By The Voice, Shweproperty.com
Updated at 7 January 2018
တန်ဖိုးနည်းတိုက်ခန်း ဝယ်ယူမည့်သူများအတွက် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) တွင် တိုက်ခန်းတန်ဖိုး၏ ၂၀ ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ် သိန်း၂၀ စုထားပါက ဝယ်ယူရန် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရသည်။
(CHDB) ဘဏ်နှင့်ချိတ်ဆက်ကာ တန်ဖိုးနည်းတိုက်ခန်း ဝယ်ယူမည်ဆိုပါက တိုက်ခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းကို ကနဦးပေးချေရပြီး ယခုလကုန်တွင် ရောင်းချမည့် တန်ဖိုးနည်းတိုက်ခန်းများကို ဝယ်ယူလိုလျှင် တိုက်ခန်းတန်ဖိုး၏ ၂၀ ရာခိုင်နှုန်းသာ ပေးသွင်းရတော့မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှာ အိမ်ရာဝယ်ဖို့ ငွေစုဆောင်းထားတာ ကျပ်သိန်း ၂၀ ပြည့်မီတာနဲ့ အခုလကုန်မှာရောင်းမယ့် တန်ဖိုးနည်းတိုက်ခန်းတွေကို ဝယ်ယူဖို့ လျှောက်ထားလို့ရပြီ။ တိုက်ခန်းတန်ဖိုး ၂၀ ရာခိုင်နှုန်းပြည့်မီသူတွေကို မဲနှိုက်ပြီး တိုက်ခန်းတွေကို ရောင်းချပေးသွားမယ်”ဟု ၎င်းကဆိုသည်။
လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ပန်းအိမ်ရာ၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ ယုဇနအပိုင်း (၁)၊ (၂) တို့မှ တည်ဆောက်ပြီးစီးခဲ့သည့် တန်ဖိုးနည်းတိုက်ခန်းများကို ယခုလကုန်တွင် ရောင်းချပေးမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။
ယခုအခါ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်နှင့် ချိတ်ဆက်ကာ ကျပ်သိန်း ၁၀၀ တန် တိုက်ခန်းဝယ်ယူမည်ဆိုပါက ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် တိုက်ခန်းတန်ဖိုး၏ ၂၀ ရာခိုင်နှုန်းကို ကနဦး ပေးချေရမည်ဖြစ်ပြီး ကျန်ငွေကို ၈ နှစ်မှ ၁၀ နှစ်အထိ အရစ်ကျ ငွေပေးချေစနစ်ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) ထံမှ သိရသည်။
“အရင်က တန်ဖိုးနည်းတိုက်ခန်းဝယ်ယူဖို့ CHDB ဘဏ်မှာ စုထားတာ ကျပ်သိန်း ၃၀ ပြည့်မှ ဝယ်ယူနိုင်တာပါ။ အခုလိုဆို ကျပ်သိန်း ၂၀ ပြည့်တာနဲ့ ဝယ်ယူခွင့်ရမယ်ဆိုတော့ ညီမတို့လို ဝန်ထမ်းတွေအတွက် တိုက်ခန်းတစ်ခန်း ပိုင်ဆိုင်ဖို့ လက်လှမ်းမီတဲ့ အခြေအနေလေးဖြစ်သွားပါပြီ”ဟု ကုမ္ပဏီဝန်ထမ်းဖြစ်သူ ဒေါ်သင်ဇာက ဆိုသည်။
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) အနေနှင့် ယခုလက်ရှိ ရန်ကုန်တိုင်းဒေသကြီးတွင် ဘဏ်ခွဲလေးခု၊ မန္တလေးတိုင်း၊ နေပြည်တော်၊ မော်လမြိုင်နှင့် ပုသိမ်မြို့တွင် ဘဏ်ခွဲတစ်ခုစီ စုစုပေါင်း ဘဏ်ခွဲရှစ်ခုထိ ဖွင့်လှစ်ထားသည်။
Ref : The Voice
Photo Credit : မောင်မောင်
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties