက်လာကြတယ်” ဟု အင်ဂျင် နီယာ(အဆောက်အအုံ)ဌာနမှ တာဝန် ရှိသူတစ်ဦးကပြောသည်။
ခွင့်ပြုချက်မဲ့ ဆောက်လုပ်သော အဆောက်အအုံများနှင့် ပတ်သက်၍ စံချိန်စံညွှန်း အရည်အသွေး ညံ့ဖျင်း သည့် အဆောက်အအုံအချို့အား ရန် ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ စိစစ်၍ ပြန်လည်ဖျက် သိမ်းခဲ့ရာ သင်္ဃန်းကျွန်းမြို့နယ်တွင် အဆောက်အအုံ ငါးလုံးကို ဖျက် သိမ်းခဲ့ပြီးဖြစ်ကြောင်းသိရသည်။
အဆောက်အအုံခိုင်ခံ့မှုနှင့်ပတ် သက်၍ စစ်ဆေးရာတွင် ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီ ၏ လိုင်စင်ရ အဆောက်အအုံအင် ဂျင်နီယာ Structure Engineering Certificated (SEC) ရရှိသူ တစ်ဦးမှ စိစစ်၍ ထောက်ခံချက်ပေးသည့်အပေါ် မူတည်၍ ခွင့်ပြုပေးလျက်ရှိသည်။
Ref : The Trade Times
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties