By The Kumudra, Shweproperty.com
Updated at 31 October 2014
ခွင့်ပြုချက်မဲ့ အဆောက်အအုံတွေကို ဒဏ်ကြေးနဲ့ ပြန်လည်ဖျက်သိမ်းတဲ့အထိ အရေးယူတဲ့အပြင် လျှပ်စစ်မီးချမပေးတော့ဘူးလို့ သိရပါတယ်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေး နည်းဥပဒေထွက်ရှိပြီးတဲ့အခါ အဆောက်အအုံ ပြန်လည်ဖျက်သိမ်းတဲ့အထိ အရေးယူပြီး ခွင့်ပြုချက်မဲ့ အဆောက်အအုံ ဆောက်မှုကို ဒဏ်ကြေးတစ်ရက် ကျပ် ၁၀,၀၀၀နဲ့ အရေးယူခွင့်ပြုထားတယ်။ ခွင့်ပြုချက်မဲ့ ဆောက်လုပ်မှုတွေ များလာတဲ့အတွက် မြို့တော်စည်ပင်နဲ့ ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့တို့ကနေ လျှပ်စစ်မီးမပေးဘူးလို့ ထုတ်ပြန်လိုက်တာပါ။
“ခွင့်ပြုချက်မဲ့ ဆောက်တာများလာတယ်ဆိုတာ အဓိကက တရားဝင်ပေးသွင်းရမယ့် ငွေတွေ၊ ဆောက်လုပ်မှုမှာ အရည်အသွေးနဲ့ ပတ်သက်ပြီး သတ်မှတ်ချက်အတိုင်း မလုပ်ဆောင်ချင်ကြတာတွေ ကြောင့်ပဲ၊ ဒဏ်ကြေးပေးပြီး ဆောက်ကြတယ်ဆိုတာ ဆောက်ပြီးတာနဲ့ သူတို့တာဝန်ယူစရာမလိုတော့ဘူး၊ ကျန်တဲ့ဖြစ်သမျှ ပြဿနာမြေရှင်နဲ့ တိုက်ခန်းဝယ်သူတွေပဲ နစ်နာပြီး ဖြေရှင်းရတာ”လို့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးမောင်မောင်က ပြောပါတယ်။
တရားဝင်ဆောက်လုပ်ခွင့်ပြုချက်တင်တဲ့အခါမှာ ရန်ကုန်မြို့တော်စည်ပင်ကို လိုင်စင်ကြေး၊ လိုင်စင်အင်ဂျင်နီယာကြေး၊ အာမခံကြေး၊ ပုံစံစစ်ဆေးခ စတာတွေ တရားဝင်ပေးသွင်းရတယ်။ ဆောက်လုပ်တဲ့ အခါမှာလည်း သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေအတိုင်း ဆောက်လုပ်ရတာလို့ သိရပါတယ်။
ကန်ထရိုက်တိုက် ဆောက်လုပ်မှုတွေများလာပြီး အရစ်ကျစနစ်နဲ့ အဆောက်အအုံ မဆောက်ခင် ရောင်းချတာတွေကြောင့် အမှုအခင်း ပြဿ နာများလာပါတယ်။ တိုက်ခန်းဝယ်ယူမှုတွေနဲ့ပတ်သက်ပြီး ပြဿ နာအရှုပ်အရှင်းတွေ ဖြစ်လာတာက အရစ်ကျစနစ်နဲ့ ရောင်းချတဲ့ ကန်ထရိုက်တွေ အများဆုံးလို့လည်း သိရပါတယ်။
ကျောက်တံတားမြို့နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှ အင်ဂျင်နီယာ မဇင်မာက “အရစ်ကျစနစ်နဲ့ ရောင်းကြတာက လိမ်လည်ခံရတာတွေ ပိုဖြစ်လာတာ၊ မြေရှင်ကလဲဘာမှမသိ၊ ကန်ထရိုက်တာကို အကုန ်ကိုယ်စားလှယ်လွှဲပေးထားတယ်၊ တရားဝင်မဟုတ်တဲ့ ကန်ထရိုက်တွေကြောင့် တရားဝင်လုပ်နေတဲ့ ကန်ထရိုက်တွေပါ နာမည်ပျက်ရတယ်”လို့ ရှင်းပြပါတယ်။
Ref : The Kumudra
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties