By The Kumudra, Shweproperty.com
Updated at 23 February 2016
နိုင်ငံခြားသား အငှားဈေးကွက် မြို့တွင်းပိုင်းတွေမှာထက် မြို့စွန်က ဆိတ်ငြိမ်အိမ်ရာဘက်ကို ကူးပြောင်းလာတယ်လို့ အကျိုးဆောင်တချို့ထံက သိရပါတယ်။
‘အဓိကငှားကြတာက သန်လျင်ဘက် ၊ လိူင်သာယာဘက်က အိမ်ရာတွေများတယ် ၊ ကွန်ဒိုကြိုက်တဲ့သူက သန်လျင်ဘက်ကို အငှားများပြီး လုံးချင်းကြိုက်တဲ့သူတွေကတော့ လှိုင်သာယာဘက်က ပန်းလိူင်အိမ်ရာတွေကို နေကြတာများတယ်’လို့ သုခအိမ်ခြံမြေအကျိုးဆောင်က ကိုမင်းမင်းကပြောပါတယ်။
မြို့စွန်ဘက်ကအိမ်ရာတွေရဲ့ နေထိုင်မှုအများစုက တစ်နေရာတည်းမှာ လိုအပ်ချက်တွေ တစ်ခါတည်းပါဝင်တာကြောင့် မိသားစုပါဝင်တဲ့ နိုင်ငံခြားသားအများစုက လာရောက်ငှားရမ်းနေထိုင်ကြတာလည်း ဖြစ်ပါတယ်။ တချို့နိုင်ငံခြားသားတွေကတော့ ကိုယ့်အလုပ်နဲ့နီးတဲ့နေရာတွေမှာ ငှားရမ်းနေထိုင်ကြတာတွေရှိပေမဲ့ မိသားစုပါဝင်တဲ့သူတွေကတော့ အခြေခံအဆောက်အအုံတွေ ၊ အဆင့်မီတဲ့ ဥယျာဉ်အိမ်ရာတွေမှာ လာရောက် ရွှေ့ပြောင်းနေထိုင်ကြတာလည်းဖြစ်ပါတယ်။
မြို့စွန်က ဥယျာဉ်အိမ်ရာတွေရဲ့ အားသာချက်တွေကတော့ မြို့တွင်းက ပုဂ္ဂလိက အငှားတိုက်တွေလိုမဟုတ်ဘဲ သတ်မှတ်ထားတဲ့ ငှားရမ်းစာချုပ်မပြည့်မီ ပြန်သွားတဲ့အခါမျိုးမှာလည်း ကိုယ်ငှားထားတဲ့အိမ်ရာကို တစ်ဆင့်ပြန်လည်ငှားရမ်းတာမျိုးတွေနဲ့ အဆင်သင့်ငှားရမ်းနေထိုင်လို့ရတဲ့ အိမ်ရာတွေကို တစ်နေရာတည်းမှာ ရရှိနိုင်တာပဲ ဖြစ်ပါတယ်။ ရေ ၊ မီးနဲ့ လုံခြုံရေးစနစ်တွေကိုလည်း နိုင်ငံခြားနိုင်ငံတွေလို ၂၄ နာရီပေးထားပြီး နိုင်ငံတကာ အဆင့်မီ အခြေခံအဆောက်အအုံနဲ့ အပန်းဖြေနေရာတွေ ပါဝင်တာကြောင့် လူကြိုက်များလာတာလည်းဖြစ်ပါတယ်။
Ref : The Kumudra
Photo Crdit : Social
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties