By Yangon Media Group, Shweproperty.com
Updated at 3 August 2016
ရန်ကုန်တိုင်း ဒေသကြီးအတွင်း တည်ဆောက်ပြီးစီးသည့် တန်ဖိုးနည်းအိမ်ရာအခန်း ၂၂ဝဝကျော်ကို ယခုလအတွင်းရောင်းချ မည်ဖြစ်ကြောင်းမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။ လှိုင်သာယာမြို့နယ် ရှိ ရွှေလင်ဗန်းတန်ဖိုးနည်းအိမ်ရာ၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့ နယ်ရှိ ကနောင်တန်ဖိုးနည်းအိမ်ရာနှင့်ယုဇနအပိုင်း(၁)တို့မှ တန်ဖိုးနည်းအိမ်ရာစုစုပေါင်း၂၂ဝ၈ခန်းကို ယခုလအတွင်းရောင်းချနိုင်ရန်စီ စဉ်နေခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းအိမ်ရာများကိုရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ ပူး ပေါင်း၍ရောင်းချပေးနိုင်ရန် စီစဉ် နေခြင်းဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦး မင်းအောင်အေးက သြဂုတ်၁ရက်နေ့က ဒီမိုကရေစီတူဒေး သတင်းစာသို့ ပြောသည်။ ''မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုလွှဲပေးဖို့ပဲကျန်တော့တယ်။ ရက်တစ်ရာစီမံချက်အတွင်း ရောင်း ချ ပေးနိုင်ဖို့စီစဉ်ထားပေမယ့် မပြီးပြတ်တဲ့အတွက် အခုလအတွင်းအပြီးရောင်း ချပေးနိုင်ဖို့စီစဉ်သွားမယ်''ဟု ၎င်းက ပြောသည်။
အဆိုပါ တန်ဖိုးနည်းအိမ်ရာများကို မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ လှည့်ပတ်ရန်ပုံငွေဖြင့် ဦးစီးဌာနပိုင်မြေများပေါ်တွင် တည် ဆောက်နေခြင်းဖြစ်ပြီး မြေညီထပ်တစ်ခန်းကို ကျပ်သိန်း ၁၂ဝ ဝန်း ကျင်ဖြင့် ရောင်း ချနိုင်ရန်စီစဉ်ထားကြောင်း ကျန်အထပ်များကို ကျပ်သိန်း၁၂ဝအောက် ဈေးများဖြင့် ရောင်းချပေးသွားမည်ဟုသိရသည်။ ယင်းနှင့်ပတ်သက်ပြီးမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦး မင်းအောင် အေးက ''ရက် ၁ဝဝ အတွင်းမှာ ဆောက်လုပ်မယ်ဆိုရင်လည်း မပြီး နိုင်တဲ့အတွက် တည်ဆောက်ပြီးစီး ပြီးရောင်းပေးလို့ရနိုင်မယ့် အခန်း တွေကိုစုစည်းပြီး ရောင်းချပေးဖို့ စီစဉ်တာဖြစ်ပါတယ်။ အခုရောင်းတာမှာအိမ်ရာတွေရှိတဲ့နားမှာ ကလေးကစား ကွင်းတို့လိုမျိုးတွေလည်း ထည့်သွင်းပေးထားပါတယ်''ဟုပြောသည်။ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ လွှဲပြောင်းပေးအပ်မှု များ ဆောင်ရွက်ပြီးပါက တန်ဖိုးနည်းအိမ်ရာ ဝယ်ယူလိုသူများအနေဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးထံမှ လျှောက်လွှာများ ဝယ်ယူလျှောက်ထားမှုများကိုဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရသည်။
''တန်ဖိုးနည်းအိမ်ရာလို့ဆိုပေမယ့် သိန်းတစ်ရာ၊ သိန်းတစ်ရာ ကျော်ဆိုတာ အခြေခံလက်လုပ်လက် စားတွေအတွက်ကတော့ တန်ဖိုးနည်းလို့ mမခေါ်နိုင်ပါဘူး။ သွားလျှောက် ထားမိလို့မဲပေါက်ရင်တောင် ငွေပေး ချေ ဖို့အဆင်မပြေနိုင်လို့ ဒီထက်တန်ဖိုးနည်းအိမ်ရာမျိုးတွေ ဖော်ဆောင် ပေးစေလိုပါတယ်။ ဒါနဲ့အတူအငှား အိမ်ရာလိုမျိုးတွေကိုလည်း အခြေခံလူတန်းစားတွေ နေထိုင်နိုင်ဖို့အတွက် တာဝန်ရှိသူတွေအနေနဲ့ပို မို ဖော်ဆောင်ပေးစေချင်ပါတယ်''တောင်ဥက္ကလာပမြို့နယ် (၁၃)ရပ် ကွက်တွင်အိမ်ငှားနေထိုင်သူ ဒေါ် သက်ထားကပြောသည်။ အဆိုပါ တန်ဖိုးနည်းအိမ်ရာများကို ရောင်းချပေးရာတွင်လက် ငင်းငွေပေးချေသည့်စနစ် ရှိသကဲ့ သို့ လေးလအတွင်း လေးရစ်ခွဲကာ အရစ်ကျစနစ်ဖြင့် ရောင်းချသည့် စနစ်ဖြင့်လည်း ရောင်းချမည်ဖြစ်ပြီး တိုက်ခန်းတန်ဖိုး၏ ရာခိုင်နှုန်း ၃ဝကိုကနဦးပေးချေကာ ကျန်ရာ ခိုင်နှုန်း ၇ဝ ကို ဆောက်လုပ်ရေး နှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှချေး ငွေရယူကာ ယင်းဘဏ်သို့အရစ်ကျ ပြန်လည်ပေးသွင်းသည့် စနစ်ဖြင့် ရောင်းချပေးသွား မည်ဖြစ်ကြောင်း သိရသည်။
Ref : Yangon Media Group
Photo Credit : Social
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties