By Myanmar Builders Guide, Shweproperty.com
Updated at 20 April 2018
မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ရှစ်ခုတွင်လာမည့် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှ်ခြောက်လ ဘတ်ဂျက်တွင် နိုင်ငံ့ ဝန်ထမ်းအိမ်ရာ တိုက်ခ န်းပေါင်း ၂၄၈ ခန်းကို တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော်တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါ ဦးစီး ဌာနမှ ညွှန်ကြားရေးမှူးမှ ပြောကြားကြောင်းသိရသည်။
ယင်း အိမ်ရာတိုက်ခန်းများကို မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မိုးကုတ်၊မိတ္ထီလာ၊ကျောက်ပန်းတောင်း၊သာစည်၊မလှိုင်၊ရမည်းသင်း၊မြင်းခြံ နှင့်ေ ညာင်ဦးမြို့နယ်တို့တွင် တည်ဆောက်ပေးသွားမည်ဖြစ်ပြီး ဆက်လက်၍လည်း လက်ရှိတာဝန်ထမ်းဆောင်နေသည့် နိုင်ငံ့ ဝန်ထမ်းများ၊ကုမ္ပဏီ ဝန်ထမ်းများ၊ဝင်ငွေနည်း ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအတွက် အရောင်းအိမ်ရာများကိုလည်း ထပ်မံ တည်ဆောက်ပေးရန်စီ စဉ်ဆောင်ရွက်နေကြောင်း သိရသည်။
နိုင်ငံ့ ဝန်ထမ်းများ နေရေးအဆင်ပြေစေရန်အတွက် အိမ်ရာများ တည်ဆောက်ပေးနေသည်။ထို့အပြင် အရောင်းအိမ်ရာများကိုလည်း တည်ဆော က်ရန် အစီအစဉ် ရှိသည်။ထို အရောင်းအိမ်ရာများကို အကောင်အထည်ဖော် ဆောင်ရွက်သည့်အခါတွင် အငြိမ်းစား ဝန်ထမ်းများအတွက် ဦး စားပေး ဆောင်ရွက်ပေးသွားမည်ဖြစ်သည် ဟု သိရသည်။
လက်ရှိတွင် ၂ဝ၁၇-၂ဝဝ၈ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု အစိုးရဘတ်ဂျက်နှင့် တိုင်းဒေသကြီး အစိုးရဘတ်ဂျက် စုစုပေါင်း ငွေကျပ် ၁ဝဘီ လီယံ သုံးစွဲ၍ အောင်မြင်မန္တလာ နိုင်ငံ့ဝန်ထမ်းအိမ်ရာ ကို မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် မဲကင်း ကုန်းကျေးရွာ အနီးရှိ မြေ ၃၃ ဒသမ ၂၂ ဧကပေါ်တွင်တိုက်ခန်းပေါင်း ၅ဝဝ တည်ဆောက် ပေးလျက်ရှိပြီး ၎င်းတို့အနက် တိုင်းဒေသကြီး အစိုးရဘတ်ဂျက်ဖြင့် တည်ဆောက်သည့် တိုက်ခန်းပေါင်း ၂၆ဝ တွင် ၉၅ ရာခိုင်နှုန်းနှင့် အစိုးရဘတ်ဂျက်ဖြင့် တည်ဆောက်သည့် တိုက်ခန်းပေါင်း ၂၄ဝ တွင် ၃၈ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖစ်ကြောင်းသိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း လက်ရှိအချိန်တွင် နိုင်ငံ့ဝန်ထမ်း ၅၆၁၂၆ ဦးရှိသော်လည်း ၎င်းတို့အတွက် အိမ်ရာ နေရာချထားပေးနိုင်မှုမှာ ၄ ဒသမ ၉ရာခိုင်နှုန်းသာရှိသောကြောင့် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အိမ်ရာများ ပိုမိုတည်ဆောက်ပေးနေကြောင်းသိရသည်။
Ref & Photo Credit : Myanmar Builders Guide Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties