By Sint Sint, Shweproperty.com
Updated at 1 December 2020
Unicode
တိုင်းပြည်၏ လျှပ်စစ်ဓာတ်အားများ သယ်ယူပို့ပေးနိုင်ရန်အတွက် တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်သော ၅၀၀ ကေဗွီ ပြည်ထောင်စုမဟာဓာတ်အားလိုင်း (Union Grid) အသစ်များ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် တည်ဆောက်သွားမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။
နှစ်စဉ်တိုးတက် လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် စွမ်းအင် အရင်းအမြစ်အမျိုးမျိုး အသုံးပြု၍ လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လုပ်ပေးနိုင်ရန် ဆောင်ရွက်နေပြီး အဆိုပါ ထုတ်လုပ်ပြီး လျှပ်စစ်ဓာတ်အားများကို သယ်ပို့ပေးနိုင်ရန် တစ်နိုင်ငံလုံးကို လွှမ်းခြုံနိုင်သော ၅၀၀ ကေဗွီ ပြည် ထောင်စု မဟာဓာတ်အားလိုင်း (Union Grid) အသစ်များဖြစ်သည့် Eastern Grid ၊Western Grid ၊ Southern Grid ၊ Northern Grid စသည်တို့ကို စီမံဆောင်ရွက်နေသည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဆိုသည်။
လက်ရှိတွင် ဝန်အားပြည့်နေသော ၂၃၀ ကေဗွီအေ ဓာတ်အားလိုင်းများ အထောက်အကူဖြစ်စေရန်နှင့် တိုးတက် သုံးစွဲလာမည့် ပြည်သူများအား ဆက်လက်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များ တွင် ၅၀၀ ကေဗွီ ပြည်ထောင်စု မဟာဓာတ်အားလိုင်းအသစ်များကို တည်ဆောက် နေခြင်းဖြစ်သည်။
မန္တလေးတိုင်းဒေသကြီးတွင် ၅၀၀ ကေဗွီ မိတ္ထီလာ-တောင်ငူ ဓာတ်အားလိုင်း (Union Grid) ၁၄၆ မိုင်နှင့် ဓာတ်အားခွဲရုံစီမံကိန်း၊ ၂၃၀ ကေဗွီ အထက်ရဲရွာ-ရွှေစာရံ ဓာတ်အားလိုင်း ၇၆ ဒသမ ၇ မိုင်နှင့် ဓာတ်အားခွဲရုံ စီမံကိန်း၊ပဲခူးတိုင်းဒေသကြီးတွင် ၅၀၀ ကေဗွီ ဘုရားကြီး – လှိုင်သာယာဓာတ်အားလိုင်း (Union Grid) ၆၀ မိုင်နှင့် ဓာတ်အား ခွဲရုံ စီမံကိန်းနှင့် ၅၀၀ ကေဗွီ တောင်ငူ – ဘုရားကြီးဓာတ်အားလိုင်း ၁၁၇ မိုင် စီမံကိန်းတို့ တည်ဆောက်နေသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၃၀ ကေဗွီ ညောင်ပင်ကြီးခွဲရုံတိုးချ့ဲ့ခြင်းနှင့် ဂန့်ဂေါ ခွဲရုံစီမံကိန်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၂၃၀ ကေဗွီ မော်လမြိုင်-ရေး-ထားဝယ် ဓာတ်အားလိုင်း ၁၈၀ မိုင်နှင့် ဓာတ်အား ခွဲရုံစီမံကိန်း၊ကရင်ပြည်နယ်တွင် ၂၃၀ ကေဗွီ ဘားအံ- သထုံ-မော်လမြိုင် ဓာတ်အားလိုင်း ၈.၄ မိုင်နှင့် ဓာတ်အား ခွဲရုံ စီမံကိန်း၊ ရှမ်းပြည်နယ်တွင် ၁၃၂ ကေဗွီ အထက်ကျိုင်းတောင်း-နမ့်စန် ဓာတ်အားလိုင်း ၃၇ မိုင်၊ ၆၆ ကေဗွီ မူဆယ်-နမ့်ဖက်ကာ ဓာတ်အားလိုင်း ၃၂.၇ မိုင်နှင့် ဓာတ်အားခွဲရုံစီမံကိန်းတို့ကို တည်ဆောက်နေသည်။
အဆိုပါ ဓာတ်အားလိုင်း တည်ဆောက်ရေးစီမံကိန်းများသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း တည်ဆောက် သွားမည့် စီမံကိန်းများ ဖြစ်သည်။ယင်းစီမံကိန်းများ အချိန်မီအကောင် အထည်ဖော် တည်ဆောက်ရန်နှင့် စီမံကိန်းလုပ်ငန်းများ သတ်မှတ် ကာလအတွင်း အချိန်မီ ပြီးစီးရေးနှင့် စံချိန်စံညွှန်းအတိုင်း ဖြစ်စေရေး အလေးထား၍ ကြီးကြပ်ကွပ်ကဲဆောင်ရွက်သွားရန် လိုအပ်သည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဆိုသည်။ထို့ပြင် ပြည်ထောင်စုမဟာဓာတ်အားလိုင်း (Union Grid) အသစ်များတည်ဆောက်မှုအနက် ၅၀၀ ကေဗွီ မိတ္ထီလာ-တောင်ငူ – ဘုရားကြီး ပြည်ထောင်စုမဟာဓာတ်အားလိုင်း စီမံကိန်းသည် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အတွင်း ပြီးစီးမည်ဟု ဝန်ကြီးဌာနက ဆိုသည်။
ဓာတ်အားစနစ်မှ ဓာတ်အား စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရန်အတွက် ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန်မှုရှိစေရေး ကြိုတင်စစ်ဆေး ထိန်းသိမ်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ဓာတ်အား စနစ်တည်ငြိမ်စွာ ဖြန့်ဖြူးပေးနိုင်ရေးနှင့် ယခင် Transmission Losses ၄ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခု ၃ ရာခိုင်နှုန်းထိ ကျဆင်းအောင် ဆောင်ရွက်နိုင်ခဲ့ရာ ကီလိုဝပ်နာရီသန်းပေါင်း ၂၀၀ ပိုမို ပို့လွှတ် နိုင်သဖြင့် ဖြန့်ဖြူးရေးပိုင်းတွင် ဓာတ်အားလေလွင့် ဆုံးရှုံးမှုများနေသည့်အပေါ် လျှော့ချရေး တို့ကို ကြိုးပမ်းဆောင်ရွက်သွား ကြရန်လိုအပ်သည်ဟု ၎င်းက ဆိုသည်။
အဆိုပါ ၅၀၀ ကေဗွီ ဓာတ်အားလိုင်းများပြီးစီးသွားပါက လက်ရှိရံဖန်ရံခါ ဖြစ်တတ်သည့် System Breakdown ဖြစ်ခြင်းများကိုလည်း ကာကွယ်နိုင်မည်ဖြစ်ပြီး ဓာတ်အား စနစ်ကို ထိန်းသိမ်းကွပ်ကဲနိုင်ရေးအတွက် National Control Center (NCC) ဒေသအလိုက် ဓာတ်အားထိန်းညှိကွပ်ကဲရေးဌာန Regional Control Center (RCC) အဖြစ် မန္တလေးနှင့် အခြားသင့်လျော်သော နေရာများတွင် ဆောင်ရွက်ရန် လျာထားစီမံ ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
ထို့ပြင် ဓာတ်အားစနစ်အတွင်း Automation ရရှိနိုင်ရေးအတွက် SCADA System Network တိုးချဲ့တည် ဆောက်နိုင်ရန် ဓာတ်အားလိုင်းများတွင် ဝါယာကြိုးများ အစားထိုး လဲလှယ်တပ်ဆင်နေမှုကိုပိုမိုတိုးတက်မြန်ဆန်ရန်နှင့် Smart Grid အဖြစ် ဖော်ဆောင်ရေး ၊ လိုင်းတစ်လိုင်းအပြစ် ဖြစ်ပွားချိန်တွင် အခြားလိုင်းတစ်လိုင်းက ပြန်လည် ဓာတ်အားပေးနိုင်ရန်အတွက် Single Circuit မှ Double Circuit ဓာတ်အားလိုင်းများ ဖြစ်အောင် တည်ဆောက်ခြင်းနှင့် ဓာတ်အားစနစ် ပိုမို ကောင်းမွန်စေ၍ ယုံကြည် စိတ်ချရသော စနစ်နှင့် ဓာတ်အားစနစ် တည်ငြိမ်စေရေးအတွက် Radial System အပြင် Ring System များ အသုံးပြုနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အဆိုပါ စနစ်များနှင့်အတူ ဓာတ်အားထုတ်လုပ်မှု၊ ဓာတ်အား ဖြန့်ဖြူးမှုများကိုလည်း ဟန်ချက်ညီညီတိုးတက်ပြီး စီးအောင် ဆောင်ရွက်သွားကြရန် လိုအပ်သည်ဟု ဦးဝင်းခိုင်က ပြောသည်။
နှစ်စဉ် တိုးတက်သုံးစွဲလာသော လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အားထုတ် လုပ်ရေးလုပ်ငန်းများ၌ ကွပ်ကဲမှုလွယ်ကူ စေရန် ဇုန် ၄ ခုကို သတ်မှတ်၍ စီစဉ်ဆောင်ရွက်လျက်ရှိရာ မန္တလေး ဓာတ်အားပေး စက်ရုံစု၊ နေပြည်တော်ဓာတ်အားပေးစက်ရုံစု၊ မကွေးဓာတ်အားပေးစက်ရုံစု ၊ ရန်ကုန်စီမံကိန်းများ ဆောင်ရွက်လျက်ရှိပြီး COVID ထိန်းသိမ်းမှုကာလအတွင်း တိုင်းပြည်စီးပွားရေးပြန်လည်ဦးမော့လာရေးကို အထောက်အကူဖြစ်စေရန် နှင့် တဖက်တွင်လည်း မိမိတို့၏ လျှပ်စစ်မီးရရှိမှု အပေါ်မူတည်၍ နိုင်ငံတကာမှ ရင်းနှီးမြှပ်နှံမှုများ ပိုမိုတိုးတက်လာရန်အတွက် စီမံကိန်းများကို သတ်မှတ်လျာထားချက်အပြီး ဆောင်ရွက်နေသည်ဟု ၎င်းက ဆိုသည်။
နောက်ဆုံးရ သတင်းများ
ခွင့်ပြုချက်ဘောင် ကျော်လွန်ဆောက်လုပ်ထားသည့် အဆောက်အအုံတိုက်ခန်းကို ဝယ်မိလျှင်
ကာကွယ်ဆေးဝယ်ဖို့ ကမ္ဘာ့ဘဏ်က မြန်မာကို ဒေါ်လာသန်း (၆၀) ထောက်ပံ့မယ်
ပင်လယ်ကမ်းခြေတွေကို ဆက်သွယ်ပေးမယ့် ဒေါ်လာ (၉၄) သန်းတန် ကမ်းရိုးတန်းလမ်း စီမံကိန်းကြီး
Zawgyi
တိုင္းျပည္၏ လွ်ပ္စစ္ဓာတ္အားမ်ား သယ္ယူပို႔ေပးႏိုင္ရန္အတြက္ တစ္ႏိုင္ငံလုံး လႊမ္းၿခဳံႏိုင္ေသာ ၅၀၀ ေကဗြီ ျပည္ေထာင္စုမဟာဓာတ္အားလိုင္း (Union Grid) အသစ္မ်ား ၂၀၂၀-၂၀၂၁ ဘ႑ာႏွစ္တြင္ တည္ေဆာက္သြားမည္ဟု လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာန၊ျပည္ေထာင္စုဝန္ႀကီး ဦးဝင္းခိုင္က ေျပာသည္။
ႏွစ္စဥ္တိုးတက္ လိုအပ္လ်က္ရွိေသာ လွ်ပ္စစ္ဓာတ္အား လိုအပ္ခ်က္ကို ျဖည့္ဆည္းေပးႏိုင္ရန္အတြက္ စြမ္းအင္ အရင္းအျမစ္အမ်ိဳးမ်ိဳး အသုံးျပဳ၍ လွ်ပ္စစ္ဓာတ္အား တိုးျမႇင့္ထုတ္လုပ္ေပးႏိုင္ရန္ ေဆာင္႐ြက္ေနၿပီး အဆိုပါ ထုတ္လုပ္ၿပီး လွ်ပ္စစ္ဓာတ္အားမ်ားကို သယ္ပို႔ေပးႏိုင္ရန္ တစ္ႏိုင္ငံလုံးကို လႊမ္းၿခဳံႏိုင္ေသာ ၅၀၀ ေကဗြီ ျပည္ ေထာင္စု မဟာဓာတ္အားလိုင္း (Union Grid) အသစ္မ်ားျဖစ္သည့္ Eastern Grid ၊Western Grid ၊ Southern Grid ၊ Northern Grid စသည္တို႔ကို စီမံေဆာင္႐ြက္ေနသည္ဟု လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနက ဆိုသည္။
လက္ရွိတြင္ ဝန္အားျပည့္ေနေသာ ၂၃၀ ေကဗြီေအ ဓာတ္အားလိုင္းမ်ား အေထာက္အကူျဖစ္ေစရန္ႏွင့္ တိုးတက္ သုံးစြဲလာမည့္ ျပည္သူမ်ားအား ဆက္လက္ဓာတ္အား ျဖန႔္ျဖဴးေပးႏိုင္ရန္အတြက္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ား တြင္ ၅၀၀ ေကဗြီ ျပည္ေထာင္စု မဟာဓာတ္အားလိုင္းအသစ္မ်ားကို တည္ေဆာက္ ေနျခင္းျဖစ္သည္။
မႏၲေလးတိုင္းေဒသႀကီးတြင္ ၅၀၀ ေကဗြီ မိတၳီလာ-ေတာင္ငူ ဓာတ္အားလိုင္း (Union Grid) ၁၄၆ မိုင္ႏွင့္ ဓာတ္အားခြဲ႐ုံစီမံကိန္း၊ ၂၃၀ ေကဗြီ အထက္ရဲ႐ြာ-ေ႐ႊစာရံ ဓာတ္အားလိုင္း ၇၆ ဒသမ ၇ မိုင္ႏွင့္ ဓာတ္အားခြဲ႐ုံ စီမံကိန္း၊ပဲခူးတိုင္းေဒသႀကီးတြင္ ၅၀၀ ေကဗြီ ဘုရားႀကီး – လႈိင္သာယာဓာတ္အားလိုင္း (Union Grid) ၆၀ မိုင္ႏွင့္ ဓာတ္အား ခြဲ႐ုံ စီမံကိန္းႏွင့္ ၅၀၀ ေကဗြီ ေတာင္ငူ – ဘုရားႀကီးဓာတ္အားလိုင္း ၁၁၇ မိုင္ စီမံကိန္းတို႔ တည္ေဆာက္ေနသည္။
အလားတူ စစ္ကိုင္းတိုင္းေဒသႀကီးတြင္ ၂၃၀ ေကဗြီ ေညာင္ပင္ႀကီးခြဲ႐ုံတိုးခ်႕ဲ့ျခင္းႏွင့္ ဂန႔္ေဂါ ခြဲ႐ုံစီမံကိန္း၊ တနသၤာရီတိုင္းေဒသႀကီးတြင္ ၂၃၀ ေကဗြီ ေမာ္လၿမိဳင္-ေရး-ထားဝယ္ ဓာတ္အားလိုင္း ၁၈၀ မိုင္ႏွင့္ ဓာတ္အား ခြဲ႐ုံစီမံကိန္း၊ကရင္ျပည္နယ္တြင္ ၂၃၀ ေကဗြီ ဘားအံ- သထုံ-ေမာ္လၿမိဳင္ ဓာတ္အားလိုင္း ၈.၄ မိုင္ႏွင့္ ဓာတ္အား ခြဲ႐ုံ စီမံကိန္း၊ ရွမ္းျပည္နယ္တြင္ ၁၃၂ ေကဗြီ အထက္က်ိဳင္းေတာင္း-နမ့္စန္ ဓာတ္အားလိုင္း ၃၇ မိုင္၊ ၆၆ ေကဗြီ မူဆယ္-နမ့္ဖက္ကာ ဓာတ္အားလိုင္း ၃၂.၇ မိုင္ႏွင့္ ဓာတ္အားခြဲ႐ုံစီမံကိန္းတို႔ကို တည္ေဆာက္ေနသည္။
အဆိုပါ ဓာတ္အားလိုင္း တည္ေဆာက္ေရးစီမံကိန္းမ်ားသည္ ၂၀၂၀-၂၀၂၁ ဘ႑ာႏွစ္အတြင္း တည္ေဆာက္ သြားမည့္ စီမံကိန္းမ်ား ျဖစ္သည္။ယင္းစီမံကိန္းမ်ား အခ်ိန္မီအေကာင္ အထည္ေဖာ္ တည္ေဆာက္ရန္ႏွင့္ စီမံကိန္းလုပ္ငန္းမ်ား သတ္မွတ္ ကာလအတြင္း အခ်ိန္မီ ၿပီးစီးေရးႏွင့္ စံခ်ိန္စံၫႊန္းအတိုင္း ျဖစ္ေစေရး အေလးထား၍ ႀကီးၾကပ္ကြပ္ကဲေဆာင္႐ြက္သြားရန္ လိုအပ္သည္ဟု လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။ထို႔ျပင္ ျပည္ေထာင္စုမဟာဓာတ္အားလိုင္း (Union Grid) အသစ္မ်ားတည္ေဆာက္မႈအနက္ ၅၀၀ ေကဗြီ မိတၳီလာ-ေတာင္ငူ – ဘုရားႀကီး ျပည္ေထာင္စုမဟာဓာတ္အားလိုင္း စီမံကိန္းသည္ ၂၀၂၁-၂၀၂၂ ဘ႑ာႏွစ္ အတြင္း ၿပီးစီးမည္ဟု ဝန္ႀကီးဌာနက ဆိုသည္။
ဓာတ္အားစနစ္မွ ဓာတ္အား စဥ္ဆက္မျပတ္ ျဖန႔္ျဖဴးေပးႏိုင္ရန္အတြက္ ဓာတ္အားခြဲ႐ုံႏွင့္ ဓာတ္အားလိုင္းမ်ား ႀကံ့ခိုင္ေကာင္းမြန္မႈရွိေစေရး ႀကိဳတင္စစ္ေဆး ထိန္းသိမ္းေဆာင္႐ြက္သြားၾကရန္ လိုအပ္ေၾကာင္း၊ ဓာတ္အား စနစ္တည္ၿငိမ္စြာ ျဖန႔္ျဖဴးေပးႏိုင္ေရးႏွင့္ ယခင္ Transmission Losses ၄ ရာခိုင္ႏႈန္းရွိခဲ့ရာမွ ယခု ၃ ရာခိုင္ႏႈန္းထိ က်ဆင္းေအာင္ ေဆာင္႐ြက္ႏိုင္ခဲ့ရာ ကီလိုဝပ္နာရီသန္းေပါင္း ၂၀၀ ပိုမို ပို႔လႊတ္ ႏိုင္သျဖင့္ ျဖန႔္ျဖဴးေရးပိုင္းတြင္ ဓာတ္အားေလလြင့္ ဆုံးရႈံးမႈမ်ားေနသည့္အေပၚ ေလွ်ာ့ခ်ေရး တို႔ကို ႀကိဳးပမ္းေဆာင္႐ြက္သြား ၾကရန္လိုအပ္သည္ဟု ၎က ဆိုသည္။
အဆိုပါ ၅၀၀ ေကဗြီ ဓာတ္အားလိုင္းမ်ားၿပီးစီးသြားပါက လက္ရွိရံဖန္ရံခါ ျဖစ္တတ္သည့္ System Breakdown ျဖစ္ျခင္းမ်ားကိုလည္း ကာကြယ္ႏိုင္မည္ျဖစ္ၿပီး ဓာတ္အား စနစ္ကို ထိန္းသိမ္းကြပ္ကဲႏိုင္ေရးအတြက္ National Control Center (NCC) ေဒသအလိုက္ ဓာတ္အားထိန္းညႇိကြပ္ကဲေရးဌာန Regional Control Center (RCC) အျဖစ္ မႏၲေလးႏွင့္ အျခားသင့္ေလ်ာ္ေသာ ေနရာမ်ားတြင္ ေဆာင္႐ြက္ရန္ လ်ာထားစီမံ ေဆာင္႐ြက္လ်က္ရွိေၾကာင္း လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာနမွ သိရသည္။
ထို႔ျပင္ ဓာတ္အားစနစ္အတြင္း Automation ရရွိႏိုင္ေရးအတြက္ SCADA System Network တိုးခ်ဲ႕တည္ ေဆာက္ႏိုင္ရန္ ဓာတ္အားလိုင္းမ်ားတြင္ ဝါယာႀကိဳးမ်ား အစားထိုး လဲလွယ္တပ္ဆင္ေနမႈကိုပိုမိုတိုးတက္ျမန္ဆန္ရန္ႏွင့္ Smart Grid အျဖစ္ ေဖာ္ေဆာင္ေရး ၊ လိုင္းတစ္လိုင္းအျပစ္ ျဖစ္ပြားခ်ိန္တြင္ အျခားလိုင္းတစ္လိုင္းက ျပန္လည္ ဓာတ္အားေပးႏိုင္ရန္အတြက္ Single Circuit မွ Double Circuit ဓာတ္အားလိုင္းမ်ား ျဖစ္ေအာင္ တည္ေဆာက္ျခင္းႏွင့္ ဓာတ္အားစနစ္ ပိုမို ေကာင္းမြန္ေစ၍ ယုံၾကည္ စိတ္ခ်ရေသာ စနစ္ႏွင့္ ဓာတ္အားစနစ္ တည္ၿငိမ္ေစေရးအတြက္ Radial System အျပင္ Ring System မ်ား အသုံးျပဳႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိရာ အဆိုပါ စနစ္မ်ားႏွင့္အတူ ဓာတ္အားထုတ္လုပ္မႈ၊ ဓာတ္အား ျဖန႔္ျဖဴးမႈမ်ားကိုလည္း ဟန္ခ်က္ညီညီတိုးတက္ၿပီး စီးေအာင္ ေဆာင္႐ြက္သြားၾကရန္ လိုအပ္သည္ဟု ဦးဝင္းခိုင္က ေျပာသည္။
ႏွစ္စဥ္ တိုးတက္သုံးစြဲလာေသာ လွ်ပ္စစ္ဓာတ္အားကို ျဖည့္ဆည္းေပးႏိုင္ေရးအတြက္ လွ်ပ္စစ္ဓာတ္အားထုတ္ လုပ္ေရးလုပ္ငန္းမ်ား၌ ကြပ္ကဲမႈလြယ္ကူ ေစရန္ ဇုန္ ၄ ခုကို သတ္မွတ္၍ စီစဥ္ေဆာင္႐ြက္လ်က္ရွိရာ မႏၲေလး ဓာတ္အားေပး စက္႐ုံစု၊ ေနျပည္ေတာ္ဓာတ္အားေပးစက္႐ုံစု၊ မေကြးဓာတ္အားေပးစက္႐ုံစု ၊ ရန္ကုန္စီမံကိန္းမ်ား ေဆာင္႐ြက္လ်က္ရွိၿပီး COVID ထိန္းသိမ္းမႈကာလအတြင္း တိုင္းျပည္စီးပြားေရးျပန္လည္ဦးေမာ့လာေရးကို အေထာက္အကူျဖစ္ေစရန္ ႏွင့္ တဖက္တြင္လည္း မိမိတို႔၏ လွ်ပ္စစ္မီးရရွိမႈ အေပၚမူတည္၍ ႏိုင္ငံတကာမွ ရင္းႏွီးျမႇပ္ႏွံမႈမ်ား ပိုမိုတိုးတက္လာရန္အတြက္ စီမံကိန္းမ်ားကို သတ္မွတ္လ်ာထားခ်က္အၿပီး ေဆာင္႐ြက္ေနသည္ဟု ၎က ဆိုသည္။
ေနာက္ဆုံးရ သတင္းမ်ား
ခြင့္ျပဳခ်က္ေဘာင္ ေက်ာ္လြန္ေဆာက္လုပ္ထားသည့္ အေဆာက္အအုံတိုက္ခန္းကို ဝယ္မိလွ်င္
ကာကြယ္ေဆးဝယ္ဖို႔ ကမာၻ႔ဘဏ္က ျမန္မာကို ေဒၚလာသန္း (၆၀) ေထာက္ပံ့မယ္
ပင္လယ္ကမ္းေျခေတြကို ဆက္သြယ္ေပးမယ့္ ေဒၚလာ (၉၄) သန္းတန္ ကမ္း႐ိုးတန္းလမ္း စီမံကိန္းႀကီး
Credit : Girnarionline
Posted By : Sint Sint (ShweProperty.com)
Property Sales Event
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties