By Myanmar Times, Shweproperty.com
Updated at 30 October 2015
မန္တလေးမြို့ရဲ့ အိမ်ခြံမြေဈေးကွက်မှာ လာမယ့် ရှေ့နှစ်ဆန်းအထိလည်း မြို့တွင်းဈေးကွက်မှာအငှားဈေးကွက်ကသာ ဆက်လက်အားကောင်း ဦးဆောင်နေနိုင်ကြောင်း အိမ်ခြံမြေ အကျိုးဆောင်အများစုက သုံးသပ်ကြပါတယ်။
လက်ရှိဈေးကွက်အနေအထားမှာ အိမ်ခြံမြေအရောင်းအဝယ်လည်ပတ်နှုန်း က နှေးကွေးနေပြီး တန်ဖိုးနည်းတဲ့ အကွက် အကွင်းတွေလောက်သာ အလုပ်ဖြစ်တာ များပြားကြောင်း ဈေးကွက်သတင်းတွေ အရ သိရပါတယ်။
မြို့တွင်းအိမ်ခြံမြေဈေးကွက်ဟာ မြို့သစ်ထက် အရောင်းအဝယ်ပိုပါးနေပေမယ့် အငှားဈေးကွက်မှာ တော့ မြို့တွင်းဟာ ဈေးကွက်တောင်းဆိုမှု ရှိနေတဲ့အတွက် မကျဘဲ ပုံမှန်နှုန်းနဲ့လည်ပတ်နေ တယ်လို့ ဆိုနိုင်ကြောင်း အိမ်ခြံမြေ အကျိုးဆောင်တချို့က ပြောပါတယ်။ အလုပ်လုပ်လို့ မကောင်းတာ အချိန်ကာလ နှစ်နှစ်လောက်ကို ရောက်လာပြီဖြစ်တဲ့အတွက် အိမ်ခြံမြေဈေး ကွက်မှာ လုပ်ကိုင်နေသူအများစုဟာ ရွေးကောက်ပွဲ အလွန်ကာလကို စောင့်ကြည့်နေကြတာ များပါတယ်။
ဒါပေမဲ့ လုပ်သာကိုင်သာ ဖြစ်တဲ့ အခြေအနေမျိုးကို ရောက်ခဲ့ပြီ ဆိုရင်တောင်မှ မြို့တွင်း အိမ်ခြံမြေဈေးကွက် ဟာ လာမယ့်နှစ်ဆန်း ကာလတွေမှာ အငှား ဈေးကွက်ကိုသာ အများဆုံးအားထား အလုပ် လုပ်ကြရဦးမယ်လို့ မှန်းဆကြပါတယ်။ လတ်တလောမှာ မြို့တွင်းအိမ်ခြံမြေအငှားဈေးကွက်ဟာ ဈေးကွက်တောင်းဆိုမှုရှိနေလို့ တည်နေရာနဲ့ အကျယ်အဝန်း ကောင်းရင်ကောင်းသလို ခေါ်ဈေးတွေက မြင့်မားနေပါတယ်။
ကုမ္ပဏီလို စီးပွားရေးလုပ်ငန်းတွေက မြို့တွင်းမှာငှားရမ်းတဲ့အခါ နှစ်တိုမဟုတ်ဘဲ နှစ်ရှည်အနေနဲ့ ကြိုတင်သဘောတူညီမှုယူကာ စာချုပ်ချုပ်ဆိုလာကြတာမျိုးတွေ များလာတယ်လို့လည်း အကျိုးဆောင်တချို့က ပြောပါတယ်။ အကြောင်းကတော့ စီးပွားရေးလုပ်ဖို့မဟုတ် ဘဲ နေထိုင်ဖို့အတွက်ဆိုရင်တောင် မြို့တွင်း မှာ ပျမ်းမျှ တစ်လကို ကျပ်လေးသိန်းပတ်ချာလည် အောက်ထစ်ဈေးခေါ်နေကြပြီး အလုပ်လုပ် လို့ရတဲ့ နေရာမျိုးဆိုရင်တော့ ပျမ်းမျှ ကျပ် ၁၀ သိန်းနဲ့ သိန်း ၂၀ ကြား ပေါက်ဈေးရှိနေ ပါတယ်။ မြို့တွင်းအိမ်ခြံမြေဈေးကွက်ဟာ ဈေးနှုန်းအမြင့်တန်းမှာရှိနေတာကြောင့် အရောင်းအဝယ် ပြန်လည်သွက်လက်လာခဲ့ရင်လည်း ဈေးနှုန်းအနိမ့်နဲ့ အလတ်တန်း စားတွေရှိတဲ့ မြို့သစ်ဈေးကွက်ရဲ့ ဦးဆောင်မှုနောက်မှာပဲ ရှိနေနိုင်ပါတယ်။
ဒါပေမဲ့ တစ်ဖက်မှာ မြို့တွင်းက နေရာအကွက် အကွင်းကောင်းတွေရဲ့ ပိုင်ရှင်တွေထဲမှာ အရောင်းထက် အငှားကိုသာ စိတ်ဝင်စားသူတွေ များစွာရှိနေကြောင်း ဈေးကွက်သတင်း တွေအရ သိရပါတယ်။
Ref ; Myanmar Times
Photo Credit : Myanmar Times
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties