By Aye Sandar, Shweproperty.com
Updated at 16 February 2021
လူ့ဘဝရဲ့ သုံးပုံ တစ်ပုံသည် အိပ်စက်ခြင်းဖြင့် ကုန်ဆုံးရလေသည်။ အဆိုပါအိပ်စက်အနားယူစဉ်နေ့စဉ်နှင့်အမျှ ထိတွေ့နေရသော အိပ်ယာခင်းများတွင် လူ့ခန္ဓာကိုယ်ရဲ့ ချွေးများ၊ အညစ်အကြေးများ ကပ်တွယ်နေမည်မှာလည်း အသေအချာပင်ဖြစ်သည်။ ထို့ကြောင့်တစ်ကိုယ်ရည်သန့်ရှင်းရေးသည် အရေးကြီးသကဲ့သို့ မိမိတို့နေ့စဉ်နဲ့အမျှ ထိတွေ့နေရသော အသုံးအဆောင်များ၊ အရာဝတ္ထုများကိုလည်း သန့်ရှင်းသပ်ရပ်နေဖို့ရာ စနစ်တကျထိန်းသိမ်းသင့်ပေသည်။ အထူးသဖြင့် ညစဉ်ထိတွေ့နေရသော အိပ်ယာခင်းများ၊ စောင်နဲ့ ခေါင်းအုံးစွပ်များကို နေလှန်းခြင်း၊ အနည်းဆုံးနှစ်ပတ်တစ်ကြိမ်လျှော်ဖွတ်ပေးခြင်းများ မပျက်မကွက်ပြုလုပ်ဖို့ရာ အရေးကြီးပေသည်။မည်မျှအရေးကြီးကြောင်းကို ဖြစ်ရပ်မှန်တစ်ခုနှင့် ဗဟုသုတရစေရန်ဝေမျှပေးသွားပါမည်။ ဖြစ်စဉ်မှာ လူနာတစ်ဦးတွင် သွေးအဖြေတွင်လည်း ဘာမှ ထူးထူးခြားမတွေ့ရှိသော်လည်း နောက်တစ်ရက် အကြာမှာပဲ ချောင်းဆိုးရာတွင် သွေးခဲများ ပါလာတာကို တွေ့ခဲ့ရပါတယ်။ အဲဒီအခါမှာတော့ ရောဂါကို သေသေချာချာ စစ်ဆေးမှုတွေ လုပ်ခဲ့ရပြီး ရောဂါရဲ့ အဖြေကတော့ “အဆုတ်ကို မှိုစွဲ” တဲ့ ရောဂါ ဖြစ် တယ်လို့ အဖြေ ထွက်ခဲ့ပါတယ်။ အဆိုပါ မှိုဟာ ဘယ်နေရာကနေ လူကို ကူးစက်ခဲ့သလဲ ဆိုတာကို ထပ်မံ စမ်းသပ်လိုက်တဲ့ အခါမှာတော့ မိမိတို့နဲ့ အနီးဆုံး ပတ်ဝန်းကျင်မှာ ရှိနိုင်ပြီး အထူးသဖြင့် ကျွန်တော်တို့ အိပ်တဲ့အခါ အုံးတဲ့ ခေါင်းအုံးမှာ ပိုလို့ ရှိနိုင်ကြောင်းကို တွေ့ရှိလိုက်ရတယ်။ ၎င်းမှိုတွေဟာ အသက်ရှု လမ်းကြောင်းကနေ တစ်ဆင့် အဆုတ်ဆီကို ဝင်ရောက်နိုင်ဖို့ အရမ်းလွယ်ကူပြီး၊ နေထိုင်မကောင်းသူ အုံးထားတဲ့ ခေါင်းအုံးကို အသုံးပြု မိပါကလည်း အဖျား ဗိုင်းရပ်စ်နဲ့ အခြား ကူးစက်ရောဂါတွေ ကူးစက်နိုင်ချေ ပိုရှိသည်ဟု ဆိုထားသည်။ သို့ဖြစ်ပါ၍ မိမိ တစ်ကိုယ်ရေအသုံးပြုတဲ့ ခေါင်းအုံးတွေကို တစ်ပတ်လျှင် အနည်းဆုံး တစ်ကြိမ် လောက် လျှော်ဖွပ် သန့်စင်ပေးသင့်ပြီး ထိုသို့မပြုလုပ်ပေးနိုင်ပါက မကြာခဏဆိုသလို နေရောင် ကောင်းကောင်းရဲ့ အောက်မှာ လှန်းပေးသင့် ပါတယ်။ နေရောင်ဟာ မှိုနဲ့ အခြားပိုးမွှားများကို နှိမ်နင်းနိုင်ပြီး ဗိုင်းရပ်စ်ကိုလည်း သေစေနိုင်တဲ့အစွမ်း ရှိသည်။ သင်ကိုယ်တိုင်ရော၊ သင့်မိသားစုတစ်ကိုယ်ရည်ကျန်းမာသန့်ရှင်းစေဖို့ရာ သိထားသင့်သည့်များကို စာဖတ်သူတို့ အကျိုးကျေးဇူးတစ်စုံတစ်ရာရစေရန် မျှဝေလိုက်ရပါသည်။ ဖတ်ရှမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ အိမ်တွင်းသန့်ရှင်းသပ်ရပ်မှုသည် ကျန်းမာရေးအတွက် ပဓာနကျပုံ သင့်ရဲ့ အိပ်ယာမျက်နှာမူပုံနဲ့ ကျန်းမာရေးဆက်စပ်နေပုံ ကလေးငယ်များနှင့် အိမ်မွေးတိရစ္ဆာန်များကို ဘေးဥပါဒ်ဖြစ်စေသော အိမ်စိုက်အပင်များ အဲကွန်းနဲ့အိပ်တဲ့ အတွက်ဘာတွေဖြစ်နိုင်မလဲ အိမ်မှာ အဲကွန်းဖွင့်ထားမှ အိပ်တတ်သူတွေ ဖတ်ကြည့်နော် Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties