By The Trade Times, Shweproperty.com
Updated at 27 July 2015
မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီး ဌာန လက်အောက်ရှိ သုဝဏ္ဏလုပ်အား ပေးအိမ်ရာ တိုက်ခန်းများကို တစ်ဆင့် ပြန်လည် ဝယ်ယူထားသူများက လက်ရှိ နေထိုင်သူ အမည်ပေါက် လျှောက်ထားလိုသော်လည်း အိုးအိမ် ဦးစီးဌာနအနေဖြင့် ခွင့်ပြုမည် မဟုတ် ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာန မြို့ပြနှင့် အိမ်ရာဌာနမှ သိရ သည်။
အိုးအိမ်ဦးစီးဌာနသို့ အိမ်လခ လစဉ် ပေးသွင်းနေထိုင်နေရသည့် သုဝဏ္ဏ လုပ်အားပေး အိမ်ရာများရှိ တိုက်ခန်းများကို မူလပိုင်ရှင် အမည် ပေါက်မှ လက်ရှိနေထိုင်သူ အမည် ပေါက် ဖြစ်စေရန် နာမည်ပြောင်း လျှောက်ထားခြင်းမှာ နိုင်ငံတော်မှ ချမှတ်ထားသည့် အငှားအိမ်ရာ ဆိုင်ရာ မူဝါဒများနှင့် မကိုက်ညီ သဖြင့် ပူးတွဲနေထိုင်သည့် စနစ်ကို သာ လတ်တလော ခွင့်ပြုပေးနေ ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ မြို့ပြနှင့် အိမ်ရာဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးထွန်းမြင့်အောင် က ပြောသည်။
”ဒါတွေက မဖြစ်သင့်တော့ဘူး လို့ ကျွန်တော်မြင်သလို ပြောင်းလဲသင့် တယ်လို့လည်း ထင်တယ်။ ခေတ်နဲ့ လည်း မလျော်ညီတော့သလို အချိန် တွေကလည်း ကြာခဲ့ပါပြီ။ ဒါပေမယ့် ဒါတွေပြောင်းဖို့အတွက်က လူကြီး တွေရဲ့ ပေါ်လစီတွေနဲ့လည်း ဆိုင် တယ်” ဟု ၎င်းက ဆက်လက်ပြော သည်။
၁၉၆၄ ခုနှစ်မှ စတင်၍ သုဝဏ္ဏ မြို့သစ်တွင် လုပ်အားပေးအိမ်ရာ များကို ဆောက်လုပ်ခဲ့ပြီး အခန်းများ စတင်ချထားပေးခဲ့စဉ်ကပင် အငှား အိမ်ရာစနစ်ဖြင့် လစဉ်အိမ်လခပေး သွင်းစေသည့် စနစ်ဖြင့် ချထားပေးခဲ့ ခြင်းဖြစ်သဖြင့် မူလလုပ်အားပေး နေထိုင်ခွင့်ရသူထံမှ တစ်ဆင့်ပြန် လည် ဝယ်ယူထားသော လက်ရှိ အခန်းပိုင်ရှင်များမှာ မူလပိုင်ရှင်၏ အမည်ဖြင့်သာ ယနေ့ထက်တိုင် အိမ် လခများ၊ မီတာခများ ပေးသွင်း နေရဆဲဖြစ်သည်။
မြေပြင်အနေအထားအရ ယင်း လုပ်အားပေး အိမ်ရာများတွင် လက်ရှိ နေထိုင်သူ အများစုမှာ မူလချထား ပေးခဲ့သည့် ပိုင်ရှင်များထက် အရပ် စာချုပ်များဖြင့် အဆင့်ဆင့် ဝယ်ယူ နေထိုင်သူများ ပိုမိုများပြားလာနေ ကြောင်း၊ ၎င်းတို့အနေဖြင့် နိုင်ငံတော် သို့ မီတာခများ၊ အိမ်လခများကို မူလ ပိုင်ရှင် အမည်ဖြင့်သာ နှစ်ပေါင်းများစွာ ပေးသွင်းခဲ့ရကြောင်း၊ ထို့ကြောင့် လက်ရှိ အိမ်ပိုင်ရှင် အများစုအနေ ဖြင့် မိမိတို့ လက်ဝယ်ပိုင်ဆိုင်ထား သော အခန်းနှင့် ပတ်သက်၍ စိတ် တိုင်းကျ လွတ်လပ်စွာဆောင်ရွက် ခွင့်ရှိစေရေးအတွက် အမည်ပြောင်း လျှောက်ထားရန် လိုလားလျက် ရှိနေ ကြောင်း နေထိုင်သူ ဒေသခံများထံမှ သိရသည်။
”သုဝဏ္ဏမှာ လုပ်အားပေးအိမ်ရာ အများစုက အဆင့်ဆင့် ဝယ်ထားတဲ့ သူတွေများပြီး မူလပိုင်ရှင် မရှိတော့ ပါဘူး။ ရှာလို့လည်း မလွယ်တော့တဲ့ အခြေအနေဖြစ်ပါတယ်။ ဒါကြောင့် လည်း အိမ်ရှင်တွေက နာမည် ပြောင်းပြီး အိမ်လခ သွင်းချင်ပါတယ်” ဟု သုဝဏ္ဏလုပ်အားပေး အိမ်ရာ တိုက်ခန်းတစ်ခန်းတွင် နေထိုင်နေ သည့် အိမ်ခြံမြေအကျိုးဆောင် ဒေါ်တိုးတိုးက ပြောသည်။
Ref : The Trade Times
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties