By Sint Sint, Shweproperty.com
Updated at 7 January 2021
တိုင်းဒေသကြီး ၃ခုတွင်အကောင်အထည်ဖော်မည့် ဝါစက်မှုဇုံစီမံကိန်း အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း Myanmar Project Bank မှသိရသည်။ မန္တလေးတိုင်းဒေသကြီး ၊စစ်ကိုင်းတိုင်းဒေသကြီး ၊မကွေးတိုင်းဒေသကြီးတို့တွင် ၂၀၁၉-၂၀မှစတင်၍ ၂၀၂၄-၂၅တွင်ပြီးဆုံးမည့် စီမံကိန်းကုန်ကျငွေ အမေရိကန်ဒေါ်လာ ၁၃.၂၀ သန်းရှိသည့် ဝါစက်မှုဇုံ စီမံကိန်းကြီးတွင် ဝါကြိတ်ခွဲစက်၊ ချည်ဆွဲစက်နှင့် သိုလှောင်ရုံများ တည်ထောင်ရန်အတွက် အဆောက်အဦများ ဆောက်လုပ်ခြင်း နှင့် ရုံးခန်းနှင့်လူနေအိမ်များဆောက်လုပ်ခြင်းတို့ပါဝင်မည်ဖြစ်သည်။ စီမံကိန်း၏ရည်ရွယ်ထားသောအကျိုးရလဒ်အနေဖြင့်ခေတ်မီ စက်ကိရိယာများ အသုံးပြု၍ ပြည်တွင်း၌အရည်အသွေးကောင်း ချည်များထုတ်လုပ်ပြီး သွင်းကုန်အစားထိုးဆောင်ရွက်နိုင်ခြင်း၊ ကျေးလက်ဒေသတွင် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်း နှင့် အသေးစား အလတ်စား စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေးအခြေခံစက်မှုလုပ်ငန်းများတိုးတက်လာနိုင်မည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းMSDP နှင့် ကိုက်ညီမှုမဏ္ဍိုင်၃ရပ်တွင် ပန်းတိုင် ၃ အလုပ်အကိုင်ဖန်တီးရေးနှင့် ပုဂ္ဂလိက ကဏ္ဍဦးဆောင်သည့်ဖွံဖြိုးရေးကိုအထောက်အကူပြုမည်ဖြစ်သည်။ နောက်ဆုံးရ သတင်းများ တန်ဖိုးနည်း၊ တန်ဖိုးသင့် တိုက်ခန်းများကို အရင်းအနှီးနည်းနည်းဖြင့် ဝယ်လို့ရနေပါပြီ သီလဝါ စက်မှုဇုန်အနီး တန်ဖိုးနည်းအိမ်ရာရှိ တိုက်ခန်းများရောင်းမည် ကြို့ကုန်းအိမ်ရာပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်းက ရှယ်ယာရှင်တွေ မျှော်လင့်ထားတဲ့ အကျိုးအမြတ် ကိုဗစ်ကာလအတွင်း ဘဏ်ချေးငွေဖြင့်ရောင်းဝယ်ရသော အိမ်ခန်းများ အရောင်းအဝယ်သွက် Credit : Tharaye Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties