By Pyi Myanmar, Shweproperty.com
Updated at 9 January 2019
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်တွင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဌာနမှ တည်ဆောက်ထားသော သီလဝါတန်ဖိုးနည်းအိမ်ရာအခန်းများကို လျှပ်စစ်မီးသွယ်တန်းပြီးပါက ရောင်းချသွားမည်ဖြစ်သောကြောင့်လျှပ်စစ်မီးသွယ်တန်းရန် စိတ်ဝင်စားသူများအား ယခုလ ၈ရက်မှ စတင်ကာခေါ်ယူလျက်ရှိကြောင်း သိရသည်။
" ဒီအိမ်ရာကအခန်းတွေကို သီလဝါ SEZက ဝန်ထမ်းတွေကိုလည်း ရောင်းချပေးမှာပါ။ တည်ဆောက်မှုပိုင်းက ပြီးစီးပြီဆိုပေမယ့် လျှပ်စစ်မီးမရရှိသေးတာမို့ မရောင်းချသေးတာပါ။ လျှပ်စစ်မီးရရှိပြီးရင်တော့ မကြာခင်ရောင်းချပေးမှာပါ" ဟု မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
သီလဝါ တန်ဖိုးနည်းအိမ်ရာစီမံကိန်းတွင် အဆောက်အအုံ ၅၅လုံး၊ စုစုပေါင်းအခန်း ၁၇၀၈ခန်းကို ရောင်းချပေးသွားမည် ဖြစ်ပြီး အိမ်ရာဝင်းအတွင်းဆေးခန်း၊ စာကြည့်တိုက်နှင့် အပန်းဖြေနေရာများလည်းပါဝင်မည်ဖြစ်ကြောင်း သိရ သည်။
Ref & Photo Credit : Pyi Myanmar
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties