By သီဟကိုကို, Shweproperty.com
Updated at 25 February 2014
အစိုးရမှ ရေးဆွဲဆောင်ရွက်မည့် မြေ ယာဆိုင်ရာ စီမံကိန်းများ အမှန်တကယ် ပေါ်ပေါက်လာရန် လိုအပ်လျက်ရှိပြီး ယင်း စီမံကိန်းများပေါ်ထွန်းလာမှသာလျှင် အိမ် ခြံမြေဈေးနှုန်းများ လျော့ကျလာနိုင်သည် ဟု အိမ်ခြံမြေလုပ်ငန်းရှင်အသိုင်းအဝိုင်း က သုံးသပ်ပြောကြားသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အိမ်ရာမဲ့ များအတွက် City Development Plan နှင့်Township Development Plan များ ရေး ဆွဲခြင်းကို စတင်ဆောင်ရွက်နေသည် ဟု သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းက ဖေဖော်ဝါရီ ၂၁ ရက် တွင် ထုတ်ဖော်ပြောကြားထားပြီး ယင်း စီမံကိန်းများ အမှန်တကယ်ဖြစ်ထွန်းလာ ပါက မတန်တဆမြင့်တက်နေသည့် အိမ်ခြံ မြေဈေးနှုန်းများမှာ အတန်အသင့်လျော့ ကျသွားနိုင်သည်ဟု လုပ်ငန်းရှင်အသိုင်းအဝိုင်းက သုံးသပ်သည်။
မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန်းဦးက ''စီမံကိန်းတွေက ပြောထား တဲ့အတိုင်း တကယ်ပဲ အကောင်အထည် ပေါ်ထွန်းလာမယ်ဆိုရင်တော့ ကသောင်း ကနင်းဖြစ်နေတဲ့ အိမ်ခြံမြေဈေးနှုန်းတွေကို အထိုက်အလျောက် ထိန်းသိမ်းပြီးသား ဖြစ်လာနိုင်တယ်'' ဟု မဇ္ဈိမကိုပြောသည်။
ရန်ကုန်မြို့ရှိ ဝါရင့် အိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းရှင်တစ်ဦးကမူ ရန်ကုန်မြို့ စွန်ရှိနေရာအချို့တွင် လမ်းပန်းဆက်သွယ် ရေး၊ လျှပ်စစ်မီး စသည့် အခက်အခဲများ ရှိနေသောကြောင့် လူနေထိုင်မှု နည်းပါး လျက်ရှိရာ ယင်းနေရာများ ဖွံ့ဖြိုးတိုးတက် စေရန် ဦးစားပေးဆောင်ရွက်သင့်သည် ဟု ဆိုသည်။
စိုင်းခွန်နောင် အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ဦးရန်အောင်က ''ရန်ကုန်မှာက အိမ်ခန်း ငှားရမ်းနေထိုင်တဲ့သူတွေ အရမ်းများတယ်။ ဒါကြောင့် စီမံကိန်းအသစ်တွေထက် ရှိပြီး သား စီမံကိန်းတွေကို ဖွံ့ဖြိုးတိုးတက်အောင် အရင်လုပ်ပေးဖို့လိုအပ်ပါတယ်။ ဖွံ့ဖြိုးတဲ့ နေရာတွေများလာရင်တော့ အိမ်ခြံမြေဈေး နှုန်းတွေက မျှတလာမယ်။ အရင်ဦးဆုံး အိမ်ခန်းငှားနေသူတွေအတွက် အဆင်ပြေ လာမယ်'' ဟု ပြောသည်။
လက်ရှိအစိုးရက အကောင်အထည် ဖော်လျက်ရှိသော တန်ဖိုးမျှတအိမ်ရာများ သည် လူလတ်တန်းစားများ ဝယ်ယူနိုင် မည့်ဈေးနှုန်းများမဟုတ်ဟုလည်း အိမ်ခြံ မြေလုပ်ငန်းရှင်များက ပြောသည်။
အစိုးရသစ်တက်လာပြီးနောက်တွင် ရန်ကုန်မြို့ရှိ အိမ်ခြံမြေဈေးနှုန်းများသည် အိမ်နီးချင်းနိုင်ငံများထက်ပင် အဆမတန် ဈေးနှုန်းများ မြင့်တက်လာခဲ့ပြီး ယင်း၏ အကျိုးဆက်အဖြစ် အိမ်ရာမဲ့များနှင့် ကျူး ကျော်နေထိုင်သူများ ပိုမိုများပြားလာခဲ့ သည်ဟု ရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်း ရှင်များကပြောသည်။
အစိုးရ၏ City Development Plan နှင့် Township Development Plan စီမံကိန်းများမှာ အခြေခံလူတန်းစားနှင့် လူလတ်တန်းစား များအပေါ် အကျိုးသက်ရောက်မည့် စီမံ ကိန်းဖြစ်ရန် လိုအပ်သည်ဟု လုပ်ငန်းရှင် များက သုံးသပ်သည်။
Ref: Mizzima
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties