လူသိနည်းလှတဲ့လှေကားအဆံ တပ်ဆင်ခြင်း သိကောင်းစရာမျှဝေပါတယ်။ရှေ့ထုံးလည်းမပယ်နဲ့ စျေးသုံးလဲမကြွယ်နဲ့စကားမျိုးလိုပါပဲ။

အိမ်တစ်အိမ်ဆောက်ရာတွင်း အဓိကအရေးကြီးတာ အိမ်လှေကား ပြုလုပ်ခြင်းပါပဲ။ရှေးကျမ်းဆရာတို့သည် စုံ မ နှစ်ခုလုံး တပ်ကောင်း၏ဟုဆိုသည် လက်သမား ကျမ်းဆရာတို့က မကိုသာ တပ်စေပါတယ်။

လက်သမား ဆရာကြီးများမှာ စုံတပ်သည်လည်း ရှိတယ် ။မ တပ်သည်လည်း ရှိပါတယ်။

အဘယ်ကြောင့်ဆိုသော် ပထမအထစ်မှ [လာဘံ ၊သုခံ ၊မရဏံ ၊လာဘ သု ခ မရဏ]
တွက်ယူကာ မရဏံ မရဏ ကို ရှောင်ပါတယ်။

ပထမထစ်က လာဘဒုတိယထစ္က သုခတတိယထစ်ကမရဏ
လာဘက လာတ်လာဘ ပေါများခြင်း။

သုခက ကြွယ်ဝချမ်းသာခြင်း။မရဏက ဆုတ်ယုတ်ပျက်စီးခြင်းနဲ့ ကြုံတွေ့ရလိမ့်မယ်တဲ့ ။

လာဘက ၁ထစ် ၊ ၄ ထစ်၊ ၇ ထစ်
သုခက ၂ ထစ်၊ ၅ထစ် ၊ ၈ ထစ်
မရဏ- ၃ ထစ် ၊ ၆ ထစ် ၊ ၉ ထစ် ၊ ၁၂ထစ်စသည်ဖြင့်တပ်ဆင်ကြပါတယ်။



အိမ်အနေအထားမင်္ဂလာသား အနေအထားအလိုက်လုပ်ဆောင်ကြပါတယ်။

တစ်ချို့ ဆရာများမှာ [ရာဇ ၊ လာဘ ၊ မရဏ] လို့သတ်မှလုပ်ဆောင်ကြပါတယ်။

၁ထစ် ဘုန်းကျက်သရေတိုးခြင်း၊
၂ထစ် လာတ်လာဘ ပေါများခြင်း၊
၃ထစ် ဆုတ်ယုတ်ပျက်စီးခြင်း စသဖြင့်အယူမျိုးနဲ့လုပ်ဆောင်ကြပါတယ်။

တစ်ကျောင်း တစ်ဂါထာတစ်ရွာ တစ်ပုဒ် ဆန်းဆိုသလိုဒေသအလိုက်ကွဲလွဲကြတာရှိကြပါတယ်။

အိမ်လှေခါးကို ၃ထစ်ထားသော်ဒုက်ခံ မရဏံ ကြုံ စေပြန်၏။
တစ်ထစ်ထားသော်ကောင်းစားစေတက် ၏။

ရှစ်ထစ်ထားလျှင်မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံ၍ကျက်သရေ ဘုန်းသမ္ဘာ မြင့်မားစေတက်၏။

ကိုးထစ်ထားလျှင်လာဘ်လာဘ ပေါကြွယ်ဝတက်၏။
၁၂ ထစ်ထားသော်ကျမ္မာရေးကောင်းမွန်စေ၍ရန်သူမျိုးငါးပါးမှကင်းစေ၏။

တနင်္လာနေ့တွင် အိမ် လှေကား စလုပ်ခြင်းမှ ရှောင်ကြပါစေ


ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

အရေးအကြောင်းများကို ပျောက်ကင်းအောင်ကုသနိုင်သည့် အိမ်တွင်းကုထုံးနည်းလမ်းများ

ငွေနည်းနည်းနဲ့ အိမ်တွင်းအလှဆင်နိုင်မယ့် နည်းလမ်းတွေ

သင့်အိမ်တွင်းမှာ လွယ်လွယ်ကူကူရှာတွေ့နိုင်တဲ့ BEAUTY PRODUCTS များ

ကံကောင်းစေဖို့ အိမ်တွင်းမှာထားသင့်တဲ့ အရာ(၇)မျိုး

Credit By :Thutazone
Posted By : Ra Wai (ShweProperty.com)