By Emg, Shweproperty.com
Updated at 25 April 2013
ရန်ကုန်မြို့ပတ်ရထားစနစ် တိုးချဲ့ခြင်းအပြင် ရန်ကုန်မြို့လယ် ဗဟိုစီးပွားရေးဇုန်အတွင်း ပြေးဆွဲမည့် မိုးပျံရထားစနစ်ကို ယခုဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ရန် လျာထားကြောင်း ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဒေသန္တရ စီးမံကိန်း ဥပဒေကြမ်းတွင် ဖော်ပြထားသည်။
ထိုသို့ ရန်ကုန်မြို့ပတ်ရထား စနစ်တိုးချဲ့ရာတွင် မြို့တွင်းမြို့ပတ် ရထားလမ်းများ တိုးချဲ့ခြင်းအပြင် ရန်ကုန်မြို့ပြင်မှပတ်၍ အမြန်မြို့ပတ်လမ်းနှင့် ရထားလမ်း ဖောက်လုပ်ခြင်းတို့ကို ပြုလုပ်မည်ဟု သိရသည်။
လက်ရှိ သိပ်သည်းမှု များနေသော ရန်ကုန်မြို့လယ် ဗဟိုစီးပွားရေး ဇုန်အတွင်း ယာဉ်သိပ်သည်းမှုနှင့် သွားလာမှု လျော့ချနိုင်ရန် မြို့လယ်ဧရိယာအတွင်း ပတ်၍ ပြေးဆွဲနိုင်သော မိုးပျံရထား စနစ်များပါ အကောင်အထည်ဖော်ရန် ဒေသန္တရ စီမံကိန်း ဥပဒေကြမ်း၌ လျာထားသည်။
ရန်ကုန်မြို့၌ ယာဉ်ကြောပိတ်ဆို့မှု ပိုမိုကြုံတွေ့ လာရခြင်းကြောင့် ယာဉ်အသုံးပြုမှု လျော့ကျကာ ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းစေရေးအတွက် ရထားပို့ဆောင်ရေး စနစ်အား မြှင့်တင်ရန် မြို့ပြစီမံကိန်း ပညာရှင်အချို့က ထောက်ပြခဲ့ကြသည်။
ထို့အတွက် မြို့ပတ်ရထားလမ်း စနစ်အား ယခုထက် ပိုမိုချဲ့ထွင်ခြင်းအပြင် လက်ရှိပြေးဆွဲနေသော ရထားခရီးစဉ်များကိုလည်း ပုံမှန်ပြေးဆွဲနိုင်ရန် လိုအပ်သည်ဟု သိရသည်။
မိုးပျံရထားလမ်းစနစ် တည်ဆောက်ရန်မှာမူ နည်းပညာပိုင်း၊ ငွေကြေးပိုင်း လိုအပ်ချက်များစွာ ရှိမည်ဖြစ်ပြီး မည်သည့်နည်းပညာဖြင့် ငွေကြေးမည်မျ သုံးစွဲမည် ဆိုသည်ကိုမူ ဒေသန္တရ စီမံကိန်း ဥပဒေကြမ်းတွင် ဖော်ပြထားခြင်း မရှိသည်ကို တွေ့ရသည်။ အဆိုပါ မိုးပျံရထားလမ်း စနစ်သည် အိမ်နီးချင်း နိုင်ငံများဖြစ်သော ထိုင်း၊ မလေးရှား၊ စင်ကာပူ စသော နိုင်ငံများတွင် အသုံးပြုနေသည်။
Ref : EMG
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties