By 7daydaily, Shweproperty.com
Updated at 5 July 2016
ရပ်ဆိုင်းခံထားရသည့် အထပ်မြင့်အဆောက်အအုံ ၁၄၁ လုံးအနက် စစ်ဆေးမှုပြီးစီးခဲ့သည့် အထပ်မြင့်အဆောက်အအုံ ၁၂ လုံး၏ စစ်ဆေးမှုရလဒ်ကို ရက် ပိုင်းအတွင်း ထုတ်ပြန်မည်ဖြစ် ကြောင်း သတင်းရရှိသည်။
‘‘၁၂ လုံးကို စစ်တာတောင် နှစ်ပတ်ကြာတယ်။ ၁၄၀ ကျော် တောင် စစ်ရမှာဆိုတော့ ကြာရင် ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ ဒေဝါလီခံရတော့ မယ်’’ဟု မြတ် မင်းဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးထက်မြက်အောင်က ဆိုသည်။
ယခုစစ်ဆေးခဲ့သည့် အဆောက်အအုံ ၁၂ လုံးသည် စာရွက်စာတမ်းအချက်အလက်စစ် ဆေးမှုနှင့် မြေပြင်ကွင်း ဆင်းစစ်ဆေးမှုကို တိုင်းဒေသကြီးအစိုးရ အဖွဲ့က ကော်မတီဖွဲ့ စစ်ဆေးခြင်းဖြစ်သည်။
ပြင်ပတွင် ထွက်ပေါ်နေ သော သတင်းများအရ အဆိုပါ ၁၂ လုံးတွင် ပုံစံဒီဇိုင်းများအားလုံး နီးပါး ပြင်ဆင်ရမည်ဆိုသည့် အချက်များပါဝင် လာနိုင်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များ က ခန့်မှန်းပြောကြားနေသည်။
ဆောက်လုပ်ရေးလုပ်ငန်း များ ရပ်ဆိုင်းခြင်းခံထားရသဖြင့် လုပ်ငန်းရှင်များ ချေးထားသည့် ဘဏ်ချေးငွေသည် ပေးဆပ်ရန် အ ခက်အခဲရှိလာပြီး အိမ်ခြံမြေဈေး ကွက်ကျဆင်းနေချိန်တွင် အကျပ်အတည်းများနှင့် ရင်ဆိုင်နေရပြီဖြစ်ကာ ဆောက်လုပ်ရေးကုမ္ပဏီအချို့ကလည်း ဝန်ထမ်းနှင့် လုပ်သား လျှော့ချမှုများရှိလာကြောင်း သတင်းရရှိသည်။
Ref : 7daydaily
Photo Credit : kipperport
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties