By Wut Yee Htun (Shwe Property), Shweproperty.com
Updated at 3 January 2018
ကန်ရေပြင်ရှုခင်းအလှကို ခံစားမလား? ဒါမှမဟုတ် မြန်မာ့အထင်ကရ ရွှေတိဂုံဘုရားရဲ့ သပ္ပါယ်မှုကို ရှုမြင် ဖူးမျှော်မလား ? နှစ်မျိုးစလုံးကို တစ်ပြိုင်နက်တည်း ခံစားချင်တယ်ဆိုရင်လည်း ထူးခြားတဲ့ အခွင့်အရေးတွေ ပေးထားတဲ့ နေရာကောင်းကောင်းနဲ့ အဆင့်မြင်မြင့် ကွန်ဒိုတစ်ခုမှာ နေထိုင်ဖို့ သင်စိတ်ကူးရှိတယ်ဆိုရင်တော့ Diamond Inya Palace ကွန်ဒိုက သင့်ဆန္ဒတွေကို ဖန်တီးပေးဖို့ အဆင်သင့်စောင့်နေပါပြီ။
မရမ်းကုန်းမြို့နယ်၊ ဦးထွန်းငြိမ်းလမ်းမှာ တည်ဆောက်ထားတဲ့ Diamond Inya Palace ကို “အင်းလျားကန် ဘေးမှာ အမြင့်ဆုံးထိုးထွက်လာတော့မယ့် ရတနာတစ်ပါး” လို့ တင်စားထားပါတယ်။ အထပ်အမြင့်ဆုံး ဇိမ်ခံ ကွန်ဒိုတစ်ခုုဖြစ်တဲ့အတွက် ရန်ကုန်မြို့ရဲ့အလှအပ ရှုခင်းတွေကို အတားအဆီးမဲ့ ကြည့်ရှုခံစားနိုင်မှာပါ။
ဆောက်လုပ်ရေးနယ်ပယ်မှာ အထပ်မြင့်အဆောက်အအုံတွေ ထိုးထွက်လာတာဟာ နိုင်ငံ့စီးပွားရေးတိုးတက် လာတယ်လို့ ပြောလို့ရသလို၊ ရန်ကုန်မြို့ရဲ့ အထပ်မြင့်အဆောက်အအုံတွေကြောင့် မြို့ပြရဲ့ ဂုဏ်ကို ထပ်မံ ဖော်ကြူးဖို့ အကြောင်းဖန်လာပြန်တာလည်း ဖြစ်ပါတယ်။ ရန်ကုန်တစ်မြို့လုံးမှာ အထပ်မြင့်အဆောက်အအုံ တည်ဆောက်မှုနှုန်းတွေ တိုးပွားလာနေသလို၊ လူနေထိုင်မှုနဲ့ နိုင်ငံခြားသားဝင်ရောက်မှု၊ ရင်းနှီးမြှုပ်နှံမှုတွေဟာ လည်း သိသိသာသာ များပြားလာတာ တွေ့ရမှာပါ။
Diamond Inya Palace ဆိုတဲ့နာမည်အတိုင်း တန်ဖိုးကြီးရတနာပစ္စည်းဖြစ်တဲ့ စိန်၊ ရန်ကုန်မြို့ရဲ့ အကြီးဆုံး ကန်ရေပြင် အင်းလျားနဲ့ ဝန်ဆောင်မှုကောင်းတဲ့ နန်းတော်ကြီးဆိုပြီး သုံးမျိုးပေါင်း တင်စီးထားတဲ့ Luxury Condo တစ်ခုဖြစ်ပါတယ်။
လက်ရှိမှာ (၉၁) ရာခိုင်နှုန်းဆောက်လုပ်ပြီးစီးနေတဲ့ အိမ်ရာတစ်ခုဖြစ်ပြီး ဝယ်ယူထားတဲ့ Customer တွေကို ၂၀၁၈ ခုနှစ်ထဲမှာ အခန်းအပ်နှံမယ်လို့ လျာထားပါတယ်။ အခန်းတိုင်းမှာ VRV System အသုံးပြု ထားတဲ့ Daikin Aircon Brand ကို အသုံးပြုထားပါတယ်။ ဒါ့အပြင် Main Master Bedroom , Junior Master Bedroom နဲ့ Living Room တွေမှာ အရည်အသွေးမြင့်တဲ့ Double Glass ကို ထည့်သွင်းအသုံးပြုထားတာမို့ ရွှေတိဂုံဘုရားမြင်ကွင်းနှင့် အင်းလျားကန်ရဲ့အလှကို တိုက်ရိုက်ကြည့်ရှုခံစားနိုင်မှာပါ။
သဘာဝအလင်းရောင်ရဖို့နဲ့ လေဝင်လေထွက်ကောင်းမွန်ဖို့ အခန်းတိုင်းအတွက် သေချာတဲ့ ဒီဇိုင်းတွေဆွဲပြီး ပြုလုပ်တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ ကားပါကင်ပြဿနာမဖြစ်စေဖို့ ကားအစီးရေ (၅၀၀)ကျော် ရပ်နားနိုင်မည့် ကားပါကင်(၅)လွှာပါဝင် တည်ဆောက်ထားပါသေးတယ်။ ဝန်ဆောင်မှုကောင်းတဲ့ နန်းတော်ကြီး ထဲမှာ အဆင့်မြင့်နည်းပညာတွေကိုသာအသုံးပြုပြီး နိုင်ငံတကာအသိအမှတ်ပြုခံထားရတဲ့ နာမည်ကြီး Brand အမျိုးအစားတွေကိုသာ ထည့်သွင်းအသုံးပြုပြီး တည်ဆောက်ထားတာပါ။
Diamond Inya Palace ကို စင်္ကာပူနိုင်ငံအခြေစိုက် JGP Architecture မှ ဒီဇိုင်းဆွဲပြီး (5) Star အဆင့်ရှိတဲ့ ခမ်းနားတဲ့ Luxury အမျိုးအစားဖြစ်ပါတယ်။ ဒီဇိုင်းဆန်းဆန်းနဲ့ဝန်ဆောင်မှုကောင်းတဲ့ အဆောက်အဦးကြီး တစ်ခုထဲမှာလည်း နေထိုင်ခွင့်ရသလို၊ မြေပိုင်ဆိုင်မှုပါ တစ်ပါတည်းရမယ့် အဆောက်အဦးလည်း ဖြစ်ပါတယ်။
မကြာမီထွက်ရှိလာတော့မယ့် ကွန်ဒိုဥပဒေနဲ့ကိုက်ညီတဲ့ အဆောက်အဦးတစ်ခုဖြစ်ပြီး မြေ(၂)ဧကရှိတဲ့ ဘိုးဘွား ပိုင်မြေပေါ်မှာ တည်ဆောက်ထားတာပါ။ Mandalay Golden Wing Construction မှ ဆောက်လုပ်ထားတာ ဖြစ်ပြီး (၃၃) ထပ်အမြင့်ရှိတဲ့ ရန်ကုန်မြို့ရဲ့ အမြင့်ဆုံး Landmark အဆောက်အဦးတစ်ခုဖြစ်သလို၊ မရမ်းကုန်း မြို့နယ်မှာ တည်ရှိတာဖြစ်လို့ သွားရေး လာရေး အချက်အချာကျတဲ့နေရာတစ်ခု အဖြစ်လည်း ရပ်တည် နေပါတယ်။
အိမ်မှာနေရင်း ဗိုက်ဆာလာတယ်ဆိုရင်လည်း အခက်အခဲမရှိဖို့ စားသောက်ဆိုင်လည်း ထည့်သွင်း တည်ဆောက်ပေးထားသလို၊ Beauty Salon, Spa, ကျန်းမာရေးအခက်အခဲဖြေရှင်းဖို့ ဆေးခန်း၊ ကားရေဆေးရုံ၊ မိသားစုအပန်းဖြေဖို့ ဥယျာဉ်၊ Bar, ရေကူးရင်း တစ်နေ့တာပင်ပန်းမှုတွေကို ဖြေဖျောက်ဖို့ Swimming Pool လည်းပါဝင်ပါတယ်။
နေထိုင်နေရင်း အပန်းဖြေစရာတွေနဲ့ ဝန်ဆောင်မှုကောင်းပြီး အရည်အသွေး ပြည့်မှီတဲ့ ပစ္စည်းတွေ အသုံးပြု ထားတဲ့ ဇိမ်ခံကွန်ဒိုတစ်ခုပါ။ ရန်ကုန်မြို့ရဲ့ အမြင့်ဆုံးအဆောက်အဦးတစ်ခုဖြစ်လို့ ဘေးပတ်ဝန်းကျင် ပတ်ပတ်လည်မှာရှိတဲ့ ရွှေတိဂုံစေတီနဲ့ အင်းလျားကန်ရေပြင်အလှတွေကို ကြည့်ရှုခံစားရင်း အပန်းဖြေနိုင်ဖို့ Diamond Inya Palace က သင့်ကို စောင့်မျှော်နေပါတယ်။
Written By : Wut Yee Htun (Shwe Property)
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties