By မင်းသူရ, Shweproperty.com
Updated at 10 July 2013
အမှန်တကယ် လုပ်ငန်းမလုပ်ကိုင်သူများ လက်ဝယ်တွင် မြေယာများ အများအပြားရှိ နေခြင်းသည် မြန်မာ့မြေဈေး အာရှအမြင့်ဆုံး အနေအထားအထိရောက်နေခြင်း၏ အဓိက အကြောင်းအရင်းတစ်ရပ်ဖြစ်ကြောင်း ကျွမ်း ကျင်သူများနှင့် ပညာရှင်များက ပြောသည်။
သို့ဖြစ်ရာ အမှန်တကယ်လုပ်ငန်းလုပ်ကိုင် သူများအနေဖြင့် မြေယာရရှိရန် ခက်ခဲနေပြီး ရရှိနိုင်ပါကလည်း တစ်ဆင့်ခံမြင့်မားသောနှုန်း ထားများဖြစ်နေရာ ထို့သို့ဖြစ်နေခြင်းမှ မြေယာ တိုက်ရိုက်ရယူနိုင်ရေးကို ဆောင်ရွက်ပေးပါက မြေဈေးနှုန်းများ သင့်တင့်သောနှုန်းထားဖြစ် လာနိုင်ကြောင်း ယင်းတို့က ဆက်လက်ပြော ကြားသည်။
UNDP ၏ အကြီးတန်းအကြံပေးဖြစ်သူ အမျိုးသားလူမှုစီးပွားဖွံ့ဖြိုးရေးအကြံပေး ကောင်စီအဖွဲ့ဝင် ဒေါက်တာအောင်ထွန်းသက် က ''လုပ်ငန်းတကယ်မလုပ်တဲ့သူတွေက တမင် ဈေးတက်အောင် မြေကြီးတွေကို အလွတ်ထား တယ်။ ထိန်းတာထက် လွတ်နေတဲ့မြေတွေကို တကယ်လုပ်မယ့်သူတွေကိုပေးတာ၊ အခြေခံ အဆောက်အအုံတွေကို ဖော်ဆောင်ပေးတာ ဒါတွေကို လုပ်ရမယ်''ဟု ဇူလိုင် ၅ရက်တွင် ကုန်သည်/စက်မှုအသင်းချုပ်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းမှ ကျင်းပသည့် ဟောပြောဆွေးနွေးပွဲတွင် ပြော ကြားခဲ့သည်။
လက်ရှိအချိန်အထိ အမှန်တကယ်လုပ် ငန်းဆောင်ရွက်ခြင်းမရှိသော လုပ်ကိုင်ခွင့်ချ ထားပေးပြီးဖြစ်သည့်မြေလွတ်များ အများအ ပြားရှိနေသည့်အချိန်တွင်ပင် မြေယာဧကသိန်း ပေါင်းများစွာပမာဏအထိ လိုင်စင်တောင်းခံ မှုများရှိနေသေးကြောင်း ၂ဝ၁၃ခုနှစ် မတ်လ တွင် နေပြည်တော်၌ ကျင်းပခဲ့သည့် မီဒီယာ တွေ့ဆုံပွဲတွင် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၏ မီဒီယာများကို ပြန်လည်ဖြေ ကြားချက်တွင် ပါရှိသည်။
စီးပွားရေးပညာရှင် ဦးလှမောင်က ''ဒီနိုင်ငံ မှာက လုပ်ငန်းလုပ်ဖို့ မြေလျှောက်ရင် လွတ်တဲ့ နေရာကို မရှိသလောက်ဖြစ်နေတယ်။ လုပ်ချင် ရင် ရယူထားတဲ့သူတွေဆီက တစ်ဆင့်ခံပြန်ယူ နေရတယ်''ဟု မကြာမီက မဇ္ဈိမနှင့်တွေ့ဆုံရာ တွင် ပြောကြားခဲ့သည်။
အထက်ပါကဲ့သို့ လုပ်ငန်းလုပ်ကိုင်မည်ဟု ဆိုကာ အမှန်တကယ်လုပ်ဆောင်ခြင်းမရှိဘဲ မြေယာပြန်လည်ရောင်းချသူများအား လုပ်ငန်း အကောင်အထည်ဖော်ရန် အချိန်အကန့်အ သတ်ထားရှိကာ မဖော်ဆောင်နိုင်ပါက မြေယာ များကို ပြန်လည်ရယူသင့်ကြောင်း ကျွမ်းကျင်သူ များက ပြောကြားသည်။
မြန်မာနိုင်ငံ၏ မြေဈေးနှုန်းများသည် အထက်ပါကဲ့သို့ လုပ်ငန်းမလုပ်ကိုင်ဘဲ မြေယာ ရယူထားခြင်းများကြောင့်အပြင် စီမံကိန်းများ ဆောင်ရွက်မည်ဟု သတင်းထွက်ပေါ်သည့် နယ်မြေများတွင် ဝယ်ယူစုဆောင်းကြခြင်း များကြောင့်ပါ မြင့်နေခြင်းဖြစ်ကာ မကြာမီက ရန်ကုန်ဒလတံတားထိုးပေးမည့်သတင်းကြောင့် လည်း အိမ်ခြံမြေဈေးကွက်က ၃ဝဝ ရာခိုင်နှုန်း အထိတက်သွားခဲ့သည်။
လက်ရှိတွင် မြန်မာနိုင်ငံတွင် မြေယာ ဈေးနှုန်းများအပြင် ကွန်ဒိုတိုက်ခန်းဈေးနှုန်း များပါ မြင့်တက်လျက်ရှိနေပြီး အာရှတိုက်၏ထိပ်တန်းမြို့ကြီးများဖြစ်သော ဘေဂျင်း၊ ရှန် ဟိုင်း၊ တိုကျိုမြို့များရှိ မိုးမျှော်တိုက်ကြီးများ ထက်ပင် ဈေးနှုန်းပိုမြင့်နေပြီဖြစ်ကာ ဘန် ကောက်၊ စင်ကာပူနှင့် နယူးယောက်မြို့ကြီး များ၏ အချို့အစိတ်အပိုင်းများထက်လည်း ဈေးပိုမြင့်နေသည်ဟု အင်တာနေရှင်နယ်ဘိဇ် နက်တိုင်းမ်သတင်းစာက ဖော်ပြထားသည်။
အိမ်ရာဈေးနှုန်းများ ပြန်လည်ကျဆင်းစေ နိုင်သည့်နည်းတစ်ခုမှာ မြို့နယ်ဆင်ခြေဖုန်းရပ်ကွက်များရှိ အသုံးမပြုရသေးသောမြေများ ကို မြို့သစ်များအဖြစ် ချဲ့ထွင်ခြင်းဖြစ်သည်ဟု ဒေါက်တာအောင်ထွန်းသက်က ဇူလိုင် ၅ရက် အခမ်းအနားတွင် ဆက်လက်အကြံပြုခဲ့သည်။
ရန်ကုန်မြို့သည် အနယ်နယ်အရပ်ရပ်မှ လာရောက်အခြေချလုပ်ကိုင်နေသည့် လူဦးရေ များပြားသောကြောင့် မြေကို ချဲ့နိုင်သမျှ ချဲ့ရန် လိုအပ်သည်ဟု ဒေါက်တာအောင်ထွန်းသက် က ပြောသည်။ ယင်းက ''ရန်ကုန်မှာ မြေတွေကို ချဲ့သင့် သလောက်ချဲ့ရမယ်။ မြေကြီးကိုလည်း လူတွေ အများအပြားရအောင် ဖန်တီးပေးရမယ်''ဟု ဆိုသည်။
Ref : Mizzima
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties