By Ra Wai, Shweproperty.com
Updated at 5 April 2022
ပြည်တွင်းအခွန်များဦးစီးဌာနတွင်- -အိမ်ခြံမြေ ကာလတန်ဖိုးသတ်မှတ်ခြင်း၊ -ဝယ်ယူခြင်းအတွက် စည်းကြပ်မှုမှလွတ်ကင်းနေသော ဝင်ငွေရှိ/မရှိစစ်ဆေးမှုခံယူ၍ ဝင်ငွေခွန်ကျသင့်ပါက ဝင်ငွေခွန်ပေးဆောင်ခြင်း၊ -သတ်မှတ်တန်ဖိုးအပေါ်တွင် ကျသင့်တံဆိပ်ခေါင်းခွန် ထမ်းဆောင်ခြင်းတိုကို ဆောင်ရွက်ရပါမည်။ တင်ပြရန်လိုအပ်သည့် စာရွက်စာတမ်းများ (၁) ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်စည်ပင်သာယာ နယ်နိမိတ်အတွင်း တည်ရှိသော အိမ်ခြံမြေဖြစ်ပါက အဆိုပါ စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနခွဲမှ တစ်နှစ်အတွင်း ထုတ်ယူထားသော မြေပုံ၊ မြေရာဇဝင်ပုံစံ-၁၀၅၊ ပုံစံ-၁၀၆မူရင်း/မိတ္တူ၊ ရန်ကုန်တိုင်းဒေသကြီး/မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်ပြင်ပနှင့် ကျန်တိုင်းဒေသကြီး/ပြည်နယ်များအတွင်းရှိ မြို့နယ်များဖြစ်ပါက မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာနမှ တစ်နှစ်အတွင်း ထုတ်ယူထားသော မြေပုံ၊ မြေရာဇဝင် ပုံစံ-၁၀၅၊ ပုံစံ-၁၀၆ မူရင်း/မိတ္တူ၊ ဂရန်မရရှိသေးသော ခွင့်ပြုချထားမြေ ဖြစ်ပါက- -မြေကွက်ချထားပေးသည့်အမိန့် မူရင်း/မိတ္တူ၊ -သက်ဆိုင်ရာမြေယာကော်မတီသို့ ပေးသွင်းသည့် မြေယာဖော်ထုတ်စရိတ်နှင့် မြေယာစီမံခန့်ခွဲမှု စရိတ်ပေးသွင်းသည့် ငွေသွင်းချလန် မူရင်းနှင့်မိတ္တူ၊ (၂) မေတ္တာဖြင့်ပေးကမ်းခြင်းဖြစ်ပါက ပေးကမ်းသူနှင့်လက်ခံသူ/လဲလှယ်ခြင်းဖြစ်ပါက လဲလှယ်သူနှစ်ဦး၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်း/မိတ္တူနှင့် အိမ်ထောင်စု လူဦးရေစာရင်းပုံစံ ၆၆/၆ မူရင်း/ မိတ္တူ၊ (၃) မြေကွက် (သို.မဟုတ်) မြေနှင့်အဆောက်အအုံ ဓာတ်ပုံ (ရှေ့၊နောက်၊ဘေး ၂ဖက်) (၄) မြေဌားစာချုပ် (ဂရန်) မူရင်း/မိတ္တူ၊ (၅) အရောင်းအဝယ်စာချုပ် သို့မဟုတ် မေတ္တာဖြင့် ပေးကမ်းခြင်း စာချုပ် သို့မဟုတ် လဲလှယ်သည့် စာချုပ် မူရင်း/မိတ္တူ၊ (၆) မေတ္တာဖြင့်ပေးကမ်းခြင်းဖြစ်လျှင် ပေးကမ်းသူ၏ အမွေဆက်ခံသူများရှိပါက ပေးကမ်းမှုကို သိရှိပါကြောင်းနှင့် ၎င်းတို့ပိုင်ဆိုင်မှုများကို စွန့်လွှတ်ကြောင်း ကျမ်းကျိန်လွှာနှင့် ပေးကမ်းခြင်း မမြောက်သည့်အကြောင်း ပေါ်ပေါက်ပါက နိုင်ငံတော်၏ အခွန်ငွေများ နစ်နာဆုံးရှုံးမှုမရှိစေရန် ခံဝန်တင်သွင်းသည့်စာချုပ်၊ တန်ဖိုးကိုစိစစ်သတ်မှတ်ခြင်း -စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၀-၄-၂၀၁၇ ရက် နေ့ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ် ၄၀/၂၀၁၇ ဖြင့် ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့ကို ဖွဲ့စည်းထားသည်။ ကာလတန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့မှ -လယ်ယာမြေမှအပ ကျန်မြေနှင့်အဆောက်အအုံများဝယ်ယူခြင်း၊ ရောင်းချခြင်း၊ တည်ဆောက်ခြင်း၊ မေတ္တာဖြင့်ပေးကမ်းခြင်း၊ လဲလှယ်ခြင်း၊ အခြားတစ်နည်းနည်းဖြင့် ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ မြေနှင့်အဆောက်အအုံ၏ ကာလတန်ဖိုးကို စိစစ်သတ်မှတ်ပေးမည် ဖြစ်ပါသည်။ -ကာလတန်ဖိုး စိစစ်သတ်မှတ်မှုခံယူပြီး တစ်နှစ်အတွင်း အခွန်စည်းကြပ်မှုခံယူရန် ပျက်ကွက်ပါက ကာလတန်ဖိုးစိစစ်သတ်မှတ်ချက်ကို ပယ်ဖျက်သွားမည် ဖြစ်ပါသည်။ တစ်နှစ်ကျော်မှ အခွန်စည်းကြပ်မှုခံယူမည်ဆိုပါက လက်ရှိကာလတန်ဖိုး ပေါက်ဈေးဖြင့် အစားထိုးပြန်လည် တန်ဖိုးသတ်မှတ်သွားမည် ဖြစ်ပါသည်။ -ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးစည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့နယ်များအနေဖြင့် တိုင်းဒေသကြီးကာလ တန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့က လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်ပြင်ပရှိမြို့နယ်များနှင့် ကျန်တိုင်းဒေသကြီး/ပြည်နယ်အတွင်းရှိမြို့နယ်များဖြစ်ပါက မြို့နယ်ကာလ တန်ဖိုးစိစစ် သတ်မှတ်ရေးအဖွဲ့များကလည်းကောင်း ကာလတန်ဖိုးစိစစ် သတ်မှတ်ပေးပါသည်။ ပေးဆောင်ရမည့်အခွန်တွက်ချက်ခြင်း အိမ်ခြံမြေဝယ်ယူသူ အနေဖြင့် ကာလတန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့က သတ်မှတ်သည့် ဝယ်ယူတန်ဖိုးအပေါ် မိမိအနေဖြင့်တင်ပြနိုင်သည့် ဝင်ငွေရလမ်း အထောက်အထားများတင်ပြပြီး ဝင်ငွေခွန် ရှင်းလင်းပေးဆောင်ရန် လိုအပ်ပါသည်။ (နှစ်စဉ်ပြဌာန်းသည့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပါ နှုန်းထားများအတိုင်း ပေးဆောင်ရမည် ဖြစ်ပါသည်။) -မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ မည်သည့်မြို့နယ်တွင် တည်ရှိသည့် အိမ်၊ခြံ၊မြေ အဆောက်အအုံကို ဝယ်ယူသည်ဖြစ်စေ၊ လဲလှယ်သည်ဖြစ်စေ သတ်မှတ်သည့် ကာလတန်ဖိုးအပေါ်တွင် တံဆိပ်ခေါင်းခွန် ၂ ရာခိုင်နှုန်းအပြင် အပိုတံဆိပ်ခေါင်းခွန် ၂ ရာခိုင်နှုန်း ၊ စုစုပေါင်း ၄ ရာခိုင်နှုန်းကို ပေးဆောင်ရပါမည်။ -မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးက တွက်ချက်ထုတ်ပေးသည့် ဝင်ငွေခွန်နှင့်တံဆိပ်ခေါင်းခွန် ငွေသွင်းချလန်တို့ဖြင့် သက်ဆိုင်ရာမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် ပေးဆောင်ရပါမည်။ -မြန်မာ့စီးပွားရေးဘဏ်သို့ ငွေပေးသွင်းပြီးသည့် ဝင်ငွေခွန်ချလန်နှင့် တံဆိပ်ခေါင်းခွန်ချလန်ဖြတ်ပိုင်း မူရင်း/မိတ္တူ အား မြို့နယ်အခွန်ဦးစီးဌာနရုံးတွင် ပြသ၍ စာချုပ်ချုပ်ဆိုရန် တံဆိပ်ခေါင်းများ ထုတ်ယူရပါမည်။ (မေတ္တာဖြင့် ပေးကမ်းခြင်းဖြစ်ပါက ဝင်ငွေခွန် ပေးဆာင်ရန်မလိုပါ။) (မိမိဝယ်ယူ/ရယူသည့် အိမ်ခြံမြေတည်ရှိရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင် သတ်မှတ်စံနှုန်းများအား ကြော်ငြာသင်ပုန်းတွင် ဖော်ပြထားပါသည်။ ရပ်ကွက်အလိုက်၊ လမ်းအလိုက်စံနှုန်းများ၊ အဆောက်အအုံပါရှိခြင်းအတွက် အဆောက်အအုံအမျိုးအစားအလိုက် သတ်မှတ်စံနှုန်းများ ( တစ်ပေလျှင် မည်မျှကုန်ကျမည့် တွက်ချက်သည့် PAE နှုန်း) တို့ကို ဖတ်ရှုပြီး တွက်ချက်နိုင်ပါသည်။) -အိမ်ခြံမြေကို ဝယ်ယူ/ရယူသူများအနေဖြင့် ဝင်ငွေခွန်ဥပဒေပုဒ်မ ၅၃အရ ဝင်ငွေခွန်တောင်းခံလွှာပုံစံ ပတခ (ဝင) - ၈ နှင့်အတူ မြန်မာ့စီးပွားရေးဘဏ်တွင် ပေးဆောင်ပြီးသည့် ကျသင့်ဝင်ငွေခွန်နှင့် တံဆိပ်ခေါင်းခွန်ချလန်ဖြတ်ပိုင်းမူရင်းများ၊ တံဆိပ်ခေါင်းခွန် အပြည့်အဝ ကပ်နှိပ်ထမ်းဆောင်ထားသည့် စာချုပ်စာတမ်းမူရင်းများနှင့်တကွ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မြို့နယ်များဖြစ်ပါက စာချုပ်စာတမ်းများမှတ်ပုံတင်ရုံးသို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာ နယ်နိမိတ်ပြင်ပရှိ မြို့နယ်များ၊ နေပြည်တော်ကောင်စီနယ်မြေနှင့် ကျန်တိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိမြို့နယ်များဖြစ်ပါက မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူးရုံးများသို့ သွားရောက်မှတ်ပုံတင်ရမည် ဖြစ်ပါသည်။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ ပါမစ်(PERMIT) ဖြင့်ချထားပေးသော မြေကွက်ကို ဝယ်ရာတွင် သတိပြုသင့်သောကိစ္စရပ်များ ဂရန်မြေကို အရပ်စာချုပ်ဖြင့် ၀ယ်ယူလျှင် ပိုင်ဆိုင်မှုခိုင်မာသလား မြေပေးမိန့် (သို့) ပါမစ်မြေများနှင့်ပတ်သက်၍ သိထားသင့်သည်များ မြေအဆင့်ဆင့်လွှဲပြောင်းစာချုပ်၊ ရွာမြေဆိုပြီး အရောင်းအဝယ်ဖြစ်နေတဲ့ မြေကိစ္စ ဥပဒေနဲ့ ညီမညီ Credit By: Myanmar Builder Guide Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties