By Pyi Myanmar, Shweproperty.com
Updated at 11 January 2018
ပြီးခဲ့သည့်၂၀၁၇ခုနှစ်တွင် အိမ်ခြံမြေဈေးကွက်အေးနေခဲ့သော်လည်း ယခု နှစ်တွင် ဖြစ်ပေါ်လာမည့် အဓိကအချက်ငါးချက်ကြောင့် ယခုနှစ်တွင် အိမ်ခြံမြေဈေးကွက်ကောင်းလာရန် အခြေအနေများရှိနေကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းမှ ဒုတိယဥက္ကဋ္ဌဦးသန်းဦးက ပြောသည်။ အိမ်ခြံမြေဈေးကွက် အားကောင်းလာမည့်အဓိကအချက်ငါးချက်မှာ- ၁။ ကွန်ဒိုမီနီယမ်နည်းဥပဒေ ထွက်ရှိလာခြင်း၊ ၂။ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေထွက်ပေါ်လာခြင်းကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှုံမှုများ ပိုမိုဝင်ရောက်လာနိုင်ခြင်း၊ ၃။ နိုင်ငံတော်ဒုတိယသမ္မတ ၁ ဦးမြင့်ဆွေနှင့် ပြီးခဲ့သည့်နှစ် ကုန်တွင် ပုဂလိကလုပ်ငန်းရှင်များ တွေ့ဆုံရာတွင် အခွန်နှုန်းထားနှင့် ပတ်သက်၍ဆွေးနွေးရာ၌ လျှော့ချပေးမည့်အခြေအနေရှိခြင်း၊ ၄။ ဘဏ်များမှ Call Deposit အား ၂ရာခိုင်နှုန်းအထိ လျှော့ချလိုက်ခြင်းနှင့် လုပ်ငန်းရှင်များက ဘဏ်တိုးနှုန်းများကိုလျှော့ချပေးရန်တောင်းဆိုလာခဲ့ခြင်း၊ ၅။ အမေရိကန်၊ တရုတ်နိုင်ငံတို့မှ ပြည်တွင်းနှင့် လုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်ရန် အခြေအနေများရှိလာခြင်းတို့ဖြစ်ကြောင်း သိရသည်။ “ ဒီလို အချက်ငါးချက် ရှိနေတဲ့အပြင် တချိန်ထဲမှာပဲ အားရစရာ ကောင်းတာကNLDအစိုးရအနေနဲ့အပြည့်အဝရပ်တည်နိုင်ခြင်းမရှိသေးပေမယ့် ပြည်သူအတွက်ကြည့်တယ်။ မကောင်းတဲ့သူကို မကောင်းသလို အစားထိုးလဲလှယ်ဆောင်ရွက်သွားတဲ့အတွက် ကျန်တဲ့သုံးနှစ်ကတော့ မျှော်လင့်လို့ရသေးတယ်လို့ ယူဆရတယ်။ ဒါကြောင့်မို့ ၂၀၁၈ခုနှစ်ဟာ မနှစ်ကနဲ့မတူဘဲ ကောင်းလာမယ်လို့ တော့ မျှော်လင့်တယ်“ ဟု ဦးသန်းဦးက ပြောသည်။ ထို့ပြင် မြန်မာနိုင်ငံအိမ်ခြံမြေဝန် ဆောင်မှုအသင်းအနေဖြင့် အိမ်ခြံမြေဈေး ကွက်ကောင်းမွန်လာရေးအတွက် အိမ်ခြံမြေဝင်ငွေခွန်နှုန်းထားမြင့်မားမှု အခက်အခဲအား လျှော့ချပြင်ဆင်သတ်မှတ်ပေးရန်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မြန်မာတစ်နိုင်ငံလုံး၏ အိမ်ခြံမြေ တစ်ပေပတ်လည် မြေနှုန်းထားများကိုလည်း လက်ရှိပေါက်ဈေးနှင့် ကိုက်ညီမှုရရှိစေရန် နှစ်စဉ်ပြင်ဆင်ပေးရန်၊တစ်ပေပတ်လည် မြေနှုန်းထားများကို စံနှုန်းရယူရာတွင် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုအသင်း၏ တိုင်းဒေသကြီး၊ ပြည်နယ်များတွင်ရှိ တာဝန်ခံများနှင့် ပူးပေါင်းဆောင်ရွက်ခွင့် ပြုရန်၊ တစ်ပေပတ်လည် မြေနှုန်းထားများကို အခွန်ထမ်းပြည်သူများအားပွင့်လင်းမြင်သာစွာဖြင့် ကြိုတင်ဖြန့်ဝေပေးရန်တို့ကို နိုင်ငံတော် ဒုတိယသမ္မတ ၁ ဦးမြင့်ဆွေနှင့် တွေ့ဆုံပွဲ၌ တင်ပြခဲ့ကြောင်း သိရသည်။ Ref & Photo Credit : Pyi Myanmar Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties