By Myanmar Builders Guide, Shweproperty.com
Updated at 22 April 2019
ရန်ကုန်တိုင်းအတွင်းက ကျူးကျော်ကိစ္စကိုဖြေရှင်းတဲ့အနေနဲ့ အမှန်တကယ်နေထိုင်စရာမရှိသူတွေဟာ ချေးငွေရယူပြီး အိမ်ခန်းပိုင်ဆိုင်ခွင့်ရဖို့ စီစဉ်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။ရန်ကုန်တိုင်းအစိုးရအနေနဲ့ စက်မှုဇုန်တွေကို အဆင့်မြှင့်တင်ဖို့ကြိုးစားနေပြီး
တစ်ဆက်တည်းမှာပဲ ဒီစက်မှုဇုန်တွေထဲက ကျူးကျော်နေထိုင်သူတွေ၊လမ်းဘေးက ကျူးကျော်ကိစ္စတွေကို လည်းဖြေရှင်းဖို့ ကြိုးစားသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
စီးပွားဖြစ်မဟုတ်တဲ့ အမှန်တကယ်နေစရာမရှိတဲ့ ကျူးကျော်တွေကြားမှာ ချေးငွေစနစ်တစ်ခုကိုဖန်တီးဖို့ စီစဉ်ထားပြီးလို့ ပြောပါတယ်။ ကျူးကျော် မိသားစုဝင်တွေကြားမှာ ဝိုင်းကြီးချုပ်စနစ်နဲ့ ချေးငွေပေးပြီး နေစရာဆောက်လုပ်နိုင်အောင် ဖြစ်တယ်လို့ ပြောပါတယ်။ အစိုးရကတော့ မြေစိုက်မှာဖြစ်ပေမယ့် လက်လွှဲရောင်းချနိုင်မှာမဟုတ်သလို မြေပိုင်ဆိုင်မှုရှိမှာ မဟုတ်ဘူးလို့ သိရပါတယ်။ ရန်ကုန်တိုင်းဝန်ကြီးချုပ်ကတော့ ဒီအစီအစဉ်ကို အခုလအတွင်း စတင်အကောင်အထည်ဖော်မှာဖြစ်တယ်လို့ ပြောပါတယ်။
ရန်ကုန်တိုင်းအစိုးရအဖွဲ့က ကောက်ယူထားတဲ့ စာရင်းတွေအရ ရန်ကုန်မှာ အမှန်တကယ်နေစရာမရှိလို့ ကျူးကျော် နေထိုင်သူ အိမ်ထောင်စုတစ်သိန်းခွဲလောက်ရှိနေတယ်လို့ သိရပါတယ်။ အများစုက ဧရာဝတီ၊ မကွေး၊ ပဲခူးနဲ့ ရခိုင်ဘက်က ရွှေ့ပြောင်းလာတဲ့လုပ်သားတွေနဲ့ နာဂစ်ကြောင့် ရောက်ရှိလာသူတွေဖြစ်တယ်လို့ ဝန်ကြီးချုပ်ကပြောပါတယ်။ ဒီလူတွေကို နေစရာဖန်တီးပေးဖို့ အစိုးရက မြေစိုက်ရင်တောင် ရင်းနှီးမြှုပ်နှံနိုင်သူရှားနေတယ်လို့ သိရပါတယ်။ အဓိကကတော့ အနည်းဆုံး(၁၅)နှစ်အထက် နှစ်ရှည် ရင်းနှီးမြှုပ်နှံရမှာ ဖြစ်တာကြောင့် ပြည်တွင်းလုပ်ငန်းရှင်တွေထဲက မြှုပ်နှံမယ့်သူမရှိဘဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို ရှာဖွေနေရတယ်လို့ ပြောပါတယ်။
တိုင်းအစိုးရကတော့ ရန်ကုန်ရဲ့ကျူးကျော်ပြဿနာကိုဖြေရှင်းဖို့ ဒီလူတွေကို တစ်လကျပ်ခုနှစ်သောင်း၊ ရှစ်သောင်းဝန်းကျင်နဲ့ နှစ်ရှည်အရစ်ကျဆပ်ပြီး အိမ်ခန်းပိုင်ဆိုင်နိုင်ဖို့ ကြိုးစားနေတာဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ရန်ကုန်တိုင်းမှာ နှစ်စဉ်အိမ်ခန်းပေါင်း တစ်သိန်းဖန်တီးနိုင်ဖို့ လိုအပ်နေပြီး ဒီလို ငါးနှစ်ဝန်းကျင် ဆောင်ရွက်နိုင်ပါက ကျူးကျော်နေထိုင်သူတွေကင်းဝေးနိုင်တယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်(ADB)ကသုံးသပ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောပါတယ်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties